နှစ်ကိုယ်တူဆက်ဆံရေး ဖတ်စရာ

ကျွန်မတို့ကို မေးမြန်းနိုင်ပါတယ်

အမေးအဖြေများအဘို့သင့်အမျိုးအစားကိုရွေးချယ်ပါ

လိင်ဆက်ဆံဖို့ အဆင်သင့်ဖြစ်တယ်ဆိုတာက တစ်ယောက်နဲ့တစ်ယောက်မတူညီနိုင်ဘဲ မိမိအဖော်နဲ့မိမိ နှစ်ဦးစလုံး စိတ်တူကိုယ်တူမဖြစ်တဲ့အခါမျိုးမှာ အရာရာဟာ ရှုပ်ထွေးသွားတတ်ပါတယ်။ မည်သို့ပင်ဖြစ်စေ မိမိအဖော် နဲ့ မိမိ နှစ်ဦးစလုံး လိင်မဆက်ဆံခင် အားလုံး အဆင်သင့်ဖြစ်ဖို့ လိုအပ်ပါတယ်။ သင့်အဖော်က အဆင်သင့်ဖြစ်နေပြီး လိင်ဆက်ဆံချင်စိတ်ရှိတာကို ဆိုလိုတာလည်း ဖြစ်ပါတယ်။ဒါပေမယ့် သင့်အဖော်ရဲ့လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ လိုအပ်တယ်လို့လည်း မဆိုလိုပါဘူး။

နှစ်ဦးစလုံး အဆင်သင့်ဖြစ်နေတာကို ဘယ်လိုသိနိုင်လဲ။ သင့်ကို ပျော်ရွှင်အောင် ၊ဘေးကင်းစိတ်ချအောင်၊ သက်သောင့်သက်သာဖြစ်အောင် လုပ်ပေးတဲ့ ကျန်းမာသုခနဲ့ ပြည့်စုံတဲ့ ဆက်ဆံရေးတွေရှိနေပြီဆိုရင်တော့ ဒါတွေက လိင်ဆက်ဆံဖို့ စတင်လို့ ကောင်းတဲ့အရာတွေပါပဲ။ သင်တို့ နှစ်ဦးစလုံး လိင်အကြောင်း ပြောဆိုဖို့ သက်သောင့်သက်သာ ဖြစ်အောင်လုပ်ပါ။ လိင်အကြောင်း ပြောဆိုတဲ့အခါ သင်သက်သောင့်သက်သာ မဖြစ်သေးရင် လိင်စတင်ဆက်ဆံဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ သင်ရဲ့ ပထမဆုံးအချိန်က ကိုးရိုးကားရား ရှက်ကိုးရှက်ကန်း နဲ့ မအီမသာဖြစ်တတ်ပါတယ်။ ဒါကြောင့် သင့်အဖော်နဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ အရေးကြီးပြီး ဒီခံစားချက်တွေကို တစ်ယောက်တည်း ဖြေရှင်းဖို့ မလိုပါဘူး။

Source: http://www.teensource.org/relationships/romance

Close

သင်နဲ့သင့်အဖော် ကြားမှာအရာရာဟာ လက်ပွန်းတတီး ပိုပြီးရင်းနှီးကျွမ်းဝင်တဲ့အခါ သင်တို့နှစ်ယောက်စလုံး စိတ်တူကိုယ်တူဖြစ်အောင် စတင်ပြောဆိုဖို့ကောင်းပါတယ်။သင်နဲ့သင့်အဖော် နှစ်ယောက်စလုံး လိင်အကြောင်း စတင်ပြောဆိုတဲ့အခါ အကူအညီဖြစ်စေတဲ့ တချို့နည်းလမ်းတွေကို အောက်မှာ ဖော်ပြထားပါတယ်။

  • ဘယ်အရာက သင့်ကို ကြောက်အောင်လုပ်တာ၊ဘယ်အရာက သင့်ကို စိတ်လှုပ်ရှားစေတာ၊သင် ဘာကို မျှော်လင့်လဲဆိုတာ ပြောဆိုပါ။လိင်နဲ့ ပတ်သက်တဲ့ သင့်အဖော်ရဲ့ အတွေးအမြင်နဲ့ စိတ်ခံစားချက်ကို နားထောင်ပါ။
  • သင် ဘာလုပ်ချင်တယ်၊ ဘာမလုပ်ချင်ဘူးလဲ ဆိုတာ သင့်အဖော်နဲ့ ပြောဆိုပါ။ လိင်လို့ဆိုရင် မိန်းမကိုယ်လမ်းကြောင်းကနေ လိင်ဆက်ဆံတာ မပါဝင်ဘဲ လက်ပွန်းတတီး ထိတွေ့ခြင်း၊ နမ်းခြင်း၊ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းတို့ ပါဝင်ပါတယ်။ သင် ဘယ်လို လိင်ဆက်ဆံရေးမျိုး လိုချင်လဲဆိုတာ ဆုံးဖြတ်ဖို့က သင့်ရဲ့ရွေးချယ်မှုပါပဲ။
  • လိင်ဆက်ဆံရာက တဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးနဲ့ ကိုယ်ဝန်ဆောင်တာကနေ သင့် ကိုယ်သင် ဘယ်လို ကာကွယ်မလဲ ဆိုတာ ဆွေးနွေးပါ။
  • သင်တို့ နှစ်ယောက်စလုံး (သို့) တယောက်ယောက်က အရင်က လိင်ဆက်ဆံတဲ့အဖော်တွေရှိခဲ့ရင် လိင်ဆက်ဆံရာက တဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေကို စစ်ဆေးဖို့ ဆေးခန်းသွားတာက ကောင်းပါတယ်။သင်လိင်ဆက်ဆံခဲ့ဖူးရင်တောင်မှ သင်အဆင်သင့် ဖြစ်နေပြီလို့ မဆိုလိုပါဘူး။ သင့်အနေနဲ့ သက်သောင့်သက်သာ မဖြစ်ရင် နိုး လို့ပြောဖို့ အဆင်ပြေပြီး လိင်ဆက်ဆံတဲ့ အချိန်အတောအတွင်းမှာလည်း သင့်အဖော်က သင့်ဆုံးဖြတ်ချက်ကို လေးစားပါစေ။ တဖက်မှာ သင့်အဖော်က လိင်ဆက်ဆံတာနဲ့ ပတ်သက်ပြီး သူတို့စိတ်ပြောင်းသွားရင် သူတို့ ဆုံးဖြတ်ချက်ကိုလည်း လေးစားပါ။ ထုတ်ဖော်ပြောဆိုပါ။ လူအနည်းစုက ပထမအကြိမ် ကြိုးပမ်းမှုမှာ လိင်ဆက်ဆံမှု အခွင့်အရေး မရကြပါဘူး။သူတို့ ဘာကြိုက်လဲဆိုတာ ထုတ်ဖော်ဖို့ နှစ်နဲ့ချီပြီး ကြာတတ်ပါတယ်။ သင်ဆက်လက် လုပ်ဆောင်တာဖြစ်ဖြစ် မလုပ်တာဖြစ်ဖြစ် အရေးကြီးဆုံး အရာက သင်နဲ့သင့်အဖော် နှစ်ဦးစလုံး ဘေးကင်းစိတ်ချပြီး သက်သောင့်သက်သာဖြစ်ဖို့ပါပဲ။

Source: http://www.teensource.org/relationships/romance

Close

သင်က လိင်မှုကိစ္စလုပ်နေမယ် ဒါမှမဟုတ် လိင်ဆက်ဆံဖို့ စဉ်းစားနေတဲ့အခါ သန္ဓေတားသားဆက်ခြားနည်းလမ်းကို သိထားဖို့လိုအပ်ပြီး ဒီနည်းတွေကို ဘယ်လိုစနစ်ကျကျ သုံးမလဲဆိုတာကို သိထားဖို့အလွန်အရေးကြီးပါတယ်။ မတူတဲ့ သန္ဓေတားနည်းလမ်းနဲ့ စပ်လျဉ်းပြီး မပြည့်စုံတဲ့  သတင်းအချက်အလက်တွေကြောင့် မိမိတို့နှစ်ဦးစလုံးရဲ့ မျှော်လင့်ချက်တွေကို ရှင်းလင်းတိကျစွာ သိထားဖို့ အလွန်အရေးကြီးပါတယ်။

ဥပမာအားဖြင့် ကွန်ဒုံးတွေက အရွယ်အစားမျိုးစုံနဲ့ လုပ်ထားတဲ့ပစ္စည်းကို မသိဘဲ ကွန်ဒုံးတွေက သက်သောင့်သက်သာမဖြစ်ဘူးလို့ အမျိုးသားတွေက ယူဆကြတယ်။ အမျိုးသမီးတွေကလည်း အမြဲတမ်းပြဿနာမဖြစ်ပေမယ့် တားဆေးသောက်တာက အလေးချိန်တိုးလာမှာကို ကြောက်ရွံ့ကြတယ်။ သန္ဓေတားနည်းလမ်းအပိုင်း ကိုလေ့လာစစ်ဆေးပြီး သင့်အနီးနားမှာရှိတဲ့ ဆေးခန်းက ဆရာဝန်နဲ့ တိုင်ပင်ပြောဆိုပါ။

လိုအပ်တဲ့သတင်းအချက်အလက်တွေ စုဆောင်းပြီးနောက် သင်ကြိုးပမ်းဖို့ စိတ်ဝင်စားတဲ့ နည်းလမ်းကို ဆွေးနွေးပြီး သင်နဲ့သင့်အဖော် သန္ဓေတားနည်းလမ်းတွေဖြစ်တဲ့ ကြေးနီ IUD နဲ့ ကွန်ဒုံးကို အသုံးပြုသင့်လားဆိုတာ ဆွေးနွေးတိုင်ပင်ပါ။

သင်ရွေးချယ်တဲ့ သန္ဓေတားနည်းဖြစ်ပေမယ့် လိင်ဆက်ဆံရာကတဆင့်ကူးစက်နိုင်တဲ့ရောဂါပိုးတွေကနေ ကာကွယ်ဖို့ (အထူးသဖြင့် သင်တို့ နှစ်ယောက်စလုံး မစစ်ဆေးထားရင် (သို့) သင့်အဖော် ကျန်းမာရေး အခြေအနေကို မသိရင်  ကွန်ဒုံးကို အမြဲတမ်း အသုံးပြုပါ။

လိင်ဆက်ဆံမှုဆိုတာ ကြီးမားတဲ့အဆင့်တစ်ရပ်ဖြစ်ပြီး သန္ဓေတားနည်းလမ်းတစ်ခုခုကို အသုံးပြုဖို့က အလွန်အရေးကြီးပါတယ်။ သင့်အဖော်က ဘေးကင်းစိတ်ချရတဲ့ သန္ဓေတားနည်းလမ်းကို ပြောချင်စိတ်မရှိသေးဘူးဆိုရင်တော့ ဒါက လိင်ဆက်ဆံဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့ လက္ခဏာတစ်ရပ်လို့ ဆိုရမှာပါ။

Source:http://www.teensource.org/relationships/romance

Close

လမ်းခွဲပြတ်စဲပြီးနောက် ဖြတ်ကျော်ရှေ့ဆက်သွားတာက အမြဲမလွယ်ကူပါဘူး။ ဆက်ဆံရေးတစ်ခုကို ဖြတ်တောက်တဲ့နေရာမှာ အချိန်နဲ့သည်းခံမှုတွေ လိုအပ်တယ်ဆိုပေမယ့် ဒီစိတ်ခံစားမှုကို ဖြတ်ကျော်နိုင်တယ်ဆိုတာ သေချာပါတယ်။ သင့်အတွက် နည်းလမ်းတချို့ကို ဖော်ပြထားပါတယ်။

၁။ ရည်းစားဟောင်းနဲ့ အဆက်အသွယ် မလုပ်ပါနဲ့။ ဖုန်းခေါ်တာ၊ မက်ဆေ့ခ်ျပို့တာတွေ၊ Facebook နဲ့လူမှုဆက်ဆံရေးကွန်ရက်မှာ ဆက်သွယ်တာမျိုးတွေမလုပ်ပါနဲ့။ ထာဝရ ပြောဆိုဆက်ဆံတာကို ရပ်တန့်စရာမလိုပေမယ့် အပြန်အလှန်ကူးလူးဆက်သွယ်တာ အားလုံး ဖြတ်တောက်ပစ်ဖို့ အရေးကြီးပါတယ်။

၂။ သင့်ကိုယ်သင်အာရုံထားပါ။ သင့်ရဲ့ အခန်းကို သန့်ရှင်းရေးလုပ်ခြင်း၊ ရှုပ်ပွနေတာတွေကို ရှင်းလင်းခြင်း၊ အခန်းကို ပြန်လည် အလှဆင်ခြင်းနဲ့ အပြောင်းအလဲလုပ်ခြင်းဖြင့် သင့်ရဲ့ကိုယ်ပိုင်နေရာကို စုစည်းပါ။ သင့်ရဲ့ ကိုယ်ပိုင်နေရာကို ရှင်းလင်းတဲ့အခါမှာလည်း သင့်ရဲ့ အတိတ်ဆက်ဆံရေးကို သတိရစေတဲ့ အရာတွေ ဖယ်ရှားပစ်တာမျိုး၊ သေတ္တာပုံးထဲထည့်ပြီး သော့ခတ်ထားတာမျိုး၊ သင့်မြင်ကွင်းကနေ ဝေးတဲ့ နေရာမှာထားတာမျိုးတွေလုပ်ပါ။

၃။ နာကျင်ဝမ်းနည်းပူဆွေးတာ ၊ စိတ်ဆိုးဒေါသထွက်တာ နဲ့ တခြားစိတ်ခံစားမှုတွေကို ထိန်းချုပ်မထားသင့်ပါ။ ခံစားချက်တွေကို ပွင့်ထွက်သွားအောင် အော်ဟစ်ငိုလိုက်တာက အဆင်ပြေပါတယ်။ နောက်ပြီး ဆန်းသစ်တက်ကြွတဲ့အရာတွေလုပ်တာမျိုး (ပုံဆွဲတာမျိုး၊ ဆေးခြယ်တာမျိုး၊ စာရေးတာမျိုး၊ အားကစားလုပ်တာမျိုး)တွေမှာ စိတ်ခံစားမှုကို ထည့်ထားပါ။

၅။ သင့်ကိုယ်သင်ဂရုစိုက်ပါ။ ညီညွတ်မျှတတဲ့ အစားအစာ (အဆီနဲ့အချိုနည်းတဲ့ အစားအစာ) ကို စားသုံးပြီး တစ်ရက်ကို (၇ – ၈) နာရီလောက် လုံလုံလောက်လောက် အိပ်ပါ။ တစ်ရက်ကို ကိုယ့်ကိုကိုယ် ဂရုစိုက်တဲ့ အရာတစ်ခု (ရေအကြာကြီးချိုးခြင်း၊ ကျန်းမာပြည့်စုံတဲ့ မနက်စာစားသုံးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း အစရှိတာတွေ)ကို ထပ်ဖြည့်ပေးပါ။ သင့်ခန္ဓာကိုယ်ကိုဂရုစိုက်ခြင်းက သင့်စိတ်ကိုဂရုစိုက်ခြင်းကို ကူညီပေးပါတယ်။ အချို့လူတွေကစိတ်ပိုင်းဆိုင်ရာ နာကျင်မှုကို ကျော်လွှားဖို့ အရက်သေစာသောက်သုံးတာကို ရွေးချယ်ကြပေမယ့် ခဏတာနာကျင်မှုကို ထုံထိုင်းစေပြီး အကြာကြီး အလုပ် မဖြစ်မြောက်ပါဘူး။ဒါ့အပြင် သင့်ခန္ဓာကိုယ်အတွက် မကောင်းပါဘူး။

၆။ ပြင်ပသို့ထွက်ပြီး လုပ်ရတဲ့ အလုပ်တွေကို လုပ်ပါ။ သူငယ်ချင်းတွေနဲ့ တွေ့ဖို့ စီမံတာမျိုး၊ လုပ်စရာတစ်ခုခု ရှာတာမျိုး၊ စွန့်စွန့်စားစား ခရီးသွားတာမျိုး၊ ပျော်ပျော် ရွှင်ရွှင်နေတာမျိုးတွေလုပ်ဆောင်ပါ။

လူတိုင်းက လမ်းခွဲပြတ်စဲမှုကို မတူညီစွာ ကိုင်တွယ်ဖြေရှင်းကြပြီး သင့်ရဲ့ ပထမဦးစားပေးမှုကတော့ သင့်ကိုယ်သင်ဂရုစိုက်တာပဲ ဖြစ်သင့်ပါတယ်။ လမ်းခွဲပြတ်စဲမှု ဖြစ်ပေါ်တဲ့ အကြောင်းရင်းတစ်ခုခုရှိပြီး ဒီအကြောင်းအရာတွေကလည်း စုံတွဲတိုင်း ပုံစုံတူမရှိပါ။ လမ်းခွဲပြတ်စဲမှုတစ်ခုအတွက် ဘယ်လိုဆက်ရှင်သန်မလဲ ၊ ဘယ်လိုကုစားမလဲ စတဲ့ အတွေ့အကြုံတွေရတယ်လို့ပဲ မှတ်ယူပြီး လမ်းခွဲမှုတစ်ခု ကို အဆုံးသတ်ပါ။

Sources: https://www.psychologytoday.com/blog/laugh-cry-live/201502/after-the-break-when-moving-seems-impossible

http://thoughtcatalog.com/celine-naya/2014/04/5-delusional-things-that-keep-you-from-moving-on-after-a-break-up/

Close

လှည့်စားခြင်းက ဖြစ်လေ့ရှိတဲ့ တုန်လှုပ်ချောက်ချားမှုဖြစ်ပြီး တချို့လေ့လာချက်တွေအရ ဆက်ဆံရေးအားလုံးရဲ့ ၄ဝ% မှာ ဖောက်ပြားမှုတွေ ဖြစ်ပေါ်လာပါတယ်။ ကံမကောင်းစွာနဲ့ လှည့်စားတဲ့ အကြိမ်အရေအတွက် လက်ခံနိုင်စရာမရှိဘဲ စိတ်ကုန်နေ ၊ လှည့်စားခံရလို့ နာကျင်ရတဲ့ အတွေ့အကြုံကလည်း မနည်းပါ။ ဒီလိုမျိုး အခြေအနေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတာ အောက်မှာဖော်ပြပေးထားပါတယ်။

၁။ သင့်ကိုယ်သင် မေးပါ။ သင်ဘာလိုချင်တာလဲ။ ပထမဆုံးအဆင့်က သင့်ရဲ့ဆက်ဆံရေးကို ရှေ့ဆက်သွားဖို့ ဆက်ပြီး ကြိုးစားချင်စိတ်ရှိသေးသလားဆိုတာ သင်ကိုယ်တိုင် စဉ်းစားပါ။ အကယ်၍ သင်တို့တွဲနေတာကြာပြီ ဆိုတာနဲ့အမျှ လမ်းခွဲမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က အတော်လေးကို တုန်လှုပ်စေပါတယ်။ ဒါကြောင့် သင့်ဆုံးဖြတ်ချက်ကို အလောသုံးဆယ် မလုပ်သင့်ပါဘူး။ သင့်ကိုယ်သင် ရိုးရိုးသားသား မေးပါ။ သင့်အဖော်ကို အပြည့်အဝနားလည်ခွင့်လွှတ်ပေးလား (သို့) ဒီလူကို နောက်တစ်ခါ ယုံကြည်လို့ရတယ်ဆိုပြီး သင့်ကိုယ်သင်မြင်နိုင်ရဲ့လား။ လှည့်စားခံရတာက ဆိုးရွားနာကျင်ဖွယ်အတွေ့အကြုံတစ်ခုဖြစ်ပြီး သင်ဘာလိုချင်လဲဆိုတာ အေးဆေးတည်ငြိမ်စွာအချိန်ပေး စဉ်းစားဖို့ အရေးကြီးပါတယ်။ ဆက်ဆံရေးကို အဆုံးသတ်ဖို့ ဆုံးဖြတ်ထားရင် ဒါက  သင့်ရဲ့ အခွင့်အရေးပါပဲ။

၂။ အရာရာကို ဖော်ထုတ်ပါ။ သင်နဲ့ သင့်အဖော်နှစ်ဦးစလုံးက ကိုယ့်ဆုံးဖြတ်ချက် သေချာပြီဆိုတာနဲ့ ဘာဖြစ်ခဲ့လဲ၊ ဘာကြောင့်ဖြစ်ခဲ့လဲဆိုတာ ပြောဖို့ လိုအပ်ပါတယ်။  ဒါက နာကျင်ပြီး ခက်ခဲတယ်ဆိုတာ မှန်ပေမယ့် သင့်အဖော်ရဲ့အမြင်ကို နားထောင်ဖို့လည်း အရေးကြီးပါတယ်။ သင့်အဖော်ကလည်း သင်ဘာပြောလဲဆိုတာ နားထောင်ဖို့ လိုအပ်ပါတယ်။ သူ့ရဲ့ ဘယ်လိုအပြုအမူတွေက ကိုယ့်ကို နာကျင်စေသလဲဆိုတာ သူနားလည်ဖို့လိုသလို သင့်ရဲ့စိတ်ခံစားချက်တွေအတွက် အချိန်နဲ့ နေရာကို ပေးလိုစိတ်ရှိဖို့လည်း လိုပါတယ်။

၃။ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပါ။ သင့်ဆက်ဆံရေးကို ရှေ့ဆက်သွားဖို့  ဆုံးဖြတ်ပြီးနောက် ကိစ္စတိုင်းက အချိန်အတိုင်းအတာတစ်ခုအထိ မတည်ငြိမ်နိုင်ဘူးဆိုတာကို သိထားဖို့ အရေးကြီးပါတယ်။ ယုံကြည်မှုကို ပြန်လည်တည်ဆောက်တာက အချိန်တစ်ခုလိုပြီး ဒါကို အရှိန်မြင့်ဖို့ နည်းလမ်းမရှိတာကို သင့်အနေနဲ့ နားလည်ထားပါ။ သင်တို့နှစ်ယောက်စလုံး ဆက်ဆံရေးပြုပြင်ဖို့ လုပ်ဆောင်တဲ့အခါ အသုံးဝင်တဲ့ အခြေခံစည်းမျဉ်းအသစ်တွေကို ထပ်တွေ့ကောင်းတွေ့နိုင်ပါတယ်။ မည်သို့ပင်ဖြစ်စေ ကန့်သတ်ချက်အများကြီး သတ်မှတ်ထားတာတွေ၊ တစ်ယောက်ကို တစ်ယောက် ပိုထိန်းချုပ်ဖို့ ကြိုးစားတာတွေက ဆက်ဆံရေးတင်းမာမှုတွေ ပိုပြီး ဖြစ်လာနိုင်တယ်ဆိုတာ သတိပြုပါ။

၎။ အကောင်းဖြစ်နိုင်ချေကို  သင့်ကိုယ်သင် ဖွင့်ထုတ်ပါ။ သစ္စာမဲ့ ဖောက်ပြန်မှုကနေ ကျော်လွန်သွားဖို့ အလွန်ခက်ခဲပြီး မဖြစ်နိုင်ပါဘူး။ တချို့စုံတွဲတွေမှာ ဖောက်ပြန်မှုက သူတို့ကိုပိုပြီး နီးကပ်အောင်လုပ်ပေးပါတယ်။ ဒါပေမဲ့မှတ်ထားရမှာက သင်အဲ့လို လုပ်တဲ့အခါ အရေးကြီးဆုံးက သင်ရဲ့ ဗီဇနဲ့ ပင်ကိုယ်စရိုက်ကို နားထောင်ပါ။ ရိုးသားခြင်း၊ ကြင်နာခြင်း၊ သည်းခံခြင်းတို့ရှိသလားဆိုတာ သင့်ကိုယ်သင် နားလည်အမှတ်ရနေဖို့လိုပါတယ်။ အဲ့လို ရှိနေတာသေချာတယ်ဆိုရင်တော့ ကိုယ်ရွေးချယ်တဲ့ ဖြတ်မလား ဆက်မလားဆိုတာကလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်မယ်ဆိုတာ သင်သိလာပါလိမ့်မယ်။

Source: http://www.bustle.com/articles/30769-what-do-you-do-when-someone-cheats-on-you-5-ways-to-figure-out-your-next

Close

နီကိုတင်းက စွဲလမ်းစေတာကြောင့် ဆေးလိပ်ဖြတ်တာက ခက်ခဲနိုင်ပါတယ်။ သူ့အတွက် အထောက်အကူဖြစ်စေမယ့် အချို့အရာတွေကိုလည်း အကြံပြုနိုင်ပါတယ်။ သှု့အတွက် သင့်ရဲ့ ကူညီထောက်ပံ့မှုရှိတာကို သိထားတာက ဆေးလိပ်ဖြတ်ဖို့ အောင်မြင်နိုင်ချေပိုများပါတယ်။

သင့်ချစ်သူကောင်လေးကို ဆေးလိပ်ဖြတ်တာ ကူညီဖို့ အစီစဉ်လုပ်ထားပါ။ ဆေးလိပ်ဖြတ်မယ့်နေ့ကို ရွေးချယ်ပြီး ဆေးလိပ်ဖြတ်တာကို အလေးထားဂရုစိုက်ဖို့နဲ့ မတူညီတဲ့အခြေအနေရောက်တဲ့အခါ သူ့ကို အားပေးဖို့ နည်းလမ်းကောင်းကို ဖော်ထုတ်တာပါ။

ဒီနည်းက ဆေးလိပ်မသောက်ပဲ ၂ပတ်၊ ၁လ၊ ၂လလောက် အထောက်အကူဖြစ်နိုင်ပါတယ်။ သူ့ကို ဆေးလိပ်သောက်ဖြစ်အောင်လုပ်တဲ့ သူငယ်ချင်းအိမ်သွားလည်တာမျိုးတွေကို ရှောင်ကြဉ်ခြင်းဖြင့် သင့်အဖော်ကို ကူညီပေးနိုင်ပါတယ်။ နားပူနားဆာလုပ်တာမျိုး ဆရာလုပ်ပြောတာမျိုးမလုပ်ပဲ ဆေးလိပ်မသောက်ရင်စုမိမဲ့ ပိုက်ဆံအပါအဝင် ဆေးလိပ်ဖြတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို သူ့ကို သတိပေးပြောဆိုပါ။ ဆေးလိပ်ဖြတ်ဖို့ အဆင်သင့်ဖြစ်လားမဖြစ်ဘူးလားဆိုတာ ဆုံးဖြတ်ဖို့နဲ့ ဒါကိုဆုံးဖြတ်ဖို့ တစ်ခုတည်းသော နည်းလမ်းဆိုတာ မှတ်ထားပါ။ သင့်ရဲ့ အားပေးကူညီထောက်ပံ့မှုက သူ့အတွက် သိသာထင်ရှားတဲ့ အကျိုးကျေးဇူးတွေ ရစေမှာပါ။

Sources: http://kidshealth.org/en/teens/expert-smoking.html?WT.ac=ctg#catrelationships

Close

line

မေးခွန်းမေးရန်

အမည် (လိုအပ်ပါသည်):
အီးမေးလ် (လိုအပ်ပါသည်):
မေးလိုသည့်အကြောင်းအရာ:

line