ဖို ခန္ဓာအကြောင်းသိကောင်းစရာ
shutterstock_307335515-001
ဖို ခန္ဓာအကြောင်းသိကောင်းစရာ
လိင်ပိုင်းဆိုင်ရာ ခန္ဓာဗေဒနှင့် ပတ်သတ်ပြီး လူတိုင်းမှာ ကိုယ်စီ သိလိုတဲ့မေးခွန်းတွေရှိတတ်ကြပါတယ်။ များသောအားဖြင့် လူငယ်တွေက သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အကြောင်းရယ်၊ အဲဒီ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ဘယ်လို အလုပ်လုပ်တယ်ဆိုတာတွေရယ် နောက်ပြီး သူတို့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေက ပုံမှန်ဖြစ်ရဲ့လားဆိုပြီး စူးစမ်းသိလိုစိတ်တွေ ပိုပြီး ရှိတတ်ကြပါတယ်။ သင့်ရဲ့ မျိုးဆက်ပွား ကျန်းမာရေးစနစ်အကြောင်းအပြင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေ၊ သူတို့ရဲ့ လုပ်ငန်းတွေနဲ့ အခြား ကြုံတွေ့ရလေ့ရှိတဲ့ မျိုးပွားခြင်းဆိုင်ရာ ပြဿနာများအကြောင်း လေ့လာလိုပါက ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။
ဖို မျိုးပွားစနစ်အကြောင်း
male-internal-front
ဝှေးစေ့များ
အမျိုးသားတွေရဲ့လိင်ပိုင်းဆိုင်ရာဂလင်းဖြစ်တဲ့ဝှေးစေ့ဟာဘဲဥပုံစံအင်္ဂါနှစ်ခုဖြစ်ပြီးသုက်ကောင်နဲ့တက်စ်တိုစတီရုန်းတွေထုတ်ပေးပါတယ်။ ဝှေးစေ့တခုစီရဲ့အထဲမှာသုက်စုပြွန်လို့ခေါ်တဲ့တစ်ကီိလိုမီတာလောက်ရှိတဲ့ပြွန်ရှိပြီးတော့သုက်ကောင်တွေထုတ်ပေးပါတယ်။ဝှေးစေ့တခုစီဟာ၂၄နာရီတိုင်းမှာသုက်ကောင်သန်းပေါင်း၁၅ဝနီးပါးထုတ်ပေးပါတယ်။
ဝှေးညှာ
ဝှေးညှာဆိုတာ သုက်စုပြွန်အရွယ်ရောက်ရင့်လာတဲ့အခါ သုက်ကောင်ထုတ်ပေးတဲ့နေရာဖြစ်ပါတယ်။ သုက်ကောင်တွေဟာ သုက်ရည်အပြင်စွန့်ထုတ်ချိန် (သို့မဟုတ်) နော့တာနယ်အီမစ်ရှင်း၊စိုစွတ်သောအိပ်မက်လို့ ခေါ်တဲ့ညဘက်အိပ်ပျော်နေစဉ် သုက်ရည်စွန့်ထုတ်တဲ့အချိန်ထိ ဝှေးညှာထဲမှာ စောင့်ဆိုင်းရပါတယ်။
သုက်ပို့ပြွန်
သုက်ပို့ပြွန်ဆိုတာ ဝှေးညှာမှ သုက်လှောင်အိတ်ဆီ သွားတဲ့ပြွန်တွေဖြစ်ပါတယ်။ သေးငယ်ပြီး ကြွက်သားထူတဲ့ပြွန်ဖြစ်ပြီး အမျိုးသားတွေ သားကြောဖြတ်တဲ့ အခါဖြတ်တောက် ရပါတယ်။
သုက်လှောင်အိတ်
သုက်လှောင်ဂလင်းတွေဟာ ထူထဲပြီး ချွဲကျိကျိ အရည်သုက်ရည်ကို ထုတ်ပေးပြီးသုက်ရည်တွေဟာ သုက်ရည်စွန့်ထုတ်တဲ့အခါ ယောက်ျားလိင်တံမှာ သုက်ကောင်တွေကို လှုပ်ရှားစေပြီး ကာကွယ်ပေး ပါတယ်။
ဆီးကျိတ်
ဆီးကျိတ်ဟာ သုက်ရည်ဖြစ်အောင်လုပ်ပေးတဲ့ အရည်ထုတ်ပေးပါတယ်။ဆီးကျိတ်ဟာ ဆီးအိတ်ကိုသွားတဲ့ လမ်းကြောင်းကို ပိတ်ပြီးညှစ်ပေးတဲ့ အပြင်သုက်ရည်နဲ့ ဆီးရောနေတာကိုကာကွယ်ပေးပြီး သုက်ကောင်တွေကို အနှောင့်ယှက်ဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။
ကော်ပါကာဗာနိုစာ (Corpa Cavernosa )
ကော်ပါကာဗာနိုစာ (Corpa Cavernosa ) ဆိုတာ ယောက်ျားလိင်တံရဲ့ တဖက်စီမှာရှိတဲ့ ထောင်မတ်စေတဲ့တစ်သျှူးတွေ ပါဝင်တဲ့ရေမြှုပ်ပုံစံ ၂ ခုဖြစ်ပြီး ယောက်ျားလိင်တံထဲမှာ ရှိတဲ့သွေးကြောတွေမှ သွေးတွေကိုဖြည့်ပေးပါတာကြောင့် ယောက်ျားလိင်တံမာတောင့် ခြင်းကိုဖြစ်စေပါတယ်။
သုက်ရည်စွန့်ထုတ်ပြွန်များ
သုက်ရည်စွန့်ထုတ်ပြွန်ဆိုတာ သုက်ရည်စွန့်ထုတ်တဲ့ အချိန်အတောအတွင်း သုက်လှောင်ဂလင်း တလျှောက်သုက်ရည်သွား တဲ့လမ်းကြောင်း ဖြစ်ပါတယ်။
ကောင်းပါးဂလင်းများ (Cowper’s Glands)
ကောင်းပါးဂလင်းများ (Cowper’s Glands) ကကာမဆန္ဒအမြင့်ဆုံးရောက်ရှိချိန် ထက်စောပြီး သုက်ရည်မတိုင်ခင် ထွက်လာတဲ့ အရည်ပမာဏအနည်းငယ်ကို စစ်ထုတ်ပေးပါတယ်။ဒီအရည်က ဆီးလိင်ပြွန်အတွင်းထဲမှာ အက်စစ်ဂုဏ်သတ္တိကို ပျက်ပြယ်စေပြီး လိင်မဆက်ဆံခင် ယောက်ျားလိင်တံကို ချောဆီထည့်သလိုမျိုး ဖြစ်စေပါတယ်။
Close
untitled-1-1
ယောက်ျားလိင်တံ
ယောက်ျားလိင်တံကို အစိတ်အပိုင်း ၂ ခုဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး အတံကိုယ်ထည်ပိုင်း (အဓိကအစိတ်အပိုင်း) ၊ကွမ်းသီးခေါင်း (ထိပ်ဖျား၊ တခါတရံခေါင်းပိုင်းလို့ ခေါ်ပါတယ်။) တို့ဖြစ်ပါတယ်။ သုက်ရည်နဲ့ ဆီးတွေဟာ ယောက်ျားလိင်တံမှ စီးဆင်းထွက်ကျလာပါတယ်။
ယောက်ျားတန်ဆာထိပ်ဖုံး အရေပြား
လိင်တံခေါင်းပိုင်းကို ဖုံးအုပ်ထားတဲ့အရေပြားဖြစ်ပါတယ်။ နာဗ့်အာရုံကြောများနဲ့ ပြည့်ဝနေပါတယ်။ ယောက်ျားလိင်တံမာတောင့်နေစဉ်အတောအတွင်းလိင်တံအဆုံးဘက်မှာရှိတဲ့အရေပြားကပြန်လိပ်တက်လာပါတယ်။ယောက်ျားလေးတွေရဲ့တန်ဆာထိပ်ဖုံးအရေပြားဖယ်ထုတ်ခြင်းကိုရွှေပန်းဖြတ်ခြင်းလို့ခေါ်ပြီးလိင်တံရဲ့အသွင်အပြင်ကိုပြောင်းလဲပေးပါတယ်။ရွှေပန်းမဖြတ်ထားတဲ့အမျိုးသားတွေအတွက်ယောက်ျားလိင်တံရဲ့တန်ဆာထိပ်ဖုံးအရေပြားအောက်ခြေကိုပုံမှန်သန့်ရှင်းရေးလုပ်ဖို့အရေးကြီးပါတယ်။
ဆီးလိင်ပြွန်
လိင်တံထိပ်ဖျားမှာရှိတဲ့ အပေါက်လေးကသုက်ရည်နဲ့ ဆီးနှစ်ခုစလုံးသွားနိုင်တဲ့ လမ်းကြောင်းအဖြစ် လုပ်ဆောင်ပေးပါတယ်။
ကပ်ပယ်အိတ်
ကပ်ပယ်အိတ်ဆိုတာ လိင်တံနောက်နဲ့အောက်မှာ တွဲလောင်းကျနေတဲ့အိတ်ဖြစ်ပါပြီး ဝှေးစေ့နဲ့ဝှေးညှာပါဝင်ပါတယ်။ ကပ်ပယ်အိတ်ရဲ့ ပထမလုပ်ဆောင်ချက်က ခန္ဓာကိုယ်တခုလုံးထက် အနည်းငယ်ပိုအေးတဲ့ အပူချိန်ဖြစ်တဲ့ပျမ်းမျှ ၃၄ ဒီဂရီစင်တီဂရိတ်မှာ ဝှေးစေ့တွေကို ထိန်းသိမ်းပေးပြီး ထိရောက်မှုအရှိဆုံးနဲ့ ဝှေးစေ့မှသုက်ကောင်တွေကို ထုတ်လုပ်ပေးဖို့ဖြစ်ပါတယ်။ အေးရင်ကပ်ပယ်အိတ်က ဝှေးစေ့တွေကို ခန္ဓာကိုယ်နဲ့ အနီးဆုံးကိုဆွဲပြီး ပူရင်ခန္ဓာကိုယ်မှ ပိုနိမ့်တဲ့နေရာကို ရောက်သွားပါတယ်။
Close
လူပျိုဖော်ဝင်ချိန်
လူပျိုဖော်ဝင်ချိန်ဆိုတာ လူငယ်တွေမှာကြီးမားတဲ့ပြောင်းလဲမှုနဲ့ ဖွံ့ဖြိုးကြီးထွားမှုအချိန်ဖြစ်ပါတယ်။ ဒီပြောင်းလဲမှုအားလုံးကချက်ချင်းမဖြစ်ပေါ်ပေမဲ့လပေါင်းများစွာမှနှစ်ပေါင်းများစွာကြာအောင်ပြောင်းလဲမှုတွေဖြစ်ပေါ်ပါတယ်။ လူပျိုဖော်၊အပျိုဖော်ဝင်ချိန်ဆိုတာလူတယောက်ဟာကလေးဘဝမှလူကြီးဘဝသို့စကူးပြောင်းတဲ့အချိန်ဖြစ်ပါတယ်။ အမျိုးသားငယ်အများစုမှာဒီပြောင်းလဲမှုကိုအသက်၉နှစ်ကနေ၁၄နှစ်ကြားစတင်ကြုံတွေ့ရပါတယ်။
သင့်ခန္ဓာကိုယ်ပြောင်းလဲမှုများ
ပထမဆုံးခန္ဓာကိုယ်ပြောင်းလဲမှုကတော့သင့်ဝှေးစေ့ကြီးထွားလာတာဖြစ်ပါတယ်။ဒီကြီးထွားမှုကိုသတိမထားမိပေမဲ့သင့်ခန္ဓာကိုယ်ဟာလူပျိုဖော်စဝင်တာကိုပြပေးတဲ့ပထမသင်္ကေတဖြစ်ပါတယ်။ဦးနှောက်ရဲ့အထူးသီးသန့်အစိတ်အပိုင်းမှထွက်တဲ့ဟော်မုန်းတွေဟာဝှေးစေ့တွေကိုပိုမိုကြီးထွားလာစေပါတယ်။ကပ်ပယ်အိတ်အရေပြားကပိုပါးလာပြီးဝှေးစေ့တွေကအောက်ကိုတွဲကျလာပါတယ်။နောက်ပိုင်းယောက်ျားလိင်တံအောက်ခြေနဲ့ကပ်ပယ်အိတ်တဝိုက်မှာဆီးခုံမွှေးတွေထွက်လာပါတယ်။ယောက်ျားလိင်တံလည်းပိုပိုကြီးလာပါတယ်။
အဲဒီ့အတောအတွင်းသင့်ခန္ဓာကိုယ်တခုလုံးကသူ့ဘာသာပြောင်းလဲမှုတွေဖြစ်ပေါ်နေပါတယ်။လက်မောင်းအောက်မှာအမွှေးမျှင်တွေစထွက်လာပါတယ်။နောက်ပိုင်းမျက်နှာ၊လက်မောင်း၊ခြေထောက်နဲ့ရင်အုပ်တွေမှာအမွှေးမျှင်တွေထွက်လာပါတယ်။ခန္ဓာကိုယ်ကအရပ်အမောင်းပိုမိုမြင့်လာပြီးကြွက်သားတွေနဲ့ပိုမိုတောင့်တင်းလာပါတယ်။အရိုးတွေကြီးထွားမှုနဲ့အတူကြွက်သားတွေဆွဲဆန့်ရတာကြောင့်လက်မောင်းနဲ့ခြေထောက်မှာနာကျင်မှုကိုခံစားရပါတယ်။သင့်အသံကလည်းပိုသြလာပါတယ်။အဲဒီလိုဖြစ်တာနဲ့သင့်အသံအက်ကွဲကြောင်းဖြစ်တာကိုသတိထားမိမှာပါ။ဒါပေမဲ့အကြာကြီးမဖြစ်ပါဘူး။
သင့်နို့သီးခေါင်းအောက်မှာဖူးရောင်တာနဲ့နူးညံတာနေတာကိုသတိထားမိမှာပါ။အချို့ယောက်ျားလေးတွေမှာသူတို့ရင်သားတွေစတင်ကြီးထွားလာတာနဲ့ပတ်သက်ပြီးတခုခုမှားနေလားဆိုတာစိုးရိမ်ကြပါတယ်။လူပျိုဖော်ဝင်ချိန်အတောအတွင်းထုတ်လွှတ်ပေးတဲ့ဟော်မုန်းတွေကြောင့်ဖူးရောင်တာဖြစ်ပေါ်လာတာပါ။အချိန်ကြာလာတာနဲ့ဖူးရောင်တာပျောက်ကွယ်သွားပါတယ်။တနှစ်အတွင်းမှာဖူးရောင်တာမပျောက်ရင်(သို့မဟုတ်)သင်စိုးရိမ်ပူပန်နေရင်ဆရာဝန်နဲ့သွားရောက်ပြသသင့်ပါတယ်။
ခန္ဓာကိုယ်အနံ့အသက်
အားကစားလုပ်ပြီးချိန်နဲ့တရက်တာပြီးဆုံးချိန်မှာသင့်ခန္ဓာကိုယ်ကနေကွဲပြားတဲ့အနံ့အသက်တွေထွက်လာတာကိုသတိထားမိမှာပါ။ဒါကလူပျိုဖော်ဝင်ချိန်ဖြစ်လေ့ရှိတဲ့လက္ခဏာတွေထဲကတခုဖြစ်ပြီးဒါကပုံမှန်ပါပဲ။ဒီလိုဖြစ်ပြီဆိုနေ့တိုင်းရေချိုးပြီးအနံ့အသက်ပျောက်ဆေး၊ချွေးနံ့ပျောက်ဆေးတွေအသုံးပြုပါ။
ဝက်ခြံ
ဝက်ခြံပေါက်တာကလူပျိုဖော်ဝင်ချိန်အတောအတွင်းဖြစ်လေ့ရှိပါတယ်။အရေပြားအဆီများပြီးသင့်အရေပြားအပေါက်ငယ်အတွင်းမှာကြီးထွားလာတဲ့ဘက်တီးရီးယားတွေကြောင့်ဝက်ခြံဖြစ်ပေါ်လာပါတယ်။ကျန်းမာရေးကောင်းပြီးဆေးဝါးနဲ့ဆိုဝက်ခြံကိုထိန်းချုပ်နိုင်ပါတယ်။သင့်မျက်နှာကိုပွတ်တိုက်ဆေးကြောတာကဝက်ခြံကိုပိုမိုဆိုးရွားစေပါတယ်။
စိတ်ပြောင်းလဲမှုများ
ယောက်ျားလေးအများစုမှာလူပျိုဖော်ဝင်ချိန်အတွင်းစိတ်ခံစားမှုအတက်အကျအများကြီးရှိပါတယ်။ဝမ်းနည်းတာ၊စိတ်ဆိုးတာတွေဖြစ်ပြီးဘာကြောင့်ဖြစ်လဲဆိုတာတော့မသိကြပါဘူး။တခဏအတွင်းဆိုးရွားလာပြီးနောက်တော့ပျော်လာတယ်။တခြားကလေးတွေကသင့်အကြောင်းနဲ့ပတ်သက်ပြီးဘာတွေစဉ်းစားနေမလဲဆိုတာစိုးရိမ်ပူပန်ကြပါတယ်။မိဘတွေနဲ့အရင်လိုနီးနီးကပ်ကပ်မနေချင်တော့သလိုခံစားရတယ်။ဒီခံစားချက်တွေကလူပျိုဖော်ဝင်ချိန်ရဲ့ပုံမှန်အစိတ်အပိုင်းဖြစ်ပြီးဆယ်ကျော်သက်အရွယ်မှာဖြစ်လေ့ရှိပါတယ်။၂ပတ်ထက်ပိုပြီးဝမ်းနည်းရင်၊ဒေါသထွက်ရင်၊စိတ်ကျရင်(သို့မဟုတ်)ကျောင်းသွားတာမျိုးနေ့စဉ်လုပ်ရတဲ့အလုပ်တွေမှာဒုက္ခဖြစ်ရင်သင်ဘယ်လိုခံစားရလဲဆိုတာလူကြီးတယောက်နဲ့ပြောဆိုတိုင်ပင်ပါ။ကောင်းမွန်တဲ့ရွေးချယ်မှုအချို့ကတော့သင်ယုံကြည်ရတဲ့မိဘတွေ၊ဆရာ၊ဆရာမ(သို့မဟုတ်)ဆရာဝန်တွေပါပဲ။
Close