အရေးပေါ် သားဆက်ခြားသောက်ဆေး ဖတ်စရာ

ကျွန်မတို့ကို မေးမြန်းနိုင်ပါတယ်

အမေးအဖြေများအဘို့သင့်အမျိုးအစားကိုရွေးချယ်ပါ

အရေးပေါ်သားဆက်ခြားနည်း(EC)ဆိုတာ ကိုယ်ဝန်ရှိမလာအောင် တားဆီးပေးတဲ့နည်းလမ်းဖြစ်ရုံသာမက  အမျိုးသမီးတစ်ယောက်က သန္ဓေတားနည်းတစ်ခုခုမသုံးမိဘဲ အတူနေမိတဲ့အခါ (ဒါမှမဟုတ်) သူသုံးတဲ့ သန္ဓေတားနည်းကထိရောက်မှုမရှိတဲ့အခါ ကိုယ်ဝန်ရှိမသွားအောင်တားဆီးပေးတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။  ECPလို့အများသိကြတဲ့ အရေးပေါ်သားဆက်ခြားဆေးတွေဟာ သန္ဓေတားဆေးတွေနဲ့ဆင်တူပြီး (၁)လုံး (ဒါမှမဟုတ်) (၂)လုံးသောက်ရတဲ့ ဟော်မုန်းဆေးတွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီဆေးတွေထက် သောက်ရတဲ့ပမာဏ ပိုများပါတယ်။ အရေးပေါ်သားဆက်ခြားဆေးတွေကို ဆေးဆိုင်တွေတော်တော်များများမှာ ရရှိနိုင်ပါတယ်။ ECP တော်တော်များများကို အကာအကွယ်မဲ့အတူဆက်ဆံပြီး နောက်(၇၂)နာရီအတွင်းသုံးစွဲဖို့ ညွှန်ကြားထားပေမယ့် ရက်ပေါင်း(၁၂၀)အထိသုံးစွဲလို့ရပါတယ်။ ဒါပေမဲ့ အရေးပေါ်သားဆက်ခြားဆေး သောက်တာ တစ်ရက်ထက်တစ်ရက်နောက် ကျလာတာနဲ့အမျှ အဲ့ဒီဆေးတွေရဲ့ထိရောက်မှု တဖြည်းဖြည်း လျော့နည်းလာတာ ကိုတော့ သတိပြုပါ။တခြားအရေးပေါ်သားဆက်ခြားနည်းတစ်မျိုးကတော့ ကြေးနီIUDပဲဖြစ်ပါတယ်။ အကာအကွယ်မဲ့  လိင်ဆက်ဆံ ပြီးနာရီ(၁၂၀)အတွင်း ကြေးနီIUDကို သားအိမ်အတွင်း ထည့်သွင်းပါက သင်ဟာကိုယ်ဝန်ရနိုင်ချေကို တားဆီးပြီးသားဖြစ်သွားပါပြီ။ တကယ်လို့ သင့်မှာကိုယ်ဝန်ရှိနေပြီဆိုရင်တော့ အရေးပေါ်သား ဆက်ခြားနည်းက သင့်အတွက်သက်ရောက်မှု ရှိမှာမဟုတ်ပါဘူး။

http://www.womenshealth.gov/publications/our-publications/fact-sheet/emergency-contraception.html?from=AtoZ#a
http://bedsider.org/methods/emergency_contraception#side_effects_tab

Close

အရေးပေါ်သားဆက်ခြားဆေးတွေက သားဥအိမ်ကနေသားဥထုတ်လွှတ်မှု (သားဥအိမ်ကနေ သားဥကို သားဥပြွန်အိမ်အထဲ ထုတ်လွှတ်ခြင်း)ကိုရပ်တန့်သွားစေပြီး ကိုယ်ဝန်ရနိုင်ချေကို တားဆီးကာကွယ်ပေးတဲ့အပြင် သားအိမ်ထဲကိုသားဥတွေဝင်ရောက်မှုကိုလည်း တားဆီးပေးနိုင်ပါတယ်။ အရေးပေါ် သားဆက်ခြားဆေးတွေက သုတ်ပိုးတွေနဲ့သားဥမတွေ့အောင်လည်း တားဆီးပေးပါတယ်။

http://www.womens-health-concern.org/help-and-advice/factsheets/contraception/

Close

မဖြစ်ပါဘူး။ သုတ်ပိုးနဲ့သားဥပေါင်းစပ်ပြီး ဖြစ်တည်လာတဲ့သန္ဓေသားကို သားအိမ်အပြင်ရောက်အောင် ဖယ်ထုတ်တာကိုမှ ကိုယ်ဝန်ဖျက်ချတယ်လို့ခေါ်တာပါ။ အရေးပေါ်သားဆက်ခြားဆေးတွေက သုတ်ပိုးနဲ့သားဥ တွေ့ဆုံနိုင်ချေကို တားဆီးဖယ်ရှားပေးတာပါ။

http://ec.princeton.edu/questions/ecabt.html

Close

အရေးပေါ်သားဆက်ခြားဆေးကို ပုံမှန်သန္ဓေတားနည်းအဖြစ်သုံးဖို့တော့ အားမပေးပါဘူး။ အရေးပေါ် သားဆက်ခြားဆေးကို(၁)ကြိမ်ထက်ပိုပြီးသာက်ရင် ဘာနောက်ဆက်တွဲဆိုးကျိုးမှမရှိပေမယ့် အဲ့ဒီဆေးတွေကို ရက်ဆက်သောက်မိနေတယ်လို့် ကိုယ့်ကိုကိုယ်ဆင်ခြင်မိနေပြီဆိုရင်တော့ သင်သုံးနေတဲ့သန္ဓေတားနည်းကို ပြန်သုံးသပ်သင့်နေပါပြီ။ အရေးပေါ်သားဆက်ခြားဆေးက လုံခြုံတဲ့ပိုက်ကွန်တစ်ခုလိုမျိုး ကိုယ်ဝန်ရမလာအောင် ကောင်းကောင်းကြီးတားပေးနိုင်တာမှန်ပါတယ်။ ဒါပေမယ့် အဲ့ဒီ့အရေးပေါ်သားဆက်ခြားဆေးက တခြားသန္ဓေ တားနည်းတော်တော်များများလောက် ကိုယ်ဝန်မရအောင်တားဆီးပေးတဲ့နေရာမှာ သိပ်ပြီးထိရောက်မှု မရှိပါဘူး။ ဆိုလိုတာကတော့ သင်အဲ့ဒါကိုအမြဲလိုလိုသုံးလာတာနဲ့အမျှ အဲ့ဒီအရေးပေါ်သားဆက်ခြားဆေး ထိရောက်မှုမရှိသွားတဲ့(၁)ကြိမ်မှာတော့ သင့်မှာကိုယ်ဝန်ရှိနိုင်သွားနိုင်ပါတယ်။ ပြီးတော့ ဒီအရေးပေါ် သားဆက်ခြားဆေးတွေက HIV (ဒါမှမဟုတ်) လိင်ဆက်ဆံတာကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ကူးစက်နိုင်ချေကို မတားဆီးပေးနိုင်ဘူးဆိုတာ သတိပြုသင့်ပါတယ်။ ပြီးတော့ သင်အဲ့ဒါကို လိင်မဆက်ဆံခင်ကြိုတင်သောက်ထားရင်လည်း အရေးပေါ်သားဆက်ခြားဆေးက သင့်ကိုကိုယ်ဝန်မရှိသွား အောင်မတားဆီးပေးနိုင်ပါဘူး။ ဒါကြောင့် အဲ့ဒီအရေးပေါ်သားဆက်ခြားဆေးကို ပုံမှန်သန္ဓေတားနည်းတစ်ခုလို သုံးတာက ရူးမိုက်လွန်းရာကျပါတယ်။

http://www.familyplanning.org.nz/advice/contraception/emergency-contraceptive-pill;
http://rhrealitycheck.org/article/2010/11/15/just-facts-harmful-take-emergency-contraception-multiple-times/

Close

72 သောက်ဆေး၊ E Cee2နဲ့ 1Safe သောက်ဆေးတွေလိုမျိုး ၊ levonorgestrel သောက်ဆေးတွေကို အကာအကွယ်မဲ့လိင်ဆက်ဆံပြီး (၇၂)နာရီ၊ (၃)ရက်အတွင်း သုံးစွဲမယ်ဆိုရင် (၈၉)ရာခိုင်နှုန်းအထိ ထိရောက်မှုရှိပါတယ်။ ဒါပေမယ့် ကြေးနီIUDတွေကတော့ ထိရောက်မှုအရှိဆုံးအရေးပေါ်သားဆက်ခြားနည်း ပါပဲ။ အကာအကွယ်မဲ့လိင်ဆက်ဆံပြီး(၅)ရက်အတွင်း အဲ့ဒါကိုသာထည့်သွင်းခဲ့ရင် ကိုယ်ဝန် ရှိလာနိုင်ချေကို(၉၉)ရာခိုင်နှုန်းနဲ့အထက် လျှော့ချပေးပါတယ်။ ကြေးနီIUD(T)တွေကိုစထည့်ချိန်ကနေ (၁၀)နှစ် အထိ (ဒါမှမဟုတ်) သင်သုံးချင်တဲ့အချိန်အထိ သန္ဓေတားနည်းအဖြစ်ဆက်သုံးနေလို့ရပါတယ်။

http://ec.princeton.edu/questions/eceffect.html
http://www.plannedparenthood.org/learn/morning-after-pill-emergency-contraception

Close

မြန်မာနိုင်ငံမှာရောင်းနေတဲ့ အရေးပေါ်သားဆက်ခြားဆေးတော်တော်များများကို အကာအကွယ်မဲ့အတူဆက်ဆံ ပြီး နောက်(၇၂)နာရီအထိ သောက်သုံးလို့ရပါတယ်။ ဒါပေမဲ့ သေချာအောင် ဆေးဘူးခွံ(ဒါမှမဟုတ်) ဆေးအညွှန်းစာမှာ ဖတ်ကြည့်ပါ။ တစ်လုံးတည်းသောက်ရမယ့် အရေးပေါ်သားဆက်ခြားဆေးဆိုရင်တော့ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးပြီးချင်း သောက်သင့်ပါတယ်။ ဆေးလုံးနှစ်လုံးပါတဲ့ဆေးထုပ်ဆိုရင်တော့ ပထမ(၁)လုံးကို အကာအကွယ်မဲ့လိင်ဆက်ဆံ ပြီးပြီးချင်းမှာ သောက်ပြီး ဒုတိယ(၁)လုံးကို ပထမ(၁)လုံးသောက်ပြီး(၁၂)နာရီကြာရင် သောက်ရပါမယ်။ အရေးပေါ် သားဆက်ခြားဆေးတွေကို တစ်ကြိမ်ထဲမှာ(၁)ကတ်ထက် ပိုပြီးသောက်တာက ပိုပြီးထိရောက်မှုမရှိတာကို သတိပြုပါ။ အဲ့ဒီလိုသောက်ဖို့လည်း အားမပေးပါဘူး။

http://www.plannedparenthood.org/learn/morning-after-pill-emergency-contraception

Close

သင်အရေးပေါ်သားဆက်ခြားသောက်တာကို သင့်ဆရာဝန်သိဖို့မလိုအပ်ပါဘူး။ ဒါပေမဲ့ အရေးပေါ်သားဆက် ခြားဆေးတွေကိုရက်ဆက်၊အများကြီးသောက်နေမိတယ်လို့ ကိုယ့်ကိုယ်ကိုဆင်ခြင်မိရင် အဲ့ဒါက သင်နဲ့ကိုက်ညီမှုရှိပြီး ထိရောက်တဲ့ပုံမှန်သန္ဓေတားနည်းကို သင်ရှာမတွေ့သေးလို့ဖြစ်ပါလိမ့်မယ်။ အဲ့ဒီလို ဖြစ်နေတယ်ဆိုရင်တော့ သင့်ကျန်းမာရေးစောင့်ရှောက်သူနဲ့ ပြန်တိုင်ပင်ကြည့်ပါ။ (ဒါမှမဟုတ်)သင့်မှာရွေးစရာ တခြားဘာနည်းတွေရှိသေးလဲဆိုတာ ပြန်စဉ်းစားကြည့်ပါ။

http://ec.princeton.edu/questions/ecrepeated.html

Close

အရေးပေါ်သားဆက်ခြား ဆေးသုံးနိုင်တဲ့ အကြိမ်အရေအတွက်ကို မကန့်သတ်ထားပေမယ့် ပုံမှန်သားဆက်ခြားနည်း တစ်ခုလိုမသုံးဘဲ အရေးပေါ်အခြေအနေတွေမှာပဲ သုံးသင့်ပါတယ်။ တခြားသားဆက်ခြား နည်းတွေလိုမျိုးဘဲ အဲ့ဒါကသင့်ကို ကိုယ်ဝန်မရအောင်တားဆီးမပေးနိုင်တဲ့အပြင် လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေ(STIs)ကိုတော့ ကာကွယ်ပေးပါဘူး။ ဓမ္မတာချိန်မှာ အရေးပေါ်သားဆက်ခြားဆေးတွေကို တစ်ကြိမ်ထက်ပိုပြီးသုံးမယ်ဆိုရင် အဲ့ဒါက သင့်ဓမ္မတာချိန်ကာလကို လွှဲပြောင်းပေးမှာပါ။

http://www.drmarie.org.au/ask-dr-marie/contraception/morning-after-pill/how-often-can-i-use-the-morning-after-pill

Close

အရေးပေါ်သားဆက်ခြားဆေးတွေက သုံးစွဲသူကိုဘေးမဖြစ်စေတဲ့အပြင် များသောအားဖြင့် ဆိုးကျိုးလည်း မရှိတတ်ဘဲ ရှိခဲ့ရင်လည်းမပြင်းထန်တတ်ပါဘူး။ အများဆုံးဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ပျို့အန်တာနဲ့ ပုံမှန်မဟုတ်တဲ့သွေးထွက်တာတွေဘဲ ဖြစ်ပါတယ်။ အဖြစ်နည်းတဲ့ဘေးထွက်ဆိုးကျိုးတွေကတော့ အော့အန်ပြီး မအီမသာဖြစ်တာ၊ ရင်သားနာကျင်တာ၊ အလွန်အမင်းမောပန်းတာ၊ ခေါင်းမူးတာ၊ ခေါင်းကိုက်တာနဲ့ ဓမ္မတာလာချိန်နာကျင်ကိုက်ခဲတာတွေဘဲ ဖြစ်ပါတယ်။ ပျို့အန်တာကို သက်သာပျောက်ကင်းစေတဲ့ဆေး ရှိပါတယ်။ ဒါပေမယ့် အရေးပေါ်သားဆက်ခြားဆေးတွေက ရေရှည်သက်ရောက်တဲ့ (ဒါမှမဟုတ်) ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေတော့ မရှိပါဘူး။

Emergency Contraception (EC)


http://ec.princeton.edu/questions/ecsideeffects.html

Close

ဒီ(၂)မျိုးမှာ သောက်ရတဲ့ဆေးပမာဏနဲ့ ဘယ်လိုသောက်သုံးရလဲဆိုတာတွေပဲ ကွာခြားချက်ရှိပါတယ်။ ညွှန်ကြားထားတဲ့အချိန်အတွင်း မှန်မှန်ကန်ကန်သောက်သုံးရင်တော့ တစ်လုံးတည်းသောက်ရတဲ့အရေးပေါ် သားဆက်ခြားဆေးရော၊ နှစ်လုံးသောက်ရတဲ့အရေးပေါ်သားဆက်ခြားဆေးရော ထိရောက်မှုရှိတဲ့နေရာမှာ အတူတူပါပဲ။

http://ec.princeton.edu/questions/morningafter.html

Close

အရေးပေါ်သားဆက်ခြားဆေးတွေကို ခဏခဏသုံးတာက နောက်ပိုင်းမှာ သုံးစွဲသူရဲ့ကိုယ်ဝန်ဆောင်နိုင်စွမ်း အပေါ် တစ်စုံတစ်ရာသက်ရောက်မှုရှိတယ်ဆိုတာနဲ့ ပတ်သတ်ပြီး ဘာအထောက်အထားမှမရှိပါဘူး။ အရေးပေါ် သားဆက်ခြားဆေးတွေကို အကြိမ်အများကြီးသုံးတာရဲ့ ဖြစ်နိုင်တဲ့ဘေးထွက်ဆိုးကျိုးကတော့ နောက်ဆုံးမှာ မမျှော်လင့်ဘဲ ကိုယ်ဝန်ရှိသွားနိုင်တာပါပဲ။ အရေးပေါ်သားဆက်ခြားဆေးတွေက ကိုယ်ဝန်ရှိသွားနိုင်ချေ (၈)ခါမှာ(၇)ခါလောက် ကိုယ်ဝန်ရှိမသွားအောင်တားဆီးပေးနိုင်ပါတယ်။ ဆိုလိုတာကတော့ အရေးပေါ် သားဆက်ခြားဆေးတွေက သားဆက်ခြားသောက်ဆေး၊ ထိုးဆေး(ဒါမှမဟုတ်)ကွန်ဒုံးတို့လိုမျိုး သားဆက်ခြားနည်း တွေလောက် ထိရောက်မှုမရှိဘူးဆိုတာပါပဲ။ အဲ့ဒီဆေးက IUD (ဒါမှမဟုတ်) လက်မောင်းအတွင်း ထိုးသွင်းတဲ့ သားဆက်ခြားဆေးတွေလောက်လည်း ထိရောက်မှုမရှိပါဘူး။

http://bedsider.org/features/232-5-myths-about-the-emergency-contraceptive-pill-busted

Close

အရေးပေါ်သားဆက်ခြားဆေးတွေကို အကာအကွယ်မဲ့လိင်ဆက်ဆံပြီး (၇၂)နာရီအတွင်း သုံးဖို့ညွှန်ကြားထားပေမယ့် နာရီ(၁၂၀)ကြာ အထိသုံးလို့ရပါတယ်။ ဒါပေမယ့် အရေးပေါ် သားဆက်ခြားဆေး သောက်တာ တစ်ရက်ထက်တစ်ရက် နောက်ကျလာတာနဲ့အမျှ အဲ့ဒီဆေးတွေရဲ့ ထိရောက်မှုက လည်းတဖြည်းဖြည်း နည်းလာတာကိုတော့ သတိပြုပါ။ အကာအကွယ်မဲ့လိင်ဆက်ဆံပြီး(၅)ရက်ကြာအထိ ကြေးနီIUDတွေကို ထည့်သွင်းလို့ရပါတယ်။

http://bedsider.org/methods/emergency_contraception#side_effects_tab

Close

line

မေးခွန်းမေးရန်

အမည် (လိုအပ်ပါသည်):
အီးမေးလ် (လိုအပ်ပါသည်):
မေးလိုသည့်အကြောင်းအရာ: