သုတ်ရည်ပြင်ပ စွန့်ထုတ်နည်း ဖတ်စရာ

ကျွန်မတို့ကို မေးမြန်းနိုင်ပါတယ်

အမေးအဖြေများအဘို့သင့်အမျိုးအစားကိုရွေးချယ်ပါ

သုတ်ရည်ပြင်ပထုတ်ယူတဲ့နည်းလမ်းကိုသုံးတဲ့သူဟာ သုတ်ပိုးတွေကို သူ့ရဲ့အမျိုးသားအင်္ဂါကနေ ထုတ်လွှတ်လိုက်တဲ့ သုတ်လွှတ်ချိန်မတိုင်မီ အမျိုးသမီးရဲ့ယောနိလမ်းကြောင်းထဲကနေ သူ့ရဲ့အင်္ဂါကို ဆွဲထုတ်လိုက်ပါလိမ့်မယ်။ ပြန်လည်ဆွဲထုတ်ခြင်းကို Coitus Interruptus (ခေါ်) သုတ်မလွှတ်မီ ယောကျာ်းတန်ဆာကို မိန်းမအင်္ဂါထဲမှ ဆွဲထုတ်တဲ့ ကာမဆက်ဆံနည်းလမ်းလို့တစ်မျိုး၊ သုတ်ရည်ပြင်ပထုတ်ယူနည်းလို့တစ်ဖုံ ခေါ်ဝေါ်တတ်ကြပါတယ်။ ဒီနည်းလမ်းဟာ ကမ္ဘာ့သက်တမ်း အရင့်ဆုံး သန္တေတားနည်းတစ်ခုဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ စုံတွဲ(၃၅)သန်းလောက်က ဒီနည်းလမ်းကို ယုံယုံကြည်ကြည်နဲ့ လက်ခံကျင့်သုံးလျက်ရှိပါတယ်။ အဲ့ဒီ့နည်းလမ်းထိရောက်မှုရှိစေဖို့ အတွက် အဓိကမှတ်သားရမယ့်အရာကတော့ လိင်ဆက်ဆံတဲ့အကြိမ်တိုင်း ထိုနည်းလမ်းကို တိကျမှန်ကန်စွာအသုံးပြုဖို့ပဲဖြစ်ပါတယ်။ ဒီနည်းလမ်းကိုအသုံးပြုနေတဲ့ အမျိုးသားအရေအတွက် ဘယ်လောက်များများရှိနေပါသလဲ။

http://plannedparenthood.org/learn/birth-control/withdrawal-pull-out-method
http://bedsider.org/methods/withdrawal#details_tab

Close

သုတ်မလွှတ်မီ ယောကျာ်းတန်ဆာကို မိန်းမအင်္ဂါထဲကနေ ဆွဲထုတ်တဲ့ ဒီကာမဆက်ဆံ နည်းကိုအသုံးပြုတဲ့ လူအယောက်(၁၀၀)မှာ (၂၇)ယောက်ဟာ လိင်ဆက်ဆံတဲ့အခါတိုင်း   တိကျမှန်ကန်အောင် မသုံးစွဲတဲ့အတွက် တစ်နှစ်အတွင်း  ကိုယ်ဝန်ရှိသွားတတ်ပါတယ်။ နည်းလမ်းကို မှန်မှန်ကန်ကန်တိတိကျကျ သုံးလာတဲ့အခါမှာတော့ ကိုယ်ဝန်ရှိသွားတဲ့အရေအတွက်ဟာ အယောက်(၁၀၀)မှာ(၄)ယောက်အထိကျဆင်းသွားပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းဟာ တိတိကျကျ မှန်မှန်ကန်ကန်ဖြစ်အောင် သုံးရခက်တဲ့ သားဆက်ခြားနည်းဖြစ်ပြီး အတိမ်းအစောင်း ဖြစ်သွားနိုင်ချေလည်း အလွန်များပါတယ်။ ပြီးတော့ သုတ်မလွှတ်မီ ယောကျာ်းတန်ဆာကို မိန်းမအင်္ဂါထဲကနေ ဆွဲထုတ်ဖို့အတွက် မိမိအကြောင်းမိမိကောင်းကောင်း သိဖို့လိုရုံသာမက ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်ဖို့လိုပြီး လိင်ဆက်ဆံတဲ့ အကြိမ်တိုင်းမှာ အချိန်မီဆွဲထုတ် နိုင်ဖို့လည်းလိုပါတယ်။ သုတ်မလွှတ်မီ ယောကျာ်းခန္ဓာကိုယ်က ထွက်တဲ့အရည်တွေမှာ သုတ်ပိုးတွေပါ နေလေ့မရှိပေမယ့် တစ်ခါတစ်ရံမှာတော့ သုတ်ပိုးတွေပါနေလေ့ရှိပြီး ကိုယ်ဝန်ရှိသွားစေဖို့ အတွက်လည်း သုတ်ပိုးလေးတစ်ကောင်ဘဲလိုပါတယ်။ အတိုချုံးပြောရရင်တော့ ဆွဲထုတ်တဲ့ နည်းလမ်းဟာ ကိုယ်ဝန်ရှိသွားနိုင်ချေများပေမယ့် မှန်မှန်ကန်ကန်တိတိကျကျသုံးမယ်ဆိုရင်တော့ ထင်ထားတာထက် ပိုပြီးတော့ထိရောက်မှုရှိပါတယ်။

 http://plannedparenthood.tumblr.com/post/83105858673/does-pulling-out-work-better-or-worse-than-using
http://bedsider.org/questions/198-how-effective-is-withdrawal-at-preventing-pregnancy

Close

သုတ်ရည်ပြင်ပထုတ်တဲ့နည်းလမ်းဟာ တခြားသန္ဓေတားနည်းအများစုလောက် ထိရောက်မှုမရှိပါဘူး။ လိင်ဆက်ဆံတဲ့အကြိမ်တိုင်း နည်းလမ်းကိုတိတိကျကျမှန်မှန်ကန်ကန် မသုံးရင်တော့ (၇၃) ရာခိုင်နှုန်းပဲ ထိရောက်မှုရှိပါတယ်။ ဆိုလိုတာကတော့ တစ်နှစ်မှာ ဒီနည်းလမ်းကိုသုံးတဲ့ လိင်ဆက်ဆံဖော်နဲ့ဆက်ဆံတဲ့ အမျိုးသမီးအယောက်(၁၀၀)ထဲက (၂၇)ယောက်ဟာ ကိုယ်ဝန်ရှိသွား တတ်တယ်ဆိုတာပါဘဲ။ ဒါပေမဲ့ ဒီဆွဲထုတ်တဲ့နည်းလမ်းကို မှန်မှန်ကန်ကန်သုံးရင်တော့ ဒီနည်းလမ်းကိုသုံးတဲ့ လိင်ဆက်ဆံဖော်နဲ့ဆက်ဆံတဲ့ အမျိုးသမီးအယောက်(၁၀၀)ထဲက (၄)ယောက်ပဲ ကိုယ်ဝန်ရှိသွား တတ်ပါတယ်။ လိင်ဆက်ဆံတဲ့အချိန်တိုင်း အချိန်မီဆွဲထုတ်ဖို့ဆိုတာက လွယ်တော့မလွယ်ပါဘူး။ ဒီနည်းလမ်းက ကိုယ့်ကိုယ်ကိုကောင်းကောင်းထိန်းချူပ်နိုင်ပြီး အတွေ့အကြုံရှိရုံသာမက အပြန်အလှန်ယုံကြည်မှုရှိတဲ့ စုံတွဲတွေအတွက် ပိုပြီးထိရောက်မှုရှိပါတယ်။ သုတ်ရည်ပြင်ပ ထုတ်တဲ့နည်းလမ်းကိုသုံးတဲ့ အမျိုးသားဟာ သုတ်လွှတ်ချင်တာကို ဆက်ပြီးထိန်းမထားနိုင်တော့ဘဲ လိင်ဆက်ဆံရာမှာစိတ်ခံစားမှုအမြင့်ဆုံး အခြေအနေကို ရောက်နေပြီလားဆိုတာကို ကောင်းကောင်းသိရပါမယ်။ ဒီအခြေအနေကို ကောင်းကောင်းမခန့်မှန်းနိုင်ဘူးဆိုရင်တော့ ဆွဲထုတ်တဲ့နည်းလမ်းက ထိရောက်မှုရှိမှာ မဟုတ်ပါဘူး။

http://plannedparenthood.tumblr.com/post/83105858673/does-pulling-out-work-better-or-worse-than-using


http://bedsider.org/questions/198-how-effective-is-withdrawal-at-preventing-pregnancy

 

Close

အကူအညီလုံးဝမဖြစ်ပါဘူး။ ဒါပေမဲ့ ဒါဟာ ရေချိုးတာထက်ပိုကောင်းပြီးတော့ ခန္ဓာကိုယ်ရဲ့ အပြင်ဘက်မှာ သုတ်ပိုးရှင်သန်နေနိုင်တဲ့ လိင်ဆက်ဆံပြီး(၆)နာရီအတွင်း သုတ်ပိုးနဲ့ထိတွေ့ထားတဲ့ ဘယ်ခန္ဓာကိုယ်အစိတ်အပိုင်းမှ ယောနိလမ်းကြောင်းနားမရောက်အောင်တော့ စိတ်ချသေချာစေ ပါတယ်။

http://www.your-life.com/en/contraception-methods/other-methods/withdrawal-method/

 

Close

ပိုမိုယုံကြည်စိတ်ချရတဲ့ သန္ဓေတားနည်းအကြောင်း စိတ်ဝင်တစားနဲ့မေးလို့ ၀မ်းသာပါတယ်။ အမျိုးသားသုံးကွန်ဒုံး၊ အမျိုးသမီးသုံးကွန်ဒုံး၊ အရေးပေါ်သားဆက်ခြားဆေးနဲ့ သားဆက်ခြား သောက်ဆေး တွေလိုမျိုး နည်းလမ်းမျိုးစုံကို ဆိုင်ကောင်တာတွေမှာ ၀ယ်ယူရရှိနိုင်ပါတယ်။ ဒါတွေကို ကုန်မျိုးစုံဆိုင်တွေနဲ့ ဆေးဆိုင်တွေတော်တော်များများမှာ ၀ယ်ယူရရှိနိုင်ပါတယ်။

http://bedsider.org/questions/119-what-are-my-options-if-i-want-something-more-effective-than-withdrawal-but-don-t-want-to-visit-a-doctor?tag=withdrawal

Close

သုတ်ရည်ပြင်ပစွန့်ထုတ်နည်းကို ပိုမိုလွယ်ကူစေမယ့် လိင်ပိုင်းဆိုင်ရာအနေအထားမရှိပါဘူး။ ဒါပေမယ့် ခပ်စောစောထုတ်လွှတ်နိုင်စေတဲ့ ပိုမိုတက်ကြွလာစေမယ့် အနေအထားတချို့တော့ရှိပါတယ်။ ဘေးထွက်ဆိုးကျိုးနည်းပါးပြီး မိမိစိတ်ကြိုက်အနေအထားနဲ့ခံစားနိုင်စေမယ့် ပိုမိုလုံခြုံတဲ့ တခြားနည်းလမ်းတွေရှိပါတယ်။

(ကျွန်ုပ်တို့ရဲ့ “သန္ဓေတားခြင်းနည်လမ်းများအား လေ့လာခြင်း” ကဏ္ဍကို ရှာဖွေဖတ်ရှုဖို့ ဤနေရာမှာ နှိပ်ပါ)

Close

လိင်ဆက်ဆံတဲ့နေရာမှာ ဆက်ဆံသူနှစ်ဦးလုံးဟာ သူတို့ရဲ့ကျန်းမာရေးအတွက် ကိုယ်ဝန်မရအောင် ကာကွယ်ရုံသာမက လိင်ကနေတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကိုကာကွယ်ဖို့လည်း  တာဝန်ရှိပါတယ်။ သုတ်ရည်ပြင်ပထုတ်တဲ့နည်းလမ်းကိုသုံးတာက ကွန်ဒုံးတွေ (ဒါမှမဟုတ်) တခြားသန္ဓေတားနည်း တွေကိုသုံးတာထက် ကိုယ်ဝန်ရသွားနိုင်ချေပိုများပါတယ်။ ဒီနည်းလမ်းက စုံတွဲတွေကိုလိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကနေလည်း ကာကွယ် မပေးနိုင်ပါဘူး။တချို့တွေက သူတို့ရဲ့လိင်ဆက်ဆံဖော်ကို သုတ်ရည်ပြင်ပထုတ်တဲ့နည်းလမ်းသုံးဖို့ ဖိအားပေးတာက ဖြစ်သင့်တယ်လို့ ယူဆကြပါတယ်။ တကယ်တော့ ဒါဟာမဖြစ်သင့်ပါဘူး။ တကယ်လို့ လိင်ဆက်ဆံဖော်က အကာအကွယ်မပါဘဲ (ဒါမှမဟုတ်) သန္ဓေတားနည်းမသုံးဘဲ လိင်ဆက်ဆံရတာ သက်သောင့်သက်သာမရှိရင်တော့ အချင်းချင်းပြန်ဆွေးနွေးသင့်ပါတယ်။ ကိုယ့်ရဲ့လိင်ဆက်ဆံဖော်မလုပ်ချင်တာကို အတင်းဖိအားမပေးသင့်ပါဘူး။

http://www.nhs.uk/conditions/contraception-guide/pages/partner-wont-use-condoms.aspx#healthy

 

Close

သင်သုတ်လွှတ်မယ့်အချိန်ကို သုတ်ရည်ပြင်ပထုတ်တဲ့နည်းလမ်းက သင့်အတွက်ထိရောက်မှုရှိမှာ မဟုတ်ပါဘူး။ တကယ်လို့ အချိန်မီဆွဲထုတ်တယ်ဆိုရင်တောင်မှ ကိုယ်ဝန် ရှိနိုင်ချေသွား နိုင်ချေများပါတယ်။ တချို့သောသုတေသေနပြုသူတွေက သုတ်မလွှတ်ခင် အချိန်မှာ ထွက်ရှိတဲ့အရည်ထဲမှာပါနေတဲ့သုတ်ပိုးနဲ့ အရင်သုတ်မလွှတ်မီထွက်ရှိတဲ့ အရည်မှာပါနေတဲ့ သားအိမ်တွင်း ကျန်ခဲ့တဲ့သုတ်ပိုးတွေပေါင်းပြီး ကိုယ်ဝန်ရှိသွားနိုင်တဲ့သုတ်ပိုးအရေအတွက် အလုံအလောက်ဖြစ်သွားနိုင်တယ်လို့ ပြောကြပါတယ်။ သုတ်ရည်ပြင်ပထုတ်တဲ့နည်းလမ်းသုံးတာက အတိမ်းအစောင်းဖြစ်နိုင်ချေများပြီး ကွန်ဒုံး(ဒါမှမဟုတ်) သန္ဓေတားဆေးတွေလိုမျိုး ပိုမိုယုံကြည်စိတ်ချရတဲ့နည်းတွေထက် ပိုစိုးရိမ်ရပါတယ်။

http://www.your-life.com/en/contraception-methods/other-methods/withdrawal-method/

 

Close

သုတ်မလွှတ်မီထွက်ရှိတဲ့အရည်တွေမှာ ပါနေတတ်တဲ့သုတ်ပိုးတွေ ရှိနေနိုင်တာကြာင့် အရင်သုတ်မလွှတ်မီထွက်ရှိတဲ့ အရည်တွေမှာပါနေပြီးကြွင်းကျန်ခဲ့တဲ့သုတ်ပိုးတွေ ကင်းစင်သွားအောင် လိင်မဆက်ဆံမီ ဆီးသွားသင့်ပါတယ်။ ဒီလိုလုပ်တာက အမျိုးသမီးရဲ့သားဥအိမ်အတွင်း သုတ်ပိုးတွေဝင်ရောက်  သွားနိုင်ချေကို လျှော့ချပေးပါတယ်။ထပ်လောင်းပြောရရင်တော့ သုတ်ရည်ပြင်ပ ထုတ်တဲ့နည်း လမ်းပိုမိုထိရောက်စေဖို့ လေ့ကျင့်လို့ရပါတယ်။ တစ်ကိုယ်ရည် စိတ် ဆန္ဒဖြေဖျောက်ခြင်းကနေ လူတစ်ဦးဟာ သူ့ရဲ့လိင်ပိုင်း ဆိုင်ရာတုန့်ပြန်မှုတွေ အကြောင်း  ပိုမိုသိရှိလာနိုင်ပြီးတော့ သုတ်လွှတ်မှုကိုထိန်းချုပ်လာနိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ ဒီဆွဲထုတ်တဲ့နည်းလမ်း ပိုမိုထိရောက်မှုရှိစေဖို့အတွက် လိင်ဆက်ဆံဖော်အသစ် တွေဟာ သုတ်ပိုးကိုသေစေတဲ့ (ဒါမှမဟုတ်) မျိုးအောင်စေတဲ့နည်းလမ်းတွေကို သုံးချင်တဲ့အတွက် ဒီနည်းလမ်းတွေက အမျိုးသမီးရဲ့ရာသီစက်ဝန်းကို အနည်းနဲ့အများသက်ရောက်မှုရှိသလားဆိုတာ လေ့လာချင်ကြပါတယ်။

http://www.feministcenter.org/health-wellness-services/comprehensive-gyn/birth-control-options/birth-control-information/108-pulling-out

 

Close

သင့်ရဲ့လိင်ဆက်ဆံဖော်က သုတ်ရည်ပြင်ပထုတ်တဲ့နည်းလမ်းကို မှန်မှန်ကန်ကန် တိတိကျကျ အသုံးပြုတယ်လို့ သင်ယုံကြည်တယ်ဆိုရင်တောင်မှ သုတ်ပိုးက ယောနိလမ်းကြောင်းထဲကို အချိန်မရွေး ၀င်ရောက်သွားနိုင်တာကြောင့် ကိုယ်ဝန်ရှိသွားနိုင်ချေရှိပါတယ်။ သုတ်ပိုးဟာ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်အပြင်ဖက်၊ ဥပမာ-လက်တွေ့မှာ (၆)နာရီကြာအသက်ရှင်နိုင်ပါတယ်။ လိင်ဆက်ဆံမှုမပြုမီ လှုံ့ဆော်နှိုးဆွရာကနေ (ဒါမှမဟုတ်) တခြားပုံစံတွေကြောင့် သုတ်ပိုးတွေ အမျိုးသမီးဆီကို ရောက်ရှိသွားပြီး သူ့ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေနဲ့အတူပါသွားကာ သားအိမ်ထဲကိုရောက်ရှိ သွားနိုင်ပါတယ်။ ဆီးလမ်းကြောင်းထဲမှာသုတ်မလွှတ်ခင်  ထွက်ရှိထားတဲ့ သုတ်ရည်တွေနဲ့အတူပါရှိလာတဲ့သုတ်ပိုးဟာ သုတ်မလွှတ်ခင်ထွက်လာတဲ့ အရည်တွေနဲ့အတူ အမျိုးသမီးခန္ဓာကိုယ်ထဲ ကိုရောက်သွားရင် အလွယ်တကူနဲ့ကိုယ်ဝန်ရှိ သွားနိုင်ပါတယ်။

Close

သုတ်ရည်ပြင်ပထုတ်တဲ့နည်းလမ်းက လွတ်လပ်ပြီး ဟော်မုန်းဓာတ်ပစ္စည်းတွေမပါတဲ့အပြင် ဘယ်အချိန်မဆို အသုံးပြုလို့ရပါတယ်။ ဒီနည်းလမ်းဟာမှန်မှန်ကန်ကန်တိတိကျကျသုံးရင် ကိုယ်ဝန်ရနိုင်ချေကို အောင်အောင်မြင်မြင်တားဆီးပေးပေမယ့် ကိုယ့်ကိုယ်ကို ကောင်းကောင်း ကြီးထိန်းချုပ်နိုင်ဖို့ လိုအပ်တယ်ဆိုတာကိုတော့ သတိရပါ။

http://www.your-life.com/en/contraception-methods/other-methods/withdrawal-method/

Close

လိင်ဆက်ဆံနေစဉ်အတွင်းမှာ အမျိုးသားက သုတ်လွှတ်တော့မယ်လို့ခံစားရပြီဆိုရင် (ဒါမှမဟုတ်) စိတ်ခံစားမှုအမြင့်ဆုံးမရောက်ခင်အချိန်မှာ သူ့ရဲ့လိင်တံကို ယောနိလမ်းကြောင်းထဲကနေ ဆွဲထုတ်ရပါမယ်။ သူသုတ်လွှတ်လိုက်တဲ့အခါ (ဒါမှမဟုတ်) ယောနိလမ်းကြောင်းအပြင်ဖက်ကို  ထွက်လာတဲ့အခါ သူ့ရဲ့သုတ်ပိုးတွေ သူ့လိင်ဆက်ဆံဖော်ရဲ့အင်္ဂါပေါ် ဖိတ်မကျရပါဘူး။ ဒီနည်းလမ်းကိုသုံးချင်တဲ့ အမျိုးသားတွေဟာ သူတို့ရဲ့လိင်ပိုင်းဆိုင်ရာတုန့်ပြန်မှုကို ကိုယ့်ကိုယ်ကိုကောင်းကောင်း နားလည်ဖို့လိုပါတယ်။ သူတို့ရဲ့ သုတ်လွှတ်ချင်တာကို မထိန်းနိုင်တော့တဲ့ လိင်ပိုင်းဆိုင်ရာစိတ်ခံစားမှုအမြင့်ဆုံးအချိန်ကိုလည်း သိဖို့လိုအပ်ပါတယ်။ ဒီနည်းလမ်းကိုလေ့ကျင့်ဖို့အတွက် ကိုယ်ဘယ်အချိန်မှာလိင်စိတ်ခံစားမှုအမြင့်ဆုံးလဲ၊ ပြီးတော့ (ယောနိလမ်းကြောင်း၊သားဥအိမ်အပြင်ဘက်) စိတ်ချရတဲ့နေရာရောက်မှ သုတ်လွှတ်ချင်တဲ့စိတ် ဆန္ဒဖြစ်ပေါ်လာအောင် ထိန်းချုပ်နိုင်ဖို့တွေကို လေ့လာမှာဖြစ်ပါတယ်။ဆွဲထုတ်တဲ့နည်းလမ်းက သင့်အတွက်အဆင်မပြေဘူးဆိုရင် သင်ရွှေးချယ်စရာတခြားနည်းလမ်းတွေ အများကြီးရှိပါသေးတယ်။ နည်းလမ်းရွှေးချယ်တဲ့နေရာမှာ အကူအညီလိုတယ်ဆိုရင်တော့ သင့်အတွက်သင့်တော်မယ့် တခြားနည်းလမ်းတွေကို လေ့လာနိုင်မယ့် တခြားသားဆက်ခြားနည်းဝက်ဘ်ဆိုဒ်တွေမှာ ၀င်ရောက်ရောက်ကြည့်ရှုနိုင်ပါတယ်။

http://www.plannedparenthood.org/learn/birth-control/withdrawal-pull-out-method

Close

line

မေးခွန်းမေးရန်

အမည် (လိုအပ်ပါသည်):
အီးမေးလ် (လိုအပ်ပါသည်):
မေးလိုသည့်အကြောင်းအရာ: