အထွေထွေ မေးခွန်းများ ကျွန်မတို့ကိုမေးမြန်းနိုင်ပါတယ်

ကျွန်မတို့ကို မေးမြန်းနိုင်ပါတယ်

မေးခွန်းအမျိုးအစားကိုရွေးချယ်ပါ

ဒါကတော့ ဘယ်လိုသားဆက်ခြားနည်းကိုသုံးတာလဲဆိုတာပေါ် မူတည်ပါတယ်။ တချို့သားဆက်ခြားနည်း တွေရဲ့အကျိုးသက်ရောက်မှုက သင်စအသုံးပြုတဲ့အချိန်ပေါ်မှာမူတည်ပါတယ်။ ဥပမာ ဓမ္မတာလာနေချိန်မှာ လက်မောင်းတွင်းထိုးသွင်းသားဆက်ခြားဆေးထိုးရင် (ဒါမှမဟုတ်) သားအိမ်တွင်း ထည့်သားဆက်ခြားပစ္စည်း အသုံးပြုရင် ချက်ချင်း အကျိုးသက်ရောက်မှုရှိပါတယ်။ ဒါပေမဲ့ သင့်ဓမ္မတာလာချိန်မှာစသုံးတာမဟုတ်ရင်တော့ အဲ့သားဆက်ခြားနည်းအကျိုးသက်ရောက်မှုရှိလာတဲ့အချိန်အထိတစ်ပတ်လောက် အကာအကွယ်နဲ့ နေသင့်ပါတယ်။ဟော်မုန်းနှစ်မျိုးပါသားဆက်ခြားဆေးကို ဓမ္မတာလာချိန်ကနေ နောက်()ရက်အတွင်း စသောက်တယ်ဆိုရင် ကိုယ်ဝန်မရစေဖို့ ချက်ချင်းကာကွယ်ပြီးသားဖြစ်သွားမှာပါ။ယောနိလမ်းကြောင်းထိ အတူဆက်ဆံပြီးတဲ့ သကာလမှာ တခြားသက်ဆက်ခြားနည်း ဖြစ်တဲ့ အကာအကွယ်ကို သုံးပြီးအတူနေရင်းနဲ့ ပရိုဂျက်စတုန်းသီးသန့်ပါသားဆက်ခြားဆေးကို ၄၈နာရီအတွင်းသောက်ခြင်းဖြင့် နှစ်ရက်ကြာပြီးနောက်မှာ ချက်ချင်းအကျိုးသက်ရောက်ပါတယ်။ သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်းကတော့ သုံးပြီးချက်ချင်းအကျိုးသက်ရောက်မှုရှိပါတယ်။ဒီကိရိယာက သင့်ခနာကိုယ်ထဲမှာထည့်သွင်းပြီးတာနဲ့ချက်ချင်းပဲသင့်ကို ကိုကိုယ်ဝန်မရအောင်တားဆီးပေးမှာပါ။

Close

ဓမ္မတာလာတာဟာ သင့်အတွက် ဒုက္ခတစ်ခုဖြစ်ကောင်းဖြစ်နေမှာပါ။ဒါပေမဲ့ သတင်းကောင်းရှိပါတယ်။ တချို့သားဆက်ခြားနည်းတွေဟာ သင့်ဓမ္မတာကို ရပ်သွားအောင်လုပ်ပေးနိုင်ပါတယ်။ တကယ်လို့ ဓမ္မတာလာတာဟာ သင့်ကိုစိတ်အနှောက်အယှက် ဖြစ်စေရင် (ဒါမှမဟုတ်) ရက်ကြာကြာ နဲ့ရာသီသွေးများများ ဆင်းတာမကြိုက်တဲ့သူ ဆိုရင် သားဆက်ခြားဆေးထိုးတာ၊ ခနာကိုယ်ထဲကို သားဆက်ခြားကိရိယာထည့်သွင်းတာတွေဟာ ရွေးချယ် သင့်တဲ့နည်းလမ်းတွေပါပဲ။ လက်မောင်းတွင်း သားဆက်ခြားဆေးထိုးသွင်းတာက သင့်ဓမ္မတာကို နည်းသွားစေနိုင်ပြီး နာကျင်ကိုက်ခဲတာကိုလည်းလျော့ပါးစေတဲ့အပြင် တချို့အမျိုးသမီးတွေမှာဆိုရင် ဓမ္မတာဟာ ရပ်သွားတတ်ပါတယ်။

Close

ဘယ်ဆေးဝါးမဆို အနည်းနဲ့အများတော့ ဘေးထွက်ဆိုးကျိုးရှိကြတာပါပဲ။ ဒါပေမဲ့ လူတွေက ဆိုးကျိုးတွေကိုကြားပြီးတဲ့အခါ အဲ့ဒါတွေကိုခေါင်းထဲမှာစွဲနေတတ်ကြပါတယ်။ ဒါကတော့ ကျွန်မတို့ အားလုံးဖြစ်တတ်ကြတဲ့ လူ့သဘာဝပါပဲ။ ဒါပေမဲ့ ဆေးဝါးကုမ္ပဏီတွေက သင်ကြုံတွေ့ရနိုင်ချေရှိတဲ့ ဆေးဝါးတွေရဲ့ တော်တော်လေးဖြစ်တောင့်ဖြစ်ခဲ ဘေးထွက်ဆိုးကျိုးတွေအပါအ၀င် ကြောက်စရာ ဘေးထွက်ဆိုးကျိုးတွေအားလုံးကို စာရင်းပြုစုပြီးသားဆိုတာ သတိရပါ။ ဒါကြောင့် သားဆက်ခြားနည်း သုံးဖို့ လက်လျော့ပြီးနောက်မဆုတ်လိုက်ခင် အညွှန်းစာထဲမှာတော့ ကြောက်စရာကောင်းတဲ့ပုံစံဖော်ပြ ထားပေမယ့် အန္တရာယ်မရှိတဲ့ ပါရာစီတမောရဲ့ဘေးထွက်ဆိုးကျိုးလိုမျိုး သာမာန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကို အရင်စဉ်းစားချင့်ချိန်ကြည့်ပါ။ သင်ကလေးယူဖို့အဆင်သင့်မဖြစ်သေးဘူး ဆိုရင်တော့သားဆက်ခြားနည်းတွေကတကယ်ကိုသုံးသင့်ပါတယ်။ကျွန်မတို့သိထားတဲ့ ဘေးထွက်ဆိုးကျိုးထက် ကိုယ်ဝန်ဆောင်တဲ့အခါ ပိုနိုင်တယ်ဆိုတာ ယုံပါ။ လူတိုင်းအတွက် သားဆက်ခြားနည်းတွေ အများကြီး ရှိပါတယ်။

Close

တကယ်လို့ ၀လာမှာစိုးရိမ်နေတယ်ဆိုရင် သားဆက်ခြားနည်းတွေရဲ့ ဘေးထွက်ဆိုးကျိုး တချို့က စိတ်ပျက်စရာကောင်းနေပါလိမ့်မယ်။ သင့်အချစ်ဆုံးသူငယ်ချင်းက သူ့ရဲ့ညီမ၀မ်းကွဲ သားဆက်ခြားနည်းတွေသုံးပြီး နောက်ပိုင်းဝလာတယ်ပြောလို့ သားဆက်ခြားဆေးသောက်တာကို ရပ်လိုက်ဖူးပါသလား။ ကျွန်မတို့ ဒီလိုဇာတ်လမ်းတွေကို မရေတွက်နိုင်လောက်အောင် ကြားခဲ့ဖူးပါ တယ်။ ဟော်မုန်းဆိုင်ရာ သားဆက်ခြားနည်းတွေက ဘေးထွက်ဆိုးကျိုးတွေရှိတာကို ကျွန်မတို့ မငြင်းပါဘူး။ ဒါပေမဲ့ အဲ့ဒီဘေးထွက်ဆိုးကျိုးတွေက သင်ထင်ထားသလောက်မဆိုးပါဘူး။ သင်တို့မှာ သားဆက်ခြားတာနဲ့ ပတ်သတ်တဲ့ အတွေ့အကြုံဆိုးတွေကို တွေ့ကြုံခံစားရဖူးတဲ့ ညီအစ်မ၀မ်းကွဲတွေ ရှိကောင်းရှိကြမှာပါ။ ဒါပေမဲ့ အဲ့ဒီလိုအတွေ့အကြုံဆိုးတွေက သားဆက်ခြားနည်းသုံးတိုင်း မလွဲမသွေကြုံရတဲ့အရာတွေမဟုတ်ပါဘူး။ ခြွင်းချက်တွေပါ။ အောက်မှာ သားဆက်ခြားတာနဲ့ ၀လာတာ တွေရဲ့ အကြောင်းအရင်း ၂ချက်ကို ပြောပြထားပါတယ်။

()သားဆက်ခြားဆေး သောက်တဲ့အမျိုးသမီးတွေဟာ သားဆက်ခြားနည်းမသုံးတဲ့ အမျိုးသမီးတွေထက် ၀မလာကြပါဘူး။ လေ့လာဆန်းစစ်မှုတွေ အကြိမ်ကြိမ်အခါခါပြုလုပ်တဲ့အခါ အကြိမ်တိုင်းမှာ သားဆက်ခြားဆေးတွေဟာ သုံးစွဲတဲ့အမျိုးသမီးတွေကို ၀မလာစေပါဘူးဆိုတဲ့ရလဒ် တစ်ခုတည်းပဲ ထွက်လာပါတယ်။ အမှန်တော့ သားဆက်ခြားနည်းတိုင်းက သုံးစွဲသူကို ၀မလာစေ ပါဘူး။ ။ တကယ်လို့ သင်က၀လာမှာအရမ်းစိုးရိမ်နေတယ်ဆိုရင် ၀လာနိုင်ချေကိုလျော့နည်းစေတဲ့ သားဆက်ခြားသောက်ဆေးကို သုံးစွဲနိုင်ပါတယ်။

()သားဆက်ခြားဆေးထိုးတာက တချို့အမျိုးသမီးတွေကိုတော့ ၀လာစေနိုင်ပါတယ်။ အမျိုးသမီး()ပုံ()ပုံကတော့ သားဆက်ခြားဆေးထိုးပြီးတဲ့အခါ ၀လာတတ်ကြပါတယ်။ လတ်တလောပြုလုပ်ခဲ့တဲ့လေ့လာမှုတွေအရ သန္ဓေတားဆေးထိုးတဲ့ အမျိုးသမီး()ယောက်မှာ ()ယောက်ဟာ သားဆက်ခြားဆေးထိုးပြီး()လအတွင်း ဆေးထိုးကာစမှာရှိခဲ့တဲ့ ကိုယ်အလေးချိန်ထက် ()ရာခိုင်နှုန်းလောက် အလေးချိန်တက်လာတတ်ကြပါတယ်။ ဒါပေမဲ့ သားဆက်ခြားဆေးထိုးထားတဲ့ အမျိုးသမီးအများစုက ကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်ပြီး လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ရင်း(ကျွန်မတို့အားလုံးလုပ်သင့်တဲ့အရာတွေလုပ်ပြီး) ကိုယ် အလေးချိန်ထိန်း နိုင်ကြပါတယ်။

Close

သားဆက်ခြားတာ၊ ကိုယ်အလေးချိန်တိုးလာတာတွေနဲ့ပတ်သတ်ပြီး သားဆက်ခြားနည်းလမ်းတွေရဲ့ သက်ရောက်မှုပုံစံက တစ်ခုနဲ့တစ်ခုမတူညီကြပါဘူး။ ကိုယ်အလေးချိန်အရမ်းများတာနဲ့ အ၀လွန်တာ တွေ၊ ပြီးတော့အ၀လွန်တာက လူတွေရဲ့ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလဲ ဆိုတာတွေဟာ လူပြောများနေတဲ့ကိစ္စတွေပါ။ ခန္ဓာကိုယ်ဝလာတာဟာ သားဆက်ခြားနည်းတွေ နဲ့ဆိုင်ပါသလား။ သတင်းကောင်း ကိုအရင်ပြောပါရစေ။ သားအိမ်တွင်း ထည့်ပစ္စည်း၊လက်မောင်းတွင်း ထိုးသွင်း သားဆက်ခြားကိရိယာ နဲ့ ကွန်ဒုံးသုံးတာတွေဟာ အလေးချိန်တိုးလာတဲ့ သတင်းဆိုးအနေနဲ့ အရေးပေါ် သားဆက်ခြားသောက်ဆေးတွေကတော့ ကိုယ်အလေးချိန်ကို တကယ်တက်လာစေ ပါတယ်။ သာမန်အသုံးပြုနေကြတဲ့ သားဆက်ခြား သောက်ဆေးတွေက ကိုယ်အလေးချိန်တိုးလာစေသလား ဆိုတာကိုတော့ ကျွန်မတို့ သေချာမသိပါဘူး။ ဒါကြောင့် ကိုယ်ဝန်မဆောင်ချင်တဲ့အ၀လွန်အမျိုးသမီးတွေ သူတို့အတွက် အထိရောက်ဆုံးဖြစ်မယ့် သားဆက်ခြားနည်းကိုအသုံးပြုတာဟာ အရေးကြီးပါတယ်။ လက်မောင်းတွင်းထိုး သွင်း သားဆက်ခြားကိရိယာ ထည့်သွင်းတာနဲ့ သားအိမ်တွင်းထည့်ပစ္စည်း(IUD )ထည့်သွင်းအသုံးပြုတာကတော့ အထိရောက်ဆုံးပါပဲ။ တကယ်လို့ သင်ကဒီသနေတားနည်းသုံးတာနဲ့ ကိုယ်အလေးချိန်တက်လာတတ်သလားဆိုတဲ့ အကြောင်းအရာကို စိတ်ဝင်စားတယ်ဆိုရင် သင့်ကျန်းမာရေး စောင့်ရှောက်သူထံက ကျန်းမာရေးထောာက်ခံချက်ကို သီးသန့် တောင်းခံသင့်ပါတယ်။

Close

သန္ဓေတားခြင်းဆိုတာ ကိုယ်ဝန်ရှိတာကိုကာကွယ်ဖို့ အကူအညီပေးတဲ့နည်းလမ်းတွေကို အသုံးပြုခြင်းဖြစ်ပါတယ်။ သန္ဓေတားနည်းလမ်း အများကြီးရှိပါတယ်။ အချို့နည်းတွေက သားဥကြွေခြင်း (သင့်သားဥအိမ်မှသားဥထုတ်လွှတ်တာ) ကိုကာကွယ်ပေးပြီး အခြားနည်းလမ်းတွေက သားဥအိမ်ဆီသုက်ကောင်တွေရောက်ရှိခြင်းမှ ကာကွယ်ပေးပါတယ်။ အချိန်ကြာကြာသုံးနိုင်လား၊ သားအိမ်ထဲထည့်ရတဲ့ သားဆက်ခြားပစ္စည်းတွေ ခဏတာသုံးလား၊ဆေးလုံး တွေသောက်သလို လွယ်လွယ်ရပ်လိုက်လို့ရလား အစရှိတဲ့ဘယ်သန္ဓေတားနည်းလမ်းက သင့်အတွက်အကောင်းဆုံးဖြစ်မလဲဆိုတာ ဖော်ထုတ်ဖို့ နည်းလမ်းအများကြီးရှိပါတယ်။ သန္ဓေတားခြင်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အတွက်သန္ဓေတားခြင်းကို စူးစမ်းရှာဖွေခြင်းဆိုတဲ့ အပိုင်းမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Source – http://fusion.net/story/186031/teens-birth-control-abortion-textbooks/

(သားဆက်ခြားနည်းလမ်းများ ကြည့်ရန် ဤနေရာကိုနှိပ်ပါ)

Close

အမျိုးသမီး၊အမျိုးသားသုံး ကွန်ဒုံးတွေက လိင်ဆက်ဆံရာကတဆင့် ကူးစက်နိုင်တဲ့ရောဂါပိုးတွေကို ကာကွယ်ပေးပါတယ်။ သင်ကအခြားသန္ဓေတားနည်းလမ်းကို အသုံးပြုနေရင်သင့်အဖော်ရဲ့ ကျန်းမာရေးအခြေအနေ (သို့မဟုတ်) လိင်ဆက်ဆံရာကတဆင့် ကူးစက်နိုင်တဲ့ရောဂါပိုး ကူးစက်ခံရတာနဲ့သေသေချာချာ မသိရင်ကွန်ဒုံးသုံးတာက အကြံဥာဏ်ကောင်းတခုဖြစ်ပါတယ်။

Close

ဘေးကင်းစိတ်ချရတဲ့ လိင်ဆက်ဆံမှုပြုလုပ်ဖို့ ပို မိုဘေးကင်းစိတ်ချအောင်လုပ်ဖို့ နည်းလမ်းတွေကို စဉ်းစားနေရင်ဝမ်းသာစရာပါ။ သန္ဓေတားနည်းအများစုက ကိုယ်ဝန်ဆောင်တာကို ကာကွယ်ပေးရာမှာ အလွန်ထိရောက်မှုရှိပြီး (အမျိုးသားအမျိုးသမီးသုံး) ကွန်ဒုံးတွေကလိင်ဆက်ဆံရာ ကတဆင့်ကူးစက်နိုင်တဲ့ရောဂါပိုးတွေကို ကာကွယ်ပေးတဲ့တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ သင့်အဖော်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီးမသေချာရင်ကွန်ဒုံး သုံးဖို့ပိုပြီးသက်တောင့်သက်သာဖြစ်တယ်လို့ ခံစားရရင်ကွန်ဒုံးကိုရှေ့ဆက်သုံးပါ။ သင်နဲ့သင့်အဖော်နှစ်ဦးစလုံးမှာ လိင်ဆက်ဆံရာကတဆင့်ကူးစက်နိုင်တဲ့ ရောဂါပိုးမရှိဘူးလို့သတိပြုမိရင်သန္ဓေတား နည်းလမ်းတစ်ခုခုကိုအသုံးပြုတာက ကောင်းပါတယ်။ သင့်အပေါ်မူတည်ပြီး သင်သက်တောင့်သက်သာဖြစ်တယ်ဆိုတာပါပဲ။

Close

သောက်သုံးရတဲ့ သန္ဓေတားဆေးလုံးတွေရဲ့ အချို့အမျိုးအစားတွေကသွေးပိတ်ဆို့မှုကို အနည်းငယ်မြင့်တက်စေပါတယ်။ တစ်နှစ်အတွင်းအမျိုးသမီးအယောက် ၁ဝဝဝဝ မှာသန္ဓေတားနည်း မသုံးတဲ့အမျိုးသမီးတွေအတွက် သွေးပိတ်ဆို့မှုနှုန်းက ၄.၂ ရှိပါတယ်။ ၀.၀၄% အခွင့်ရေးရှိပါတယ်။ သန္ဓေတားနည်းသုံးရင် အမျိုးသမီးအယောက် ၁ဝဝဝဝ မှာ ၁၈ ယောက်ကသွေးပိတ်ဆို့မှုနှုန်း ၀.၁၈% အနည်းငယ် မြင့်တက်လာပါတယ်။

သင်ကျန်းမာရေး ကောင်းရင်တော့စိုးရိမ်စရာ မရှိပါဘူး။ သင့်မိသားစုမှာ သွေးပိတ်ဆို့မှုရာဇဝင် (သို့) နှလုံးသွေးကြောကျဉ်း ရောဂါရှိရင်၊အသက် ၃ နှစ်ကျော်ရင်၊ ဆေးလိပ်သောက်တဲ့သူဖြစ်ရင်၊ အဝလွန်သူတစ်ယောက်ဖြစ်ရင် သန္ဓေတားဆေးမသောက်ခင်ဆရာဝန်နဲ့ စစ်ဆေးပြီးဘယ်နည်းလမ်းတွေက သင့်အတွက်အကောင်းဆုံးဖြစ်လဲ ဆိုတာမေးမြန်းပါ။

အတိုချုပ်ရရင်တား ဆေးသောက်သုံးခြင်း ကသွေးပိတ်ဆို့မှုကို တိုးမြှင့်စေပေမဲ့ဆိုးကျိုးက အလွန်လျော့နည်းပါတယ်။

Source – http://www.buzzfeed.com/caseygueren/birth-control-and-blood-clots

http://www.buzzfeed.com/caseygueren/birth-control-and-blood-clots

http://bedsider.org/en/questions/237-does-birth-control-cause-blood-clots?tag=the_pill

Close

မြန်မာနိုင်ငံမှာ သန္ဓေတားဆေးစဝယ်နိုင်တဲ့ (သို့) ဆေးညွှန်းပါသန္ဓေတားနည်းသုံးဖို့ တရားဝင်တားမြစ်ထားတဲ့ အသက်အရွယ်မရှိပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ဆရာဝန်အများစုက သန္ဓေတားနည်းကို လက်ထပ်ထားတဲ့အိမ်ထောင်သည် အမျိုးသမီးတွေကိုသာ သောက်သုံးဖို့ဆေးညွှန်ကြား ပါတယ်။ ဒါပေမဲ့သင်သန္ဓေတားနည်းသုံး ဖို့လက်ထပ်ထားတယ်ဆိုတာ ဖော်ပြဖို့ဥပဒေမရှိပါဘူး။

Close

လောလောဆယ်ဆယ်အမျိုးသားတွေ အသုံးပြုနိုင်တဲ့ သန္ဓေတားနည်းလမ်းတွေကတော့ ကွန်ဒုံး၊ သားကြောဖြတ်ခြင်း၊ လိင်ဆက်ဆံမှုရှောင်ကြဉ်ခြင်း၊ သုက်ရည်အပြင်စွန့်ထုတ်ဖို့ လေ့ကျင့်ခြင်း တွေဖြစ်ပါတယ်။ ဒီနည်းလမ်းတွေက အခြားနည်းလမ်းတွေ ထက်ပိုပြီးအကျိုးထိရောက်မှု ရှိပါတယ်။

Source – http://www.medicaldaily.com/male-birth-control-vasalgel-closer-becoming-reality-heres-everything-we-know-so-far-343032

Close

မြန်မာနိုင်ငံမှာ ရရှိနိုင်တဲ့ ထိရောက်မှုအရှိဆုံးသားဆက်ခြားနည်းတွေကတော့ လက်မောင်းထဲထိုးသွင်းထည့်ရတဲ့ သားဆက်ခြားပစ္စည်း၊ သားအိမ်ထဲ ထည့်ရတဲ့ သားဆက်ခြား ကြေးနီချောင်း (IUD) နဲ့ အမျိုးသမီး သားကြောဖြတ်တာတွေဖြစ်ပါတယ်။

ဒီနည်း ၃ နည်းထဲက ၁ နည်းကိုသုံးရင် အမျိုးသမီးတစ်ယောက်က သားဆက်ခြားနည်းသုံးတဲ့ ၁ နှစ်တွင်းမှာ ကိုယ်ဝန်ရနိုင်ချေနည်းပါတယ်။ ဒီနည်းအားလုံးက ၉၉ % ပိုပြီးထိရောက်မှုရှိပါတယ်။

Sources: https://www.cdc.gov/reproductivehealth/unintendedpregnancy/pdf/contraceptive_methods_508.pdf

Close

ထိရောက်မှုအနည်းဆုံး သန္ဓေတားနည်းလမ်းတွေက သုက်ရည်အပြင်စွန့်ထုတ်ခြင်း၊ အမျိုးသမီးကွန်ဒုံးအသုံးပြုခြင်း၊ မျိုးပွားနိုင်စွမ်းကို စောင့်ကြည့်တဲ့နည်းတွေ ဖြစ်ပါတယ်။ သုက်ရည် အပြင်စွန့်ထုတ်တယ်ဆိုတာ သုက်ရည်မထုတ်ခင် မိန်းမကိုယ်ကနေ လိင်တံကို ဖယ်ထုတ်လိုက်တာ ဖြစ်ပြီး စနစ်တကျ အသုံးပြုပါက ၇၈ %အကျိုးသက်ရောက်မှု ရှိပါတယ်။ ပုံမှန် အသုံးပြုပါက ကိုယ်ဝန်ဆောင်တာကို ကာကွယ်ပေးတဲ့၂၂% ဆုံးရှုံးမှု ရှိပါတယ်။ အချိန်တိုင်း စနစ်တကျ သုံးပါက ၉၆ % ထိရောက်မှု ရှိပါတယ်။ ဒီနည်းကို စနစ်တကျသုံးဖို့ အလွန် ခက်ခဲပါတယ်။ အမျိုးသားတယောက် အနေနဲ့ ကိုယ်တိုင် ထိန်းချုပ်မှု လိုအပ်ပါတယ်။ သုတေသနစစ်ဆေးချက်တွေအရ သုက်ရည် မထွက်ခင် ကြိုတင် ထွက်လာတဲ့ သုက်ရည်ကြည်ပါဝင်ပြီး သုက်ရည်အပြင်မထွက်ရင်တောင် အမျိုးသမီးတယောက်က ကိုယ်ဝန်ရနိုင်ပါတယ်။

မှန်မှန်ကန်ကန် အသုံးပြုပါက အမျိုးသမီးကွန်ဒုံးတွေက ၉၅ %ထိရောက်မှုရှိပြီး စနစ်တကျအသုံးပြုပါက ၇၉ % ကိုယ်ဝန်ဆောင်တာကို ကာကွယ်ပေးပါတယ်။ စနစ်တကျ မထည့်ရင်၊ သုံးတာနောက်ကျသွားရင်၊ စနစ်တကျမဖယ်ရှားရင် ကိုယ်ဝန်ရနိုင်ပါတယ်။

ဂရုတစိုက် လုံ့လဝီရိယရှိရှိ အသုံးပြုပါက မျိုးပွားနိုင်စွမ်း စောင့်ကြည့်နည်းလမ်းက ထိရောက်တဲ့ နည်းလမ်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ စနစ်တကျအသုံးပြုပါက  ကိုယ်ဝန်ဆောင်တာကို ကာကွယ်ပေးပြီး ၇၆ ရာခိုင်နှုန်း ထိရောက်မှုရှိပါတယ်။ ဒီနည်းလမ်းကို မှန်မှန်ကန်ကန် အသုံးပြုဖို့ လိုက်နာဖို့နဲ့ လိုက်လျောညီထွေဖြစ်ဖို့ လိုအပ်ပါတယ်။

Sources: https://www.cdc.gov/reproductivehealth/unintendedpregnancy/pdf/contraceptive_methods_508.pdf

Close

သားအိမ်တွင်းထည့်ပစ္စည်းထည့်သွင်းတာ၊ လက်မောင်းတွင်းထိုးသွင်း သားဆက်ခြား ဆေးသုံးတာ (ဒါမှမဟုတ်) သားဆက်ခြားဆေးထိုးတာတွေနဲ့ ပတ်သတ်ပြီး အကြံပြုချက်ပေးချင်ပါတယ်။ ဒီသားဆက်ခြားနည်း()မျိုးလုံးက ထိန်းသိမ်းရမှု နည်းတဲ့အပြင် ထိရောက်မှုရှိကာ သားဦးမိခင်တွေအတွက် လုံခြုံစိတ်ချရပြီး မိမိရင်သွေးငယ်ကို နို့တိုက်ကျွေးနေချိန်မှာ အသုံးပြုထားလည်း ဘေးကင်းလုံခြုံပါတယ်။ နို့တိုက်မိခင်တွေအတွက် ဖော်စပ် ထုတ်လုပ်ထားတဲ့ အထူးသားဆက်ခြားဆေးတွေလည်းရှိပါတယ်။ သင့်အတွက် သင့်တော်မယ့် သားဆက်ခြားနည်းကို သင့်ကျန်းမာရေးစောင့်ရှောက်သူနဲ့ တိုင်ပင်ကြည့်ပါ။

Close

ဟော်မုန်းဆိုင်ရာသားဆက်ခြားသောက်ဆေး၊ထိုးဆေး(ဒါမှမဟုတ်)ဟော်မုန်းပါတဲ့ လက်မောင်းတွင်း ထိုးသွင်းသားဆက်ခြားဆေးတွေကို ထည့်သွင်းတာတွေကို အသုံးပြုထားတဲ့အမျိုးသမီးအများစုက အသုံးမပြုထားတဲ့ အမျိုးသမီးတွေထက် ဓမ္မတာလာချိန်မှာ နာကျင်ခံစားရတဲ့အချိန်အတိုင်းအတာ တိုတောင်းကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီသားဆက်ခြားနည်းတွေက သား အိမ်အတွင်း ဘက်နံရံကို ပါးစေလို့ပါ။ သားအိမ်ထဲမှာ ကွာကျစရာတစ်သျှူးတွေ နည်းသွားတာကြောင့် ရာသီသွေးနည်းနည်းပဲ ဆင်းပါတော့တယ်။ သန္ဓေတားကိရိယာထည့်သွင်းတာနဲ့ သန္ဓေတားထိုးဆေး အသုံးပြုသူတွေအတွက် အရေးကြီးတဲ့ မှတ်သားစရာကတော့ ဒီသားဆက်ခြားနည်းတွေကိုအသုံးပြုတဲ့ တချို့အမျိုးသမီးတွေဟာ အဖုအပိမ့်တွေထွက်တာ (ဒါမှမဟုတ်) သွေးထွက်တာတွေ ရက်တော်တော်ကြာကြာ ခံစားရတတ်ပေမယ့် ရာသီသွေးဆင်းတာနည်းသွားပြီး နာကျင်ကိုက်ခဲတာတွေ လျော့ပါးသွားတတ်တာပါပဲ။

Close

အမျိုးသမီးတွေဟာ အသက်(၃၀)အောက်အရွယ်မှာ မွေးဖွားနိုင်စွမ်းအလွန့်အလွန်ကောင်းကြပြီး သနေအောင်နိုင်စွမ်းလည်း အကောင်းဆုံးဖြစ်နေတတ်ကြပါတယ်။ ဒါပေမဲ့ အမျိုးသမီးအများစုက အခုအချိန်မှာသားဆက်ခြားနည်းတစ်ခုခုသုံးတာက နောက်ပိုင်းကြရင် ကိုယ်ဝန်ရနိုင်ချေကိုထိခိုက် စေပါသလားလို့ မေးတတ်ကြပါတယ်။ အဲ့ဒီလိုမထိခိုက်စေတတ်လို့ စိတ်သက်သာရာရစရာပါပဲ။ သားဆက်ခြားနည်းတိုင်းက သုံးထားတဲ့အချိန်မှာ သင့်ကိုကိုယ်ဝန်မရအောင် တားဆီးပေးတာချည်း ပါဘဲ။ ဒါပေမဲ့ သင်မသုံးဘဲရပ်လိုက်ပြီးနောက်ပိုင်း ဘယ်သားဆက်ခြားနည်းကမှ သင့်ကို ကိုယ်ဝန်မရစေအောင် အချိန်အကြာကြီးအထိ အကျိုးသက်ရောက်မှုရှိမနေပါဘူး။

Close

ဓမ္မတာပုံမှန်မလာတာ (ဒါမှမဟုတ်) ဓမ္မတာရပ်သွားတာ တာတွေဟာ အန္တရာယ်မရှိသလိုဆိုးကျိုးလည်းမရှိပါဘူး။သားဆက်ခြားနည်းသုံးနေတဲ့အတောအတွင်း ဓမ္မတာမများတော့တာ၊ ပုံမှန်မလာတော့တာ (ဒါမှမဟုတ်) ဓမ္မတာရပ်သွား တာတွေက သားဆက်ခြားနည်း သုံးနေတာကိုရပ်လိုက်ပြီးနောက်ပိုင်း သင့်ရဲ့သနေအောင်နိုင်စွမ်းကို မထိခိုက်စေပါဘူး။ ဓမ္မတာသိပ်မများတော့တာ (ဒါမှမဟုတ်) ဓမ္မတာလုံးဝရပ်သွားတာ တွေရဲ့အကြောင်းအရင်းကတော့ သားဆက်ခြားနည်းတွေမှာပါတဲ့ ဟော်မုန်းတွေက သားအိမ်အတွင်း မျက်နှာပြင်တွေကိုပါးစေတာ ကြောင့်ပါ။ (သားအိမ်အတွင်းမျက်နှာပြင်တွေကွာကျတာကြောင့် )

Close

အသက်၃၅နှစ်နဲ့အထက် အမျိုးသမီးအများစုအတွက် ဟော်မုန်းကိုအခြေခံတဲ့သားဆက်ခြားနည်းက အန္တရာယ်ကင်းပါတယ်။ ဒါပေမဲ့ ဆေးလိပ်သောက်တဲ့သူ (ဒါမှမဟုတ်) ကျန်းမာရေးချို့တဲ့သူဆိုရင် တော့ စိုးရိမ်စရာရှိပါတယ်။ ဆေးလိပ်သောက်ရင် ဆေးလိပ်သောက်နေရင်းနဲ့ သားဆက်ခြားဆေးတွေ သောက်တယ်ဆိုရင် အသက်၃၅နှစ်နောက်ပိုင်း ရောက်တဲ့အခါ သင့်အသက်အန္တရာယ် တော်တော်စိုးရိမ်ရပါတယ်။ အီစထရိုဂျင်ပါတဲ့သနေတားနည်းတွေကို မသုံးပါနဲ့။ သွေးလွှတ်ကြောတွေထဲမှာ ဆေးလိပ်ငွေ့တွေ နဲ့အီစထရိုဂျင်တွေ အပြန်အလှန်ဓာတ်ပြုပြီး နှလုံးလေဟပ်သွားကာ နှလုံးရပ်သွားတတ်ပါတယ်။ အမျိုးသမီးတွေ အသက်(၃၅)နှစ်နောက်ပိုင်း ကျန်းမာရေးထိခိုက်လာတာတွေသိသိသာသာများလာတာကို သုတေသနပြုစာရင်းဇယားတွေမှာ တွေ့နိုင်ပါတယ်။ ဒါကဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတွေဟာ အသက်အရွယ်ကြီးလာတာနဲ့အမျှ ကျန်းမာရေးချို့တဲ့ပြီး အသက်အန္တရာယ်ပိုများလာလို့ပါ။ ဒီလိုကျန်းမာရေးပြသနာတွေရှိရင် သင့်မှာပြင်းထန်တဲ့ဆီးချိုရောဂါ၊ သွေးခဲဖူးတာ၊ သွေးတိုးရောဂါ၊ အမြင်အာရုံချို့ယွင်းပြီး မကြာခဏခေါင်းကိုက်တဲ့ရောဂါ၊ ပြီးတော့ အသည်း(ဒါမှမဟုတ်)ဆီးအိမ် ရောဂါတွေရှိရင် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲအန္တရာယ်တွေကို ဆရာဝန်ကိုကြိုပြောပြထားပါ။ဒါပေမဲ့ အီစထရိုဂျင်မဟုတ်ဘဲ ပရိုတင်း(အသားဓာတ်)ပဲပါတဲ့ သနေတားသောက်ဆေး၊ ထိုးဆေးနဲ့ သားအိမ်တွင်းထည့်ပစ္စည်း (IUD)လိုမျိုး တခြားရွေးချယ်စရာတွေ အများကြီး ရှိပါတယ်။ ဒီရွေးချယ်စရာတွေ အားလုံးဟာ အသက်၃၅နှစ်နဲ့အထက် အမျိုးသမီးတွေအတွက် အန္တရာယ်ကင်းပါတယ်။

Close

ဟော်မုန်းတွေကို စိုးရိမ်ရင်ဘေးကင်းစိတ်ချမှုရှိတဲ့ လိင်ဆက်ဆံမှုနဲ့ကိုယ်ဝန်ဆောင်တာကို ကာကွယ်ဖို့သင့်အတွက် အခြားနည်းတွေရှိပါသေးတယ်။ လူသိအများဆုံးနဲ့ လက်ခံမှုအများဆုံးက အမျိုးသား (သို့) အမျိုးသမီးသုံးကွန်ဒုံးတွေ အသုံးပြုတာပါ။သင့်အနေနဲ့ အချိန်ကြာရှည်သုံးချင်တဲ့ ဖြေရှင်းချက်ရှာဖွေနေရင် သားအိမ်ထဲထည့်ရတဲ့ ကြေးနီပါသော သန္ဓေတားပစ္စည်းနှင့် မျိုးအောင်နိုင်သည့် ရက်တွက်ခြင်း နည်းလမ်းနှစ်ခုစလုံးကဖြေရှင်းနည်းတွေ ဖြစ်ပါတယ်။ သားအိမ်ထဲထည့်ရတဲ့ သားဆက်ခြားသန္ဓေတားကြေးနီချောင်းက  ၅ နှစ်မှ   ၁၀ နှစ်ကြား ကိုယ်ဝန်ဆောင်တာကို ကာကွယ်ပေးတဲ့ ဟော်မုန်း မပါသော ပစ္စည်းဖြစ်ပါတယ်။ ဆရာဝန်က IUD ကိုသင့်မှာ တခါထည့်ထားပေးတာနဲ့ သင့်အနေနဲ့နောက်တခါ အစားထိုးထည့်ပေးဖို့ (သို့) သင်ကိုယ်ဝန်လိုချင်တဲ့အခါ ဖယ်ထုတ်ဖို့ပဲ ဖြစ်ပါတယ်။

သန္ဓေအောင်နိုင်သည့်ရက်တွက်ချက်ခြင်းနည်းလမ်းက အမျိုးသမီးတယောက်အတွက် ရာသီဓမ္မတာစကားဝန်း၊ အပူချိန်၊ မိန်းမကိုယ်မှအဖြူဆင်းခြင်း အစရှိတဲ့အရာတွေထဲကမှ ကိုယ်ဝန်ဆောင်နိုင်ချေအနည်းဆုံးရှိတဲ့ လရဲ့ ဘယ်လိုအချက်တွေ ပါဝင်လဲဆိုတာဆုံးဖြတ်ဖို့ ခြေရာခံပေးတဲ့လေ့ကျင့်မှုတစ်ခု ဖြစ်ပါတယ်။ ဒီနည်းလမ်းမှာလုံ့လဝီရိယ ၊ အစီအစဉ်နဲ့ပုံမှန်ရာသီဓမ္မတာခွင်တွေ ပါဝင်ပါတယ်။

Close

မြန်မာနိုင်ငံမှာရှိတဲ့သန္ဓေတားနည်းလမ်းအများစုက အလွန်ဈေးသက်သာပြီး လူတိုင်းလက်လှမ်းမီနိုတဲ့ နှုန်းထားရှိပါတယ်။ တစ်ထုပ်မှာကွန်ဒုံး ၃ ခုပါတဲ့ အထုပ်ကို ၁ဝဝ နဲ့ ၃ဝဝဝ ကျပ်ကြား ကုန်ကျတာကို သင်တွေ့နိုင်ပါတယ်။ တားဆေးတစ်ထုပ်ကလည်း သင်ဝယ်ယူတဲ့အမျိုးအစားနဲ့ နေရာပေါ်မူတည်ပြီး ၂ဝဝ ကနေ ၃ဝဝဝ ကျပ်ဝန်းကျင်ကုန်ကျပါတယ်။ ဒီနည်းလမ်းနှစ်ခုစလုံးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပြီး ဆေးဆိုင်အများစုမှာ ဝယ်ယူရရှိနိုင်ပါတယ်။

IUD က မြန်မာနိုင်ငံမှာမိသားစုစီမံကိန်းအတွက် ငွေကုန်ကြေးကျများပြီး ထိရောက်မှုအရှိဆုံး သားဆက်ခြားနည်းဖြစ်ပါတယ်။ အများအားဖြင့် ကနဦးကုန်ကျစရိတ် ၁၅ဝဝဝ မှ ၅၅ဝဝဝ ကျပ်ကြား ရှိသည်။ အမျိုးအစားပေါ်မူတည်ပြီး ၅ နှစ်ကနေ ၁၀ နှစ်ကြားခံပါတယ်။ သင့်မှာ ၅နှစ်ခံတဲ့ IUD ရှိရင်တစ်နှစ်ကို အများဆုံး ၁၁ဝဝဝ ကျပ်သင်သုံးစွဲရပြီး (သို့) တစ်လကို ၉ဝဝ ကျပ်ကုန်ကျပါတယ်။ IUD တွေက ၉၉% ထိရောက်မှုရှိတာကို စဉ်းစားပြီး ကုန်ကျစရိတ်က အမျိုးသမီးတွေအတွက် ထိုက်တန်ပါတယ်။

Close

ကလေးမွေးပြီးနောက် သင်အသုံးပြုနိုင်တဲ့ သန္ဓေတားနည်းလမ်းအချို့ ရှိပါတယ်။ သင်ကလေးမွေးပြီးပြီးချင်း ကြေးနီပါသော သားအိမ်ထဲထည့်ပစ္စည်း ထည့်သွင်းနိုင်ပြီး ကိုယ်ဝန်ဆောင်တာကို ၁၀ နှစ်ထိအကာအကွယ်ပေးပါတယ်။

မွေးပြီး ၆ ပတ်ကနေစတင်ပြီး ပရိုဂျက်စတင်သာအသုံးပြုနိုင်တဲ့ သန္ဓေတားနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ သားဆက်ခြားသန္ဓေတားနည်းလမ်းတွေထဲမှာ ထိုးဆေး ၊ပရိုဂျက်စတင်သန္ဓေတားသောက်ဆေးနဲ့ လက်မောင်းထဲထည့်ရတဲ့ သန္ဓေတားပစ္စည်းတွေ ပါဝင်ပါတယ်။

သင့်ကလေးကို ပုံမှန်နို့တိုက်နေရင် သင့်ခန္ဓာကိုယ်က နောက်ကလေးထပ်ရဖို့ သဘာဝအတိုင်း ကာကွယ်ပေးပါတယ်။ ကလေးမွေးပြီးနောက် ၆ ပတ်ကနေ ၃ လထိ အမျိုးသမီးတယောက်ရဲ့ ရာသီခွင်များသောအားဖြင့် ပြန်ရောက်လာပါပြီး ဓမ္မတာခွင်မတိုင်ခင် ၂ ပတ်မှာအမျိုးသမီးအများစုမှာ မျိုးအောင်နိုင်စွမ်း ပြန်ရောက်ရှိလာပါတယ်။ ကလေးနို့မတိုက် IUD မထည့်ထားရင် တခြားသော သားဆက်ခြားနည်းလမ်းတွေကို သုံးစွဲနိုင်ပါတယ်။ သင်ကလေးနို့တိုက်နေတယ်ဆိုရင်တော့ သန္ဓေတားဖို့ စိတ်ပူစရာမလိုပါဘူး။ ပုံမှန်မကြာခဏနို့တိုက်ခြင်းက ကိုယ်ဝန်ဆောင်တာကိုတားဆီးပေးပြီး သင့်ကလေးအာဟာရအတွက် မိခင်နို့တိုက်ခြင်းသာ အကောင်းဆုံးဖြစ်ပါတယ်။

ပိုမိုကောင်းမွန်သော သားဆက်ခြားနည်းလမ်းများအတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါသည်။

Close

ကလေးမွေးပြီးနောက်သင်အသုံးပြုနိုင်တဲ့ သန္ဓေတားနည်းလမ်းအချို့ရှိပါတယ်။ သင်ကလေးမွေးပြီးပြီးချင်း ကြေးနီပါသော သားအိမ်တွင်းထည့်ပစ္စည်းကို ထည့်သွင်းနိုင်ပြီး ကိုယ်ဝန်ဆောင်တာကို ၁၀ နှစ်ထိ အကာအကွယ်ပေးပါတယ်။

မွေးပြီး ၂၁ ရက်ကနေစတင်ပြီး ပရိုဂျက်စတင်သာ အသုံးပြုနိုင်တဲ့ သန္ဓေတားနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ သားဆက်ခြားသန္ဓေတားနည်းလမ်း တွေထဲမှာ ထိုးဆေး၊ ပရိုဂျက်စတင်သန္ဓေတားသောက်ဆေးနဲ့ လက်မောင်းထဲထည့်ရတဲ့ သန္ဓေတားပစ္စည်းတွေ ပါဝင်ပါတယ်။

သင့်ကလေးကို ပုံမှန်နို့တိုက်နေရင် သင့်ခန္ဓာကိုယ်က နောက်ကလေးထပ်ရဖို့ သဘာဝအတိုင်း ကာကွယ်ပေးပါတယ်။ ကလေးနို့တိုက်ချိန်နည်းလာတာနဲ့အမျှ သားဆက်ခြားသောက်ဆေးသောက်ခြင်း ကဲ့သို့သော သားဆက်ခြားနည်းလမ်းများကို ပြန်လည်အသုံးပြုဖို့ လိုပါမယ်။

ပိုမိုကောင်းမွန်သော သားဆက်ခြားနည်းလမ်းများအတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါသည်။

Source – http://www.babycentre.co.uk/a551928/contraception-after-having-a-baby

Close

ဆေးလိပ်သောက်သူတွေက သန္ဓေတားနည်းအများစုကို အသုံးပြုကြပါတယ်။ ဒါပေမဲ့သင်ဟာ  ဆေးလိပ်သောက်သူဖြစ်ပြီး အသက် ၃၅ နှစ်ကျော်သွားရင်တော့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဆိုတဲ့ ဟိုမုန်းနှစ်မျိုးပါသည့် တွဲဖက်သောက်သုံးမည့် တားဆေးတွေက သင့်အတွက်မသင့်တော်ပါဘူး။ သင်ဆေးလိပ်သောက်တာက သင့်အတွက်မကောင်းတဲ့အချက်လို့တော့ မဆိုလိုပါ။ ဆေးလိပ်သောက်သူ အသက် ၃၅ နှစ်ကျော် အမျိုးသမီးတွေအတွက် ကြေးနီ IUD ကိရိယာ၊လက်မောင်းထဲထည့်ရတဲ့သန္ဓေတားပစ္စည်း၊ ဒီပို-ပရိုဗာရာ ကဲ့သို့ထိုးဆေး၊ ကွန်ဒုံးတွေက ဘေးကင်းစိတ်ချရပါတယ်။

Source – http://www.nhs.uk/conditions/contraception-guide/pages/which-method-suits-me.aspx#smoke

http://www.empowher.com/sex-amp-relationships/content/birth-control-options-women-over-35-who-smoke

Close

သင့်ကိုယ်တိုင်သုံးရမယ့် သန္ဓေတားတဲ့အရာကို ဝယ်ဖို့စိတ်မသက်သာဖြစ်နေရင် တယောက်ယောက်က သင့်အတွက်ဝယ်ပေးနိုင်ပါတယ်။ ဝယ်မယ့်သူက သင်ဘာလိုလဲဆိုတာ အတိအကျသိအောင် လုပ်ဖို့ အရေးကြီးပါတယ်။

Close

အကောင်းဆုံး သားဆက်ခြားနည်းလမ်းဆိုတာတော့ မရှိပါဘူး။ လူတိုင်းက မတူကြပါဘူး။အချို့ နည်းလမ်းက အခြားသူတွေထက် သင့်ရဲ့ လူနေမှုဘဝနဲ့ ကျန်းမာရေးအတွက် ကိုက်ညီပါတယ်။ နည်းလမ်းတစ်ခုစီမှာ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေရှိပါတယ်။

ကျားမမရွေး မိဘနေရာကို ရောက်လာပြီဆိုတာနဲ့ သားဆက်ခြားခြင်းကျန်းမာရေးအသိရှိဖို့နဲ့ သားဆက်ခြားနည်းလမ်းတွေကို ရွေးချယ်နိုင်ပါတယ်။ သားဆက်ခြားနည်းလမ်း ကိုရွေးချယ်တဲ့နေရာမှာ အလွယ်တကူမဆုံးဖြတ်ပဲ ကိုယ်နဲ့ သင့်တော်မယ်ထင်တဲ့နည်းကို စဉ်းစားရွေးချယ်ဖို့ လိုပါတယ်။ ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုရင်တော့ သားဆက်ခြားနည်းတွေကို လေ့လာထားဖို့ လိုအပ်ပါတယ်။ သင့်ရွေးချယ်မှုအတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ

(ကျွန်ုပ်တို့ရဲ့ သားဆက်ခြားနည်းတွေကို လေ့လာဖို့ ဒီမှာ နှိပ်ပါ)

သားဆက်ခြားနည်းလမ်းကို မရွေးချယ်ခင် စဉ်းစားရမှာက

  • သင့်ရဲ့ကျန်းမာရေး အခြေအနေ
  • သင်ဘယ်နှကြိမ် လိင်ဆက်ဆံလဲ
  • သင်လိင်ဆက်ဆံတဲ့ လိင်ဆက်ဆံဖော်အရေအတွက်
  • ကိုယ်ဝန်ဆောင်တာကို ကာကွယ်ဖို့ နည်းလမ်းတစ်ခုစီက ဘယ်လောက်ကောင်းအောင် ဆောင်ကျဉ်းနိုင်လည်း
  • ဖြစ်နိုင်ချေရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေ
  • အသုံးပြုတဲ့နည်းလမ်းကြောင့် သက်တောင့်သက်သာဖြစ်နိုင်တဲ့ အခြေအနေ

သတိပြုရမှာက ထိရောက်မှုအရှိဆုံး သန္ဓေတားနည်းလမ်းတောင်မှ မအောင်မြင်နိုင်ပါဘူး။ သင်လိင်ဆက်ဆံတဲ့ အချိန်တိုင်း သင်ရွေးချယ်တဲ့ နည်းလမ်းကို အမြဲ မှန်မှန်ကန်ကန် အသုံးပြုရင် ကိုယ်ဝန်ရဖို့ အခွင့်အရေး အနည်းဆုံးပါပဲ။

Close

line

မေးခွန်းမေးရန်

အမည် (လိုအပ်ပါသည်):
အီးမေးလ် (လိုအပ်ပါသည်):
မေးလိုသည့်အကြောင်းအရာ: