LGBT ဖတ်စရာ

ကျွန်မတို့ကို မေးမြန်းနိုင်ပါတယ်

အမေးအဖြေများအဘို့သင့်အမျိုးအစားကိုရွေးချယ်ပါ

လိင်တူဆက်ဆံခြင်း၊ လိင်တူနှစ်သက်ခြင်းဆိုတာ လိင်တူတွေအပေါ်(အမျိုးသားအချင်းချင်း၊ အမျိုးသမီးအချင်းချင်း) စိတ်ပိုင်းဆိုင်ရာအရ သို့မဟုတ် လိင်ပိုင်းဆိုင်ရာအရ ဆွဲဆောင်တာ၊ ချစ်ခင်တာကို ခေါ်တာပါ။

Sourecs: http://www.advocatesforyouth.org/topics-issues/606-frequently-asked-questions-about-sexual-orientation-and-gender-identity

Close

လိင်တူလိင်ကွဲနှစ်မျိုးစလုံး နှစ်သက်စုံမက်ခြင်း၊ ဆက်ဆံခြင်းဆိုတာ လိင်တူရော လိင်ကွဲအပေါ်မှာပါ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်တာကို ဆိုလိုတာပါ။ ဥပမာအားဖြင့် အမျိုးသားတစ်ယောက်ဟာ အမျိုးသားအချင်းချင်းလည်း နှစ်သက်သလို၊ ဆန့်ကျင်ဘက်လိင်ဖြစ်တဲ့ အမျိုးသမီးအပေါ်မှာလည်း နှစ်သက်မှုရှိတယ်ဆိုရင် လိင်တူ၊လိင်ကွဲနှစ်မျိုးစလုံး နှစ်သက်တာလို့ သတ်မှတ်နိုင်ပါတယ်။

Sources: http://www.advocatesforyouth.org/topics-issues/606-frequently-asked-questions-about-sexual-orientation-and-gender-identity

Close

လိင်တူဆက်ဆံသူတွေကို ကြောက်တယ်ဆိုတာ အမျိုးသားချင်းနှစ်သက်စုံမက်သူ၊ အမျိုးသမီးချင်းနှစ်သက်သူ၊ လိင်တူလိင်ကွဲ နှစ်မျိုးစလုံးနှစ်သက်သူတွေအပေါ် ကြောက်လန့်မှု၊ စက်ဆုပ်ရွှံရှာမှု၊ မုန်းတီးမှုတွေ ဖြစ်ပေါ်တာကို ဆိုလိုတာပါ။ သူတို့ရဲ့ အပြုအမူ၊ ယုံကြည်မှု၊ သဘောထားတွေက ကိုယ့်ကို စိတ်မသက်သာဖြစ်စေပြီး သူတို့တွေနဲ့ အပေါင်းအသင်းလုပ်ရမှာ၊ ရင်းနှီးသွားမှာ၊ သူတို့ကို လက်ခံပေးရမှာ၊ ကိုယ်လက်ခံထားတဲ့လိင်ကနေ ကွဲထွက်သွားမှာကို ကြောက်ရွံ့နေခြင်း ဖြစ်ပါတယ်။

Sources: http://www.advocatesforyouth.org/topics-issues/606-frequently-asked-questions-about-sexual-orientation-and-gender-identity

Close

အမျိုးသားချင်းနှစ်သက်စုံမက်သူ၊ အမျိုးသမီးချင်းနှစ်သက်စုံမက်သူ၊ လိင်တူ လိင်ကွဲနှစ်မျိုးစလုံး နှစ်သက်စုံမက်သူ၊ လူမှုလိင်ပြောင်းလဲသူတွေ တော်တော်များများမှာ တည်မြဲတဲ့ ဆက်ဆံရေး ရှိကြပါတယ်။ ဒါပေမယ့်လည်း ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချမှုတွေကို ကြောက်ရွံ့တာကြောင့် အဆုံးမသတ်ချင်ဘဲ သတ်လိုက်ရတဲ့ ဆက်ဆံရေးတွေလည်း ရှိတတ်ကြပါတယ်။ ဥပမာအားဖြင့် လက်ရှိအချိန်အထိ လိင်တူချင်းလက်ထပ်တာဟာ နိုင်ငံအများစုမှာ တရားဝင် အသိအမှတ်ပြုခြင်း မရှိသေးသလို၊ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မှုတွေကလည်း ရှိနေဆဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် တည်မြဲတဲ့ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ဖို့ ခက်ခဲတတ်ပါတယ်။

Sources: http://www.advocatesforyouth.org/topics-issues/606-frequently-asked-questions-about-sexual-orientation-and-gender-identity

Close

မတူပါဘူး။ ဒါကို သိနိုင်ဖို့အတွက် သဘာဝလိင်နဲ့ လူမှုလိင် ဆိုတာ ဘာလဲ အရင်သိထားဖို့ လိုပါတယ်။ သဘာဝလိင် (Biological sex) ဆိုတာ မွေးကတည်းက ပါလာတဲ့ မျိုးပွါးအင်္ဂါအစိတ်အပိုင်းများကို ခေါ်တာဖြစ်ပါတယ်။ အမျိုးသားမှာဆို လိင်တံ၊ ကပ္ပါယ်အိတ်စတဲ့ ပြင်ပမျိုးပွါးအင်္ဂါ အစိတ်အပိုင်းများနဲ့ ဆီးကြိတ်၊ သုက်ပို့ပြွန် စတဲ့ အတွင်းမျိုးပွါးအင်္ဂါများ ရှိကြပါတယ်။ အဲဒီလိုပဲ အမျိုးသမီးမှာဆိုရင်လည်း မိန်းမကိုယ်၊ လိင်စေ့၊ ယောနိလမ်းကြောင်း စတဲ့ ပြင်ပမျိုးပွါးအင်္ဂါ အစိတ်အပိုင်းများနဲ့ သားအိမ်ခေါင်း၊ သားအိမ်၊ သားဥအိမ် စတဲ့ အတွင်းမျိုးပွါးအင်္ဂါ အစိတ်အပိုင်းတွေ ပါဝင်ကြပါတယ်။ သဘာဝလိင်ပြောင်းလဲခြင်းဆိုတာကတော့ အဲဒီပြင်ပမျိုးပွါးအင်္ဂါများကို ပြောင်းလဲပစ်တာကို ခေါ်တာပါ။ အမျိုးသမီးမှာ ရင်သားဖြတ်ထုတ်ပစ်တယ်၊ သားအိမ်တွေဖြတ်ထုတ်ပစ်တယ်၊ နောက်ပြီးမှ အမျိုးသားလိင်အင်္ဂါ အစိတ်အပိုင်းတွေရှိလာအောင် လုပ်လို့ရနိုင်ပါတယ်။ အမျိုးသားမှာလည်း အမျိုးသမီးပုံစံ ဖြစ်သွားအောင် ခွဲစိတ်ပြုပြင်လို့ ရပါတယ်။ ဒါပေမယ့် အတွင်းမျိုးပွါးအင်္ဂါများကိုတော့ ခုချိန်ထိ ပြောင်းလဲဖို့ မဖြစ်နိုင်သေးပါဘူး။ ပြင်ပလိင်အင်္ဂါများကိုပဲ ပြောင်းလဲလို့ ရနိုင်ပါတယ်။

လူမှုလိင် (Gender) ဆိုတာကတော့ သဘာဝမဟုတ်ဘဲ ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်များကို ဆိုလိုတာပါ။ ယောကျာ်းလေးဆို ဘယ်လိုဖြစ်ရမယ်၊ မိန်းကလေးဆို ဘယ်လိုဖြစ်သင့်တယ်၊ နေသင့်ထိုင်သင့်တယ် ဆိုပြီး သတ်မှတ်ထားကြတာကို ခေါ်တာပါ။ အဲဒီသတ်မှတ်ချက်တွေကို ဆန့်ကျင်ပြီး၊ မိန်းကလေးဖြစ်ပေမယ့် ယောကျာ်းလေးလို ၀တ်စားတယ်၊ နေထိုင်ပြောဆိုတယ်၊ ယောကျာ်းလေးဖြစ်ပေမယ့် မိန်းကလေးလို ၀တ်စားတယ်၊ နေထိုင်ပြောဆိုတယ်၊ ဒီလိုလူမျိုးတွေကိုတော့ လူမှုလိင်ပြောင်းလဲထားသူများလို့ သတ်မှတ်ပါတယ်။ လူမှုလိင် ပြောင်းလဲထားတဲ့သူတစ်ယောက်ဟာ သဘာဝလိင် ပြောင်းလဲဖို့ ရွေးချယ်နိုင်သလို မရွေးချယ်ဘဲနဲ့လည်း နေနိုင်ပါတယ်။

Sources: http://www.advocatesforyouth.org/topics-issues/606-frequently-asked-questions-about-sexual-orientation-and-gender-identity

Close

လူမှုလိင် ဘာကြောင့်ပြောင်းလဲကြတယ်ဆိုတာနဲ့ ပတ်သက်ပြီး တိကျတဲ့ ရှင်းပြချက်မရှိပါဘူး။ အခုချိန်ထိ ငြင်းခုံနေကြဆဲ ဖြစ်ပါတယ်။ ကျွမ်းကျင်သူအများစုကတော့ ဇီဝပိုင်းဆိုင်ရာအချက်တွေဖြစ်တဲ့ မျိုးရိုးဗီဇ လွှမ်းမိုးမှု၊ ဟော်မုန်းအခြေအနေ၊ လိင်မှုဘ၀ အစောပိုင်း အတွေ့အကြုံတွေနဲ့ ကြီးကောင်ဝင်ပြီးနောက်ပိုင်း အတွေ့အကြုံတွေဟာ  လူမှုလိင်ဖော်ပြချက်အပေါ် လွှမ်းမိုးမှုရှိနိုင်ပါတယ်။

Sources: http://www.apa.org/topics/lgbt/transgender.aspx

Close

မဟုတ်ပါဘူး။ ဘယ်သူမှ လိင်စိတ်တိမ်းညွတ်မှုကို မရွေးချယ်နိုင်ကြပါဘူး။ နေ့စဉ် ကြိုးစားအားထုတ်မှုတွေ၊ ဆုံးဖြတ်ချက်တွေရဲ့ ရလဒ်လည်း မဟုတ်သလို သူတို့ကိုယ်သူတို့ ပြောင်းလဲနိုင်တာမျိုးလည်း မဟုတ်ပါဘူး။ ဒါဟာ လိင်ကွဲနှစ်သက်စုံမက်သူအများစုအတွက်ရော လိင်တူနှစ်သက်စုံမက်သူတွေအတွက်ပါ အတူတူပဲဖြစ်ပါတယ်။

လူတော်တော်များများဟာ ယောက်ျားချင်းနှစ်သက်သူလို့ သိလိုက်တဲ့အခါ လူမှုအဖွဲ့အစည်း၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုဖိအားတွေကြောင့် သူတို့ရဲ့ လိင်စိတ်တိမ်းညွတ်မှုပြောင်းလဲဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့်လည်း မရနိုင်ပါဘူး။ သူတို့ဟာ လိင်ဆက်ဆံခြင်းမပြုတာ၊ အိမ်ထောင်မပြုဘဲ နေတာ၊ သူတို့က လိင်စိတ်ဆန္ဒပြည့်ဝအောင် မစွမ်းဆောင်နိုင်တာ၊ ဒါမှမဟုတ် သူတို့လက်တွဲဖော်က မစွမ်းဆောင်နိုင်တာ၊ နောက်ဆုံး၊ သူတို့ လက်တွဲဖော်ကို ဆုံးရှုံးရတာမျိုး ဖြစ်ခဲ့ရင်တောင်မှ သူုတို့ရဲ့ လိင်စိတ်တိမ်းညွတ်မှုကတော့ ပြောင်းလဲမသွားတတ်ပါဘူး။

တကယ်တော့ ကိုယ့်ရဲ့လိင်စိတ်တိမ်းညွတ်မှုကို သိဖို့ဟာ ဘ၀ရဲ့ အရေးကြီးအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ လိင်ကွဲနှစ်သက်စုံမက်သူတွေမှာတော့ သမီးရည်းစားဆက်ဆံရေးတစ်ခုမရှိခဲ့ဖူးရင်တောင်မှ ကိုယ့်ကိုယ်ကိုယ် လိင်ကွဲနှစ်သက်သူဆိုတာ မိမိတို့ကိုယ်တိုင်သိကြပါတယ်။ လိင်တူနှစ်သက်သူတွေမှာတော့ ပတ်ဝန်းကျင်ကြောင့် ချုပ်တည်းထားရတာမျိုးတွေ ရှိနိုင်တာမို့ အသိနောက်ကျတတ်သလို၊ လက်ခံနိုင်မှုကလည်း အချိန်ယူတတ်ပါတယ်။

တကယ်တော့ လိင်စိတ်တိမ်းညွတ်မှုဟာ သင့်ရဲ့ အဆင့်အတန်းကို ဆုံးဖြတ်မပေးနိုင်ပါဘူး။ လိင်တူနှစ်သက်တာဖြစ်ဖြစ်၊ လိင်ကွဲနှစ်သက်တာဖြစ်ဖြစ် ဒါတွေအားလုံးဟာ ပုံမှန်ပါပဲ။

Sources: http://www.pflagatl.org/lgbtfaq/

Close

အမျိုးသားချင်းနှစ်သက်စုံမက်တာက ပုံမှန်ပါပဲ။ လိင်တူချင်း နှစ်သက်စုံမက်တာ၊ လိင်တူချင်း ဆက်ဆံတာတွေက လူသားမျိုးနွယ် တည်ရှိလာတဲ့ သမိုင်းတစ်လျှောက်လုံးမှာ ရှိခဲ့ဖူးပါတယ်။ မနုဿဗေဒ ပညာရှင်တွေရဲ့ တင်ပြချက်အရ သူတို့တွေဟာ ယဉ်ကျေးမှုတိုင်းရဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်နေပါတယ်။ တကယ်တော့ အမျိုးသမီးချင်း နှစ်သက်စုံမက်သူ၊ အမျိုးသားချင်းနှစ်သက် စုံမက်သူ၊ လိင်တူလိင်ကွဲ နှစ်မျိုးစလုံး နှစ်သက်စုံမက်သူတွေဟာ စီးပွါးရေးအဆင့်အတန်း၊ ပညာရေးအဆင့်အတန်း၊ လူမျိုး၊ ဘာသာ၊ စတဲ့ လူတန်းစားအစုအဖွဲ့အားလုံးမှာ ရှိနေတတ်ပါတယ်။ လူသားမျိုးနွယ်စု သမိုင်းအရ အမျိုးသားချင်းနှစ်သက်စုံမက်တာကို အချို့သော ယဉ်ကျေးမှု၊ဘာသာရေးနဲ့ လူမှုအသိုင်းအဝိုင်းက လက်မခံကြပေမဲ့ ဒါကမှားယွင်းတယ်ဆိုပြီး သတ်မှတ်လို့တော့ မရပါဘူး။

Sources: http://www.advocatesforyouth.org/topics-issues/606-frequently-asked-questions-about-sexual-orientation-and-gender-identity

Close

ရှိပါတယ်။ အမျိုးသမီးချင်း နှစ်သက်စုံမက်သူ၊ အမျိုးသားချင်း နှစ်သက်စုံမက်သူ၊ လိင်တူလိင်ကွဲနှစ်မျိုးစလုံး နှစ်သက်စုံမက်သူတွေမှာ မိသားစုရှိနိုင်ပါတယ်။ သူတို့တွေမှာ ချစ်စဖွယ်ကောင်းတဲ့ ဆက်ဆံရေးတွေ ရှိနေတတ်တယ်။ နော်ဝေး၊ ကနေဒါ၊ ဘရားဇီးနဲ့ အင်္ဂလန်အစရှိတဲ့ နိုင်ငံတွေမှာတော့ လိင်တူချစ်သူစုံတွဲတွေ လက်ထပ်ခွင့်ကို ဥပဒေအရ တရားဝင်ခွင့်ပြုထားပါတယ်။ ကလေးသူငယ်မွေးစားစောင့်ရှောက်တာနဲ့ ပတ်သက်လို့ ဥပဒေတွေ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူကြပေမယ့် လိင်တူစုံတွဲတွေဟာ ကလေးတွေကို အတူတကွ ပြုစုပျိုးထောင်ခွင့်တွေ ပိုရလာကြပါတယ်။ ဒါ့အပြင် လိင်တူ၊လိင်ကွဲစုံတွဲတွေမှာ သူတို့မွေးဖွားကြီးပြင်းလာတဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ချစ်ခင်ရတဲ့သူတွေနဲ့ သူတို့ကိုယ်တိုင် ဖန်တီးပြုစုပျိုးထောင်ထားတဲ့ ကိုယ်ပိုင်မိသားစုကိုလည်း ထောက်ပံ့ပေးနိုင်စွမ်းတွေ ရှိကြပါတယ်။

Sources: https://www.kent.edu/lgbtq/frequently-asked-questions-faq#Q1

http://time.com/3937766/us-supreme-court-countries-same-sex-gay-marriage-legal/

Close

မရှိပါဘူး။ ယောကျာ်းနှစ်သက်သူ၊ မိန်းမချင်းနှစ်သက်သူ၊ ယောက်ျားမိန်းမနှစ်မျိုးစလုံး နှစ်သက်သူနဲ့ လူမှုလိင်ပြောင်းလဲသူတွေဟာ လူ့သမိုင်းကြောင်းတစ်လျှောက်လုံးမှာ ရှိခဲ့ကြပါတယ်။ လိင်တူနှစ်သက်တာကို ၁၉၇၄ ခုနှစ်ကတည်းက အမေရိကန်စိတ်ပညာအဖွဲ့အစည်းရဲ့ ရောဂါစစ်တမ်းအချက်အလက်ထဲကနေ ဖယ်ထုတ်ထားပြီးသား ဖြစ်ပါတယ်။ ဒါဟာ စိတ်ကစဥ့်ကလျားရောဂါ မဟုတ်ပါဘူး။ လူသားတွေရဲ့ မတူကွဲပြားမှုတစ်ခုသာ ဖြစ်ပြီး၊ ဒီလို ကိုယ့်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို သိဖို့ဆိုတာဟာလည်း ပျော်ရွှင်သာယာတဲ့ လိင်မှုဘ၀ကို ရဖို့ လိုအပ်တဲ့ အရေးကြီးအစိတ်အပိုင်းတစ်ခုပါပဲ။

ယောကျာ်းချင်းနှစ်သက်သူ၊ မိန်းမချင်းနှစ်သက်သူ၊ ယောက်ျားမိန်းမနှစ်မျိုးစလုံး နှစ်သက်သူနဲ့ လူမှုလိင်ပြောင်းလဲတာနဲ့ ပတ်သက်ပြီး ပုံမှန်ပဲလို့ သတ်မှတ်ကြပေမယ့် သူတို့ကို အားပေးကူညီဖို့တွေကတော့ လိုအပ်နေဆဲပဲ ဖြစ်ပါတယ်။ အစိုးရ၊ ကျောင်း၊ အလုပ်ခွင်၊ လူမှုအဖွဲ့အစည်းတွေမှာ လိင်ပြောင်းလဲမှုကို ဆန့်ကျင်တဲ့ ဥပဒေ၊ မူဝါဒ၊ သဘောထားတွေဟာ ခွဲခြားဆက်ဆံမှုတွေကို အာပေးသလို ဖြစ်နေပါတယ်။ ဒါဟာ ယောကျာ်းချင်းနှစ်သက်သူ၊ မိန်းမချင်းနှစ်သက်သူ၊ ယောက်ျားမိန်းမနှစ်မျိုးစလုံး နှစ်သက်သူနဲ့ လူမှုလိင်ပြောင်းလဲသူတွေကို ထိခိုက်စေပြီး သူတို့ချစ်ခင်ရတဲ့သူတွေအပေါ်မှာပါ သက်ရောက်မှု ရှိနိုင်ပါတယ်။

Sources: https://www.kent.edu/lgbtq/frequently-asked-questions-faq#Q1

Close

လိင်ပိုင်းဆိုင်ရာဖြစ်တည်မှုဆိုတာ မိမိကိုယ်ကို ယောက်ျား (သို့) မိန်းမ အဖြစ် ကိုယ်တိုင် သတ်မှတ်ခံယူထားတဲ့ အရာလို့ ဆိုလို့ရပါတယ်။
မွေးတာနဲ့ ယောကျာ်းလိင်တံနဲ့ဆို ယောက်ျား (သို့မဟုတ်)မိန်းမကိုယ်နဲ့ဆို မိန်းမဆိုပြီး သတ်မှတ်တာမျိုးတွေ မဟုတ်ပါဘူး။ လိင်ပိုင်းဆိုင်ရာဖြစ်တည်မှုဟာ သင့်ကိုယ်သင်ဘယ်လိုခံစားရလဲဆိုတာနဲ့ အများကြီးဆိုင်ပါတယ်။ အချို့လူတွေက ယောက်ျား၊ မိန်းမ ဇီဝအင်္ဂါနဲ့ ပုံပန်းရှိသော်လည်းသူတို့ရဲ့လိင်ဖြစ်တည်မှုအထောက်အထားက ဆန့်ကျင်ဖက်ဖြစ်ပြီး မတူညီပါဘူး။ အချို့ဆိုရင် ကိုယ့်ကိုယ်ကို ယောက်ျား၊မိန်းမ ဘယ်လိင်အမျိုးအစားထဲမှာမှ အံဝင်ခွင်ကျဖြစ်မနေဘူးလို့ ထင်တတ်ကြတယ်။

Close

သင့်ရဲ့လိင်ပိုင်းဆိုင်ရာခံယူချက်ဆိုတာ သင့်ရဲ့ခံစားချက်၊ ဆွဲဆောင်မှုနဲ့ သင့်လိုအင်ဆန္ဒတွေပေါ်မူတည်ပါတယ်။ လူတစ်ယောက်ရဲ့ လိင်စိတ်ဝင်စားမှုက လိင်တူ၊ လိင်ကွဲ၊ လိင်နှစ်မျိုးလုံးအပေါ်ရှိနိုင်ပြီး ဘယ်လိင်အမျိုးအစားကိုမှ စိတ်ဝင်စားခြင်းမရှိသူဆိုရင်တော့ လိင်ကင်းရှင်းသူ Asexual လို့ခေါ်ကြပါတယ်။ လိင်ပိုင်းဆိုင်ရာခံယူချက်က တစ်သမတ်တည်းမရှိဘဲ သင့်ဘဝတစ်လျှောက်လုံး အပြောင်းအလဲရှိနိုင်ပါတယ်။

Close

တကယ်တော့ လူတစ်ယောက်ရဲ့ ပြင်ပသွင်ပြင်နဲ့ လိင်စိတ်တိမ်းညွှတ်မှုဟာ အမြဲတမ်း ဆက်စပ်မနေပါဘူး။ ကျားကျားလျားလျား အမျိုးသားတစ်ယောက်ကလည်း အမျိုးသားချင်း စုံမက်သူ ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ ပုံသဏ္ဍာန်အရ နည်းနည်းနွဲ့နေပေမယ့် သူဟာ ဆန့်ကျင်ဘက်လိင်ကိုသာ စိတ်ဝင်စားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုပါပဲ၊ မိန်းကလေးပီပီသသ ၀တ်စားဆင်ယင်၊ ပြောဆိုနေထိုင်တတ်ပေမယ့် လိင်တူစုံမက်သူ ဖြစ်နိုင်သလို၊ အနည်းငယ် ယောကျာ်းပုံစံပေါက်နေပေမယ့် လိင်ကွဲကိုသာ စိတ်ဝင်စားတာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့်မို့ ယတိပြတ်ပြောလို့ မရနိုင်ပါဘူး။ ၀တ်စားဆင်ယင်မှုဟာ လိင်စိတ်တိမ်းညွှတ်မှုကို အမြဲတမ်း ကိုယ်စားမပြုပါဘူး။

Sources: http://www.advocatesforyouth.org/topics-issues/606-frequently-asked-questions-about-sexual-orientation-and-gender-identity

Close

line

မေးခွန်းမေးရန်

အမည် (လိုအပ်ပါသည်):
အီးမေးလ် (လိုအပ်ပါသည်):
မေးလိုသည့်အကြောင်းအရာ: