လက်မောင်းတွင်းထိုးသွင်း သားဆက်ခြားနည်း ကျွန်မတို့ကိုမေးမြန်းနိုင်ပါတယ်

ကျွန်မတို့ကို မေးမြန်းနိုင်ပါတယ်

မေးခွန်းအမျိုးအစားကို ရွေးချယ်ပါ။

လက်မောင်းတွင်းထိုးသွင်းသားဆက်ခြားနည်းဆိုတာမီးခြစ်ဆံအရွယ်အစားလောက်ရှိတဲ့ပလတ်စတစ်တုတ်ချောင်းငယ်လေးကို လက်မောင်းထဲထိုးသွင်းရတာဖြစ်ပြီး ကိုယ်ဝန်ဆောင်ခြင်းကို ကာကွယ်ဖို့ဟော်မုန်း တွေကိုဖြည်းဖြည်းချင်းထုတ်ပေးပါတယ်။

Close

အမျိုးအစားပေါ်မူတည်ပြီး၃နှစ်မှ၅နှစ်ထိခံပါတယ်။

Close

ဒါဟာမြင်နိုင်တဲ့ အရာတစ်ခု ဖြစ်ပေမယ့် အများအားဖြင့် သတိမပြုမိကြပါဘူး။ပုံမှန်အားဖြင် သင်မပြမချင်း တော့ဒီပစ္စည်းကိုအများအားဖြင့်မမြင်နိုင်ပါဘူး။

Close

အချိန်မရွေးဖယ်ထုတ်နိုင်ပါတယ်။ဒါပေမဲ့ကျွမ်းကျင်တဲ့ကျန်းမာရေးဝန်ထမ်း(သို့မဟုတ်)ဆရာဝန်ထံသွားရောက်ဖို့လိုပါတယ်။

Close

လက်မောင်းတွင်းထိုးသွင်းသားဆက်ခြားပစ္စည်းဟာကလေးမွေးဖွားမှုကိုထိန်းချုပ်ပေးဖို့ဖြည်းဖြည်းချင်းလုပ်ဆောင်ပေးတယ်။ပစ္စည်းထဲကဟော်မုန်းဟာခန္ဓာကိုယ်ထဲရှိသားဥအိမ်ကမမျိုးဥများကြွေတာကိုရပ်ဆိုင်းခြင်းဖြင့်ကိုယ်ဝန်ဆောင်ခြင်းကိုတားဆီးပေးပါတယ်။ပြီးတော့သားအိမ်ခေါင်းမှာအကျိအချွဲတွေကိုထူထဲအောင်လုပ်ပေးပြီးမမျိုးဥတွေဆီသုတ်ပိုးရောက်မလာအောင်တားဆီးပေးပါတယ်။

http://bedsider.org/methods/implant#details_tab

Close

မကိုင်တွယ်မထိတွေ့ရင်တော့အများအားဖြင့်မခံစားမိပါဘူး။ထည့်ပြီးနောက်အနာနည်းနည်းရှိပေမယ့်ရက်အတော်ကြာရင်တော့ပျောက်ကင်းသွားပါတယ်။ဒါပေမဲ့သားဆက်ခြားပစ္စည်းရဲ့ရှားပါးပြီးတွေ့ရခဲတဲ့အကျိုးအာနိသင်ကတော့လက်မောင်းထဲရှိနေစဉ်အတောအတွင်းထိုးသွင်းတဲ့နေရာနားမှာနူးနူးညံ့ညံ့လေးရှိနေတာပါပဲ။

Close

ကလေးမွေးဖွားမှုကိုထိန်းချုပ်ပေးတဲ့လက်မောင်းတွင်းထိုးသွင်းသားဆက်ခြားပစ္စည်းဟာအကျိုးသက်ရောက်မှုရှိပါတယ်။၁နှစ်မှာအမျိုးသမီး၁၀၀မှာ၁ယောက်လောက်တောင်မရှိတဲ့ပမာဏသာဒီပစ္စည်းသုံးပြီးကိုယ်ဝန်ရှိလာတာပါ။၉၉ရာခိုင်နှုန်းအကျိုးသက်ရောက်မှုရှိပါတယ်။

http://plannedparenthood.org/learn/birth-control/birth-control-implant-implanon

Close

လက်ရှိမှာတော့သားဆက်ခြားပစ္စည်းဟာအခြားနည်းလမ်းတွေလောက်တွင်တွင်ကျယ်ကျယ်မရရှိနိုင်သေးပါ

း။မြန်မာနိုင်ငံရဲ့ မြို့ကြီးများမှာရှိတဲ့ ဆေးရုံကြီးတွေမှာသာရနိုင်ပါတယ်။

Close

စိုးရိမ်စရာမရှိပါဘူး။ ပူပန်လောက်တဲ့ကိစ္စလည်းမဟုတ်ပါဘူး။ မူမမှန်ဓမ္မာတာဆင်းခြင်းဟာ ခန္ဓာကိုယ်အတွင်းထည့်သွင်းတဲ့ပစ္စည်းရဲ့ယေဘူယျဘေးထွက်ဆိုးကျိုးပါဘဲ။ အဆိုပါမူမမှန်သွေးဆင်းခြင်းဟာ မူမမှန်တဲ့အစက်အပြောက်ထွက်ခြင်း၊ အချိန်ရှည်ကြာတဲ့သွေးဆင်းခြင်း (သို့) ပုံမှန်မဟုတ်သည့်သွေးမဆင်းခြင်း (ရာသီသွေးပါ အတူတကွရပ်ဆိုင်းသွားခြင်းအား ဆိုလိုသည်) လိုမျိုး ပုံစံအမျိုးမျိုးဖြစ်ပွားနိုင်ပါတယ်။ အမှန်တကယ်တော့ အမျိုးသမီး (၁၇.၇) ရာခိုင်နှုန်းဟာ အဆိုပါပစ္စည်းထည့်သွင်းခြင်းဆိုင်ရာ လက်တွေ့စမ်းသပ်မှုအတွင်းမှာ အစက်အပြောက်ထွက်ခြင်း (သို့) အနည်းဆုံး (၁၄) ရက်ဆက်တိုက်သွေးဆင်းခြင်းတို့ ခံစားရနေကြရပါတယ်။

ဒါကြောင့် သင်ခံစားနေရတဲ့အရာတွေက သာမာန်ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်ပါတယ်။ ကံမကောင်းစွာဘဲ အဲ့ဒါဘယ်အချိန်မှာရပ်သွားမလဲဆိုတာကို သိနိုင်တဲ့နည်းလမ်းတော့မရှိပါဘူး။ လူတိုင်းရဲ့အတွေ့အကြုံတွေက အနည်းငယ်စီကွဲပြားနိုင်ပြီး အသုံးပြုပြီးလအနည်းငယ်အကြာအထိ တချို့တွေမှာ ပုံမှန်သွေးဆင်းခြင်းပြန်မဖြစ်တတ်ပေမယ့် တချို့မှာတော့ ထည့်သွင်းပြီးနောက်ပိုင်းအချိန်တွေမှာ ဘေးထွက်ဆိုးကျိုးတွေ ကျန်ရှိနေတတ်ပါတယ်။ ထည့်သွင်းထားစဉ်အချိန်အတွင်း ရာသီသွေးပျောက်ဆုံးသွားတဲ့အမျိုးသမီးတွေအတွက်ကတော့ ရေရှည်မျိုးအောင်နိုင်စွမ်းအပေါ်သက်ရောက်မှုမရှိတဲ့ ဘေးထွက်အကျိုးဆက်ပါဘဲ။

ပုံမှန်မဟုတ်ခြင်းတွေဟာ အသုံးပြုသူအများစုမှာ ရပ်တန့်သွားတတ်တာကြောင့် ဒီနည်းနဲ့ သားဆက်ခြားတာက သင့်အတွက်မှန်ကန်တဲ့ရွေးချယ်မှုလို့ ခံစားရတယ်ဆိုရင် နည်းနည်းလောက်ထပ်ပြီး မျှော်လင့်ချက်ကိုဆက်လက်ဆုပ်ကိုင်ထားဖို့ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် သင်က ဒီပစ္စည်းထည့်သွင်းခြင်းရဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့် နေရထိုင်ရခက်တယ်ဆိုရင်တော့ တခြားသန္ဓေတားနည်းလမ်းတွေရှာဖွေဖို့ စဉ်းစားသင့်ပါတယ်။

Sources: http://goaskalice.columbia.edu/answered-questions/implanon-and-bleeding-between-periods

Close

လက်မောင်းတွင်းထိုးသွင်း သားဆက်ခြားပစ္စည်းဟာခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေဆီမရောက်နိုင်ပါဘူးထည့်ပြီးလေးလအကြာမှာ ကိရိယာလေးဟာ အရေးပြားပေါ်မှာပေါ်နေတာ တစ်မျိုးတော့ ဖြစ်တတ်ပေမယ့် ဒါဟာအင်မတန်ရှားပါးပြီး ဖြစ်ခဲတဲပ အခြေအနေ တစ်ခုပါ။ သားဆက်ခြား ပစ္စည်းကိုကောင်းကောင်း မထည့်နိုင်တာ(ဒါမှမဟုတ်)ထိုးသွင်းလိုက်တဲ့နေရာမှာရောဂါပိုးကူးစက်ခံထားရတာကြောင့်ပုံမှန်အားဖြင့်ဒီလိုဖြစ်လာရတာပါ။ဒါမျိုးဖြစ်လာရင်တော့တတ်နိုင်ရင်အမြန်ဆုံးထည့်ပေးလိုက်တဲ့ဆေးခန်းကိုပြန်သွားပြသင့်ပါတယ်။အရံသားဆက်ခြားနည်းလမ်းကိုလည်းအချိန်မီအသုံးပြုသင့်ပါတယ်။ဆရာဝန်တွေကလည်းသန္ဓေတားအချောင်းငယ်တွေကိုပြန်လည်အစားထိုးပေးနိုင်ပါတယ်။

http://www.ippf.org/our-work/what-we-do/contraception/myths/implants

Close

ကျွမ်းကျင်တဲ့ဆရာဝန်တွေကတော့သားဆက်ခြားပစ္စည်းကိုထည့်ဖို့အသေးစားခွဲစိတ်မှုလေးလုပ်ကြတယ်။ပစ္စည်းကိုထိုးသွင်းနေစဉ်နာကျင်တာကိုကာကွယ်ဖို့လက်မောင်းအရေပြားအောက်ကိုထုံဆေးထိုးပေးပါတယ်။အဲဒီနောက်အပ်ချောင်းပုံစံထိုးသွင်းပစ္စည်းကိရိယာသုံးပြီးတော့ပစ္စည်းကိုလက်မောင်းအပေါ်ပိုင်းအရပြားနဲ့ကြွက်သားအလွှာကြားထဲကိုထည့်ပေးပါတယ်။ထည့်နေစဉ်အတွင်းမှာလည်းအမျိုးသမီးဟာနိုးထပြီးသတိရှိနေမှာပါ။ဆရာဝန်ရဲ့ကျွမ်းကျင်မှုအရည်အသွေးနဲ့သားဆက်ခြားပစ္စည်းအမျိုးအစားပေါ်မူတည်ပြီးပျမ်းမျှအားဖြင့်၂-၃မိနစ်အတွင်းအချိန်ယူရပါတယ်။

http://www.ippf.org/our-work/what-we-do/contraception/myths/implants

Close

အမျိုးအစားပေါ်မူတည်ပြီးသားဆက်ခြားပစ္စည်းတွေဟာ၁ချောင်းသုံး(သို့မဟုတ်)၂ချောင်းသုံးဖြစ်နိုင်ပါတယ်။သားဆက်ခြားပစ္စည်းတွေဟာမီးခြစ်ဆံချောင်းအရွယ်အစားပတ်လည်နီးပါးရှိပါတယ်။၂ချောင်းသုံးသားဆက်ခြားပစ္စည်းမှာဟော်မုန်းများများပါဝင်ပြီး၁ချောင်းသုံးသားဆက်ခြားပစ္စည်းတွေထက်ပိုပြီးကြာကြာကာကွယ်မှုပေးနိုင်ပါတယ်။၂ခုစလုံးအကျိုးအာနိသင်အတူတူပါပဲ။သားဆက်ခြားပစ္စည်းသုံးစွဲသူတွေကြား ၁ရာခိုင်နှုန်းအောက်နည်းတဲ့ပမာဏသာကိုယ်ဝန်ဆောင်နှုန်းရှိပါတယ်။

http://www.path.org/publications/files/RHSC_all_br.pdf

Close

တချို့အမျိုးသမီးတွေမှာဟော်မုန်းဆိုင်ရာသားဆက်ခြားပစ္စည်းထည့်ပြီးနောက်ဓမ္မတာရပ်သွားတတ်ကြတယ်။ဒါဟာစိုးရိမ်စရာမဟုတ်ပါဘူး။တစ်လတစ်ကြိမ်သားဥအိမ်ကနေသားဥတွေမထုတ်တော့ဘဲသားဥတွေကိုအနားပေးလိုက်တဲ့သဘောပါပဲ။သားဥအိမ်တွေကသားဥမထုတ်ပေးတဲ့အခါသားအိမ်လမ်းကြေားင်းဟာမထူထဲလာတော့ဘဲဓမ္မတာလည်းမဆင်းတော့ပါဘူး။သားဆက်ခြားပစ္စည်းထုတ်လိုက်ပြီးနောက်ဓမ္မတာဟာအရင်အတိုင်းပုံမှန်ပြန်ဖြစ်လာပါလိမ့်မယ်။

http://youngwomenshealth.org/2011/07/13/hormonal-implants/

Close

ဖယ်ထုတ်ပြီးတာနဲ့နဂိုအတိုင်းကိုယ်ဝန်ပြန်ဆောင်နိုင်ပါတယ်။လေ့လာချက်များအရဖယ်ထုတ်ပြီး၁နှစ်အကြာကိုယ်ဝန်ဆောင်နှုန်းဟာ၇၆ရာခိုင်နှုန်းကနေ၁၀၀ရာခိုင်နှုန်းထိရှိတယ်။

http://www.nhsdirect.wales.nhs.uk/encyclopaedia/c/article/contraceptiveimplantsandinjections/?print=1 ; http://www.ncbi.nlm.nih.gov/pubmed/11861053

Close

သင့်ရဲ့ပထမဓမ္မတာချိန်၇ရက်အတွင်းမှာလက်မောင်းထဲထည့်ပြီးတာနဲ့၂၄နာရီအတွင်းစတင်ပြီးသန္ဓေတားခြင်းလုပ်ဆောင်ပေးပါတယ်။သို့သောလည်းထိုးသွင်းပြီးနောက်(၇)ရက်လောက်ကွန်ဒုံးသုံးဖို့လိုအပ်ပါတယ်။

http://youngwomenshealth.org/2011/07/13/hormonal-implants/

Close

လက်မောင်းတွင်းထိုးသွင်းသားဆက်ခြားပစ္စည်းဟာတင်ပါးဆုံရောင်ရမ်းရောဂါ၊သားအိမ်ခေါင်းမှအကျိအချွဲတွေဟာသားအိမ်တွင်းသို့ဘက်တီးရီးယားဝင်ရောက်ခြင်းကိုကာကွယ်ပေးပြီးသားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုကိုလည်းကာကွယ်ပေးပါတယ်။ဒါ့အပြင်ဓမ္မတာအလွန်အကျွံဆင်းမှု(ဒါမှမဟုတ်)ဓမ္မတာချိန်နာကျင်ခြင်းတွေကိုလည်းလျှော့ချပေးနိုင်ပါတယ်။

http://www.nhsdirect.wales.nhs.uk/Encyclopaedia/c/article/contraceptiveimplantsandinjections/#Advantages

Close

နို့တိုက်ကျွေးနေစဉ်အချိန်အတွင်းမှာ ခန္ဓာကိုယ်အတွင်းထည့်သွင်းတဲ့ပစ္စည်းကိုအသုံးပြုတာက ဘေးကင်းလုံခြုံပါတယ်။

Sources: http://www.nhs.uk/conditions/contraception-guide/pages/contraceptive-implant.aspx

Close

line

မေးခွန်းမေးရန်

အမည် (လိုအပ်ပါသည်):
အီးမေးလ် (လိုအပ်ပါသည်):
မေးလိုသည့်အကြောင်းအရာ: