လိင်ပိုင်းဆိုင်ရာအသိသညာ ကျွန်မတို့ကိုမေးမြန်းနိုင်ပါတယ်

ကျွန်မတို့ကို မေးမြန်းနိုင်ပါတယ်

အမေးအဖြေများအဘို့သင့်အမျိုးအစားကိုရွေးချယ်ပါ

ပါးစပ်နဲ့ လိင်ဆက်ဆံတာကို အဓိပ္ပာယ်ဖွင့်ရရင် ပါးစပ်နဲ့ ယောက်ျားလိင်တံ၊ ပါးစပ်နဲ့ မိန်းမကိုယ်အင်္ဂါ၊ ပါးစပ်နဲ့ စအိုဝသို့ လိင်ဆက်ဆံမှုကို ခေါ်ပါတယ်။ ဗန်းစကား အသုံးအနှုန်းအတိုင်း ပြောရရင် (ပလွေမှုတ်ခြင်း၊ဘာဂျာမှုတ်ခြင်း)လို့လည်း ခေါ်ပါတယ်။ ပါးစပ်မှ လိင်ဆက်ဆံခြင်းက ကိုယ်ဝန်မရရှိနိုင်ပေမယ့် လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါပိုးတွေတော့ ရနိုင်ပါတယ်။

ပါးစပ်နဲ့ လိင်ဆက်ဆံတာ၊ မဆက်ဆံတာကို ဆုံးဖြတ်တာက ကိုယ့်ရဲ့ကိုယ်ပိုင် ရွေးချယ်မှုပါပဲ။ တချို့လူတွေက ကြိုက်နှစ်သက်ပြီး တချို့လူတွေက မနှစ်သက်ကြပါဘူး။ တချို့ အမျိုးသမီးတွေအတွက်တော့ ပါးစပ်နဲ့ လိင်ဆက်ဆံတာက မိန်းမကိုယ်လမ်းကြောင်းကနေ လိင်ဆက်ဆံတာထက် ပိုမိုလွယ်ကူစွာ ကာမဆန္ဒ အမြင့်ဆုံးရောက်ရှိအောင် လုပ်ဆောင်ပေးနိုင်တာကို တွေ့ရပါတယ်။ ပါးစပ်နဲ့ လိင်ဆက်ဆံဖို့ မဆုံးဖြတ်ခင် ပါးစပ်နဲ့ လိင်ဆက်ဆံတာကို ခံယူတဲ့အခါနဲ့ ပြုလုပ်တဲ့အခါမှာ  နှစ်ယောက်လုံး ဘယ်လိုခံစားရတယ် ဆိုတာ စဉ်းစားထားဖို့လိုပါတယ်။ ဒီအပြင် ပါးစပ်နဲ့လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေ ရလာခြင်းရဲ့ ဆိုးကျိုးကို ဘယ်လိုခံစားရမလဲဆိုတာကိုပါ နှစ်ဦးစလုံးစဉ်းစားထားသင့်ပါတယ်။

Source – http://www.pamf.org/teen/sex/std/oral/

Close

စအိုဝမှ လိင်ဆက်ဆံခြင်းဆိုတာ သင့်အဖော်ရဲ့ စအိုဝထဲကို ယောက်ျားလိင်တံ(သို့) တခြားအရာ ထည့်သွင်းခြင်းဖြစ်ပါတယ်။ တခြား လိင်မှုရေးရာကိစ္စတွေလို တချို့လူတွေအတွက်တော့ စိတ်ကျေနပ်မှုရတာကို တွေ့ရပေမယ့် တစ်ချို့ကတော့ စိတ်ကျေနပ်မှုမရကြပါဘူး။ တစ်ချို့လူတွေကတော့ အဲ့ဒီအကြောင်းကို သိချင်ကြပြီး တစ်ချို့ကတော့ ဒါက သူတို့အတွက် သက်သောင့်သက်သာ မဖြစ်တဲ့အရာဆိုတာ သိကြတယ်။ စအိုဝကနေ လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်ပြီး အမှားအယွင်းမရှိပေမယ့် မှန်လား မမှန်ဘူးလားဆိုတာ သင်တစ်ယောက်သာ ဆုံးဖြတ်နိုင်ပါတယ်။

စအိုဝဟာ ကိုယ်တိုင်ချောဆီကို ထုတ်နိုင်စွမ်းမရှိဘဲ စအိုဝရဲ့ တစ်သျှူးကလည်း အလွန်ထိခိုက်လွယ်တာကြောင့် စအိုဝကနေ လိင်ဆက်ဆံနေစဉ် အတောအတွင်းမှာ ရေကို အခြေပြုထုတ်လုပ်ထားတဲ့ ချောဆီ (Kiss Easy Gel အပါအဝင် တခြားချောဆီအမျိုးအစားအစုံအလင်) ကို ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူ အသုံးပြုနိုင်ပါတယ်။ ချောဆီမပါရင် စအိုဝမှာ နာကျင်ပြီး မသက်မသာနဲ့ တစ်သျှူးတွေ စုတ်ပြဲတာတွေဖြစ်နိုင်ပါတယ်။ စအိုဝကနေ လိင်ဆက်ဆံနေစဉ် အတောအတွင်း စိတ်ကျေနပ်မှုရမယ့် အတွေ့အကြုံထက် သက်သက်သာသာနဲ့ စိတ်အပန်းပြေဖို့က အရေးကြီးပါတယ်။ စအိုဝကနေ လိင်ဆက်ဆံနေစဉ် အတွင်း နာကျင်မှု(သို့)ခုခံမှု ရှိရင် ဖြည်းဖြည်းချင်း ရပ်လိုက်ပါ။ လူတစ်ယောက်က စအိုဝကနေ လိင်မဆက်ဆံခင် ဝမ်းသွားထားပြီး စအိုဝကို လိင်မဆက်ဆံခင်နဲ့ ဆက်ဆံပြီးနောက် ကောင်းမွန်စွာ ဆေးကြော သန့်စင်တာက အကောင်းဆုံးပါပဲ။

Source – http://sexetc.org/info-center/post/what-is-anal-sex-and-how-do-you-do-it-are-there-any-risks/

Close

မိန်းမကိုယ် လမ်းကြောင်းကနေ လိင်ဆက်ဆံခြင်းဆိုတာ ယောက်ျားလိင်တံ၊ လက်ချောင်း(သို့) လိင်ပိုင်းဆိုင်ရာ အထောက်အကူပေးတဲ့ အရုပ်ကို မိန်းမကိုယ်ထဲသို့ ထည့်သွင်းခြင်းဖြစ်ပါတယ်။ မိန်းမကိုယ်လမ်းကြောင်းကနေ လိင်ဆက်ဆံတာက အမျိုးသမီးတယောက်အတွက် ပထမဆုံးအကြိမ်မှာ သက်သောင့်သက်သာ  မဖြစ်နိုင်ပေမယ့် နာရင်ဆက်မလုပ်သင့်ပါ။ သက်သက်သာသာနှုန်းနဲ့ လှုပ်ရှားနေပြီး လိုအပ်ရင်ချောဆီ ကိုလုံလုံလောက်လောက်သုံးပြီး လိင်ဆက်ဆံမှု ပြုနိုင်ပါတယ်။ မိန်းမကိုယ်ကြွက်သားတွေက ဖိအားနဲ့ ဆွဲဆန့်တာတွေအပေါ် အကျွမ်းတဝင်မဖြစ်သေးဘူးဆိုရင်  မိန်းမကိုယ်မှတစ်ဆင့်လိင်ဆက်ဆံရာမှာ မသက်မသာ ဖြစ်စေတတ်ပါတယ်။ လိင်စိတ်နိုးကြွအောင် ခန္ဓာကိုယ်အနှံ့သို့ ကနဦးနိုးဆွပေးခြင်းအပြင် ချောဆီအလုံအလောက် အသုံးပြုခြင်းဖြင့် မိန်းမအင်္ဂါစပ်ကို သွေးစီးဆင်းမှု ပိုဖြစ်စေပြီး လိင်ဆက်ဆံမှုကို ပိုမို စိတ်ကျေနပ်မှုရရှိအောင် လုပ်ဆောင်နိုင်ပါတယ်။ မိန်းမကိုယ်ကနေ လိင်ဆက်ဆံတာက တစ်ယောက်ယောက်အတွက် သက်သောင့်သက်သာမဖြစ်ရင် (သို့) ဒီထက် ပိုပြီး အဆင်မပြေရင် လိင်ဆက်ဆံတာ ရပ်တန့်လိုက်သင့်ပါတယ်။

Source – http://teenhealthsource.com/sex/vaginal-sex/

Close

ကိုယ်ဝန်ရဖို့ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တာ ကာကွယ်ဖို့ ထိရောက်တာကြောင့် ဒီနည်းကို သုက်ရည်အပြင်စွန့်ထုတ်တဲ့နည်း လို့ခေါ်ပါတယ်။ အချိန်သတ်မှတ်ထားဖို့က သော့ချက်ပါပဲ။ အမျိုးသားက ကိုယ်တိုင်ထိန်းချုပ်မှုမရှိတဲ့အခါ လိင်တံဆွဲထုတ်ဖို့ မတော်တဆ နောက်ကျတဲ့အခါ ကိုယ်ဝန်ရဖို့ အခွင့်လမ်းပိုများပါတယ်။

အမျိုးသားတွေမှာ သုက်ရည်အပြင်မထွက်ခင် သုက်ရည်ကြည် အနည်းငယ်ဟာ လိင်တံအပြင်မှာ ယိုစိမ့်ထွက်ကျလာပါတယ်။ အဲဒါကို သုက်ရည်အပြင်မထွက်ခင် ကြိုထွက်လာတဲ့ သုက်ရည်ကြည်ထွက်တာလို့ခေါ်ပါတယ်။ ကြိုထွက်လာတဲ့သုက်ရည်ကြည်မှာတော့ သုက်ကောင်မပါပေမဲ့ သက်ရှိသုက်ကောင်တွေရှိတာကြောင့် ကိုယ်ဝန်ရဖို့ ဖြစ်နိုင်ချေရှိပါတယ်။ အမျိုးသားက သုက်ရည်အပြင်မထွက်ခင် လိင်တံကိုဆွဲထုတ်တောင်မှ မိန်းကလေးတစ်ယောက်မှာ ကိုယ်ဝန်ရှိနိုင်ပါသေးတယ်။ကာမစိတ်အမြင့်ဆုံး ရောက်ရှိချိန်နဲ့ မတူတာက သုက်ရည်ကြည်ကြိုထွက်တဲ့ အချိန်ကို အတိအကျမပြောနိုင်တာပါ။

လိင်တံဆွဲထုတ်တဲ့နည်းက အခြားသန္ဓေတားနည်းနဲ့စာရင် ယုံကြည်စိတ်ချလို့မရပါဘူး။ လိင်ဆက်ဆံရာကတဆင့် ကူးစက်နိုင်တဲ့ရောဂါပိုးတွေကိုလည်း မကာကွယ်နိုင်ပါဘူး။ ပိုမိုဘေးကင်းစိတ်ချရတဲ့ လိင်ဆက်ဆံမှုဖြစ်အောင် အကောင်းဆုံးနည်းက ကွန်ဒုံးအသုံးပြုဖို့(သို့)အခြား သန္ဓေတားနည်းလမ်းအသုံးပြုဖို့ပါပဲ။

Sources: http://kidshealth.org/en/teens/ejaculate.html?WT.ac=ctg#catsex-health

Close

အကာအကွယ်မပါဘဲ လိင်ဆက်ဆံခဲ့ရင် စဉ်းစားဖို့ အရာနှစ်ခု ရှိပါတယ်။

၁။ မလိုချင်တဲ့ ကိုယ်ဝန်ဆောင်တာကို ကာကွယ်ဖို့ အရေးပေါ် သားဆက်ခြားနည်းကို သုံးရပါမယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် ၅ ရက် (နာရီ ၁၂၀) ထိ အရေးပေါ် သားဆက်ခြားဆေး သောက်နိုင်ပြီး စောစောသောက်လေ ပိုပြီးထိရောက်လေဖြစ်ပါတယ်။ အရေးပေါ် သားဆက်ခြားဆေးတွေက တစ်လုံး(သို့)နှစ်လုံးသောက်သုံးရတဲ့ ပုံစံမျိုးတွေနဲ့ လာပါတယ်။ နှစ်ခုစလုံးက ညီတူညီမျှ အကျိုးသက်ရောက်မှု ရှိပြီး ဟော်မုန်းပမာဏ တူညီစွာ ပါဝင်ပါတယ်။ ထိရောက်မှုရှိတဲ့ ရွေးချယ်မှု တစ်ခုအနေနဲ့ Lydia 1Safe Pill ကို ကြည့်ကြည့်ပါ။

၂။ လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေကို ကာကွယ်ဖို့ STI (သို့) HIV ပိုးကင်းစင်လားဆိုတာ သင့်ကိုယ်သင် စစ်ဆေးမှု ခံယူပါ။ STI စစ်ဆေးခြင်းကို ပြည်တွင်း အစိုးရပိုင် ဆေးရုံ (သို့) ပုဂ္ဂလိက ဆေးရုံတွေမှာရရှိနိုင်ပါတယ်။ ပြည်တွင်းအစိုးရဆေးရုံ အများစုမှာ စစ်ဆေးပေးတဲ့ ဝန်ဆောင်မှုမရှိရင် စစ်ဆေးပေးနိုင်တဲ့ဆေးရုံကို လွှဲပြောင်းပေးလေ့ရှိပါတယ်။

Source : http://youngwomenshealth.org/2011/10/26/sex_without_precaution/

Close

လူတော်တော်များများက လိင်ဆက်ဆံမှုကို ဆန်းကြယ်တဲ့ကိစ္စ တစ်ခုအဖြစ် မျှော်လင့်ကြတယ်။ ကျွန်တော်တို့ အားလုံးက လူပျိုအပျိုကာလနောက်ပိုင်း အရာအားလုံးကို ဖော်ထုတ်သိရှိဖို့ လိုတယ်လို့ ထင်တာပါပဲ။ အဖော်အသစ်တွေနဲ့ ဓါတ်ပေါင်းစပ်ဖို့ မျှော်လင့်ကြတယ်။ တကယ်တမ်းကျတော့ ကောင်းတယ်လို့ခံစားရတဲ့ လိင်ဆက်ဆံမှုက အမျိုးသမီးတွေအတွက်တော့ စမ်းသပ်မှုမြောက်မြားစွာနဲ့  အမှားအယွင်းတွေ အများကြီး ပါဝင်ပါတယ်။

လေ့လာချက်တခုအရ မိန်းမကိုယ်ကနေ လိင်ဆက်ဆံနေစဉ်အတောအတွင်း အမျိုးသမီး ၃၀% နဲ့ အမျိုးသား ၇ % က နာကျင်မှုကို ခံစားရပါတယ်။ စအိုဝ ကနေ လိင်ဆက်ဆံနေစဉ် အတောအတွင်း နာကျင်မှုက ပိုဖြစ်လေ့ရှိပြီး အမျိုးသမီးတွေအတွက် ၇၂ % နဲ့ အမျိုးသားတွေအတွက်တော့ ၁၅ % က နာကျင်မှုကို တွေ့ကြုံ ခံစားရပါတယ်။

ပွတ်မှုအားနဲ့ ခြောက်သွေ့မှုက လိင်ဆက်ဆံမှုကို နာကျင်စေပြီး စုံတွဲ အများစုက အနေအထားပြောင်းလဲတာတွေ၊ ချောဆီထည့်တာတွေ ရှိပြီး အဆင်မပြေတာတွေရှိရင် အားလုံးကို ရပ်တန့်လိုက်ပါ။ မည်သို့ပင်ဖြစ်စေ လိင်ဆက်ဆံဖော်တော်တော်များများက လိင်ဆက်ဆံတာကို ကောင်းတယ်လို့ ယူဆတာကြောင့် သူတို့ နာကျင်မှုကို ဖုံးကွယ်ထားကြရာကနေ လိင်ဆက်ဆံတဲ့နေရာမှာ သက်သောင့်သက်သာ မဖြစ်တော့တာမို့  စိတ်မပါတော့ဘူးလို့  တချို့ကဝန်ခံထားကြပါတယ်။

ပွတ်မှုအားနဲ့ ခြောက်သွေ့မှုတွေက အတွေ့အကြုံမရှိတဲ့ စုံတွဲတွေအတွက် နာကျင်စေတတ်တာကြောင့် ချောဆီအလုံအလောက်အသုံးပြုခြင်းနှင့် ကနဦးလိင်စိတ်နှိုးဆွပေးခြင်းတွေကို အချိန်ယူ လုပ်ဆောင်ပေးသင့်ပါတယ်။ ရေကို အခြေခံပြီးထုတ်ထားတဲ့ ချောဆီတွေ ကိုဝယ်ယူနိုင်ပါတယ်။

တစ်ခုခုကြောင့် သင်နာကျင်ခဲ့ရင် သင့်အဖော်ကို ပြောဆိုဖို့လည်း မကြောက်ပါနဲ့။ သင်က ယောက်ျားလေးတစ်ယောက် ဖြစ်ပြီး လိင်ဆက်ဆံရာမှာ နာကျင်နေရင် ဆီးနဲ့ မျိုးပွားလမ်းကြောင်း အထူးကုဆရာဝန်နဲ့ သွားရောက်ပြသပါ။ လိင်ဆက်ဆံရာကတဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးကတော့ အပြစ်တင်စရာပါပဲ။ ဆက်တိုက် စအိုနာနေရင် သင့်မှာပိုးကူးစက်မှုမရှိ (ဒါမှမဟုတ်) တခြားဘေးဥပဒ်ဖြစ်စေတဲ့ ပြဿနာမရှိတာကို သေချာအောင် လုပ်ဖို့ ဆရာဝန်နဲ့ ပြောဆိုပါ။

သင်က အမျိုးသမီးတစ်ယောက်ဖြစ်ရင် သင်ရဲ့ အမျိုးသမီးအင်္ဂါအစေ့ကို အာရုံစိုက်ပါ။ အမျိုးသမီးတော်တော်များများက လိင်တံထိုးထည့်တာကနေ စိတ်ကျေနပ်မှုကို ခံစားရတယ်လို့ ယူဆကြတယ်။ ထိုးထည့်တာဟာ ခံစားချက်ကို ကောင်းတာမှန်ပေမယ့် သင့်ရဲ့ အာရုံကြော အဓိကလွှမ်းမိုးမှုကို မိန်းမအင်္ဂါစေ့က လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် ချောဆီ အမြောက်အမြားသုံးပြီး မိန်းမအင်္ဂါစေ့နှိုးဆော်မှုက တုံ့ပြန်မှု မရှိရင် လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးဖြစ်ခြင်းတွေ၊ သားအိမ်အလုံးတည်ခြင်းတွေ၊ နေရာ လွှဲမှား သားအိမ် တစ်သျှူးပျံ့နှံ့ခြင်းတွေ၊ အရည်ကြည်အိတ်ဖြစ်တည်ခြင်းတွေက နာကျင်မှုကို ဖြစ်စေပြီး လိင်ပိုင်းဆိုင်ရာ နာကျင်မှုတွေ ရှိနိုင်ပါတယ်။ အမျိုးသမီး သားဖွားမီးယပ်နဲ့ စမ်းသပ်စစ်ဆေးမှုခံယူတာက သင်နာကျင်ရတဲ့ အကြောင်းရင်းကို စစ်ဆေးအတည်ပြုဖို့ အကောင်းဆုံးဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ မှားယွင်းမှုမရှိဘူးဆိုရင်တောင် စိတ်ချမ်းသာမှုကို ပေးနိုင်ပါတယ်။

Source – http://www.menshealth.com/sex-women/what-to-do-when-sex-hurts

http://www.bustle.com/articles/42802-why-does-sex-hurt-me-7-steps-to-preventing-pain-so-you-can-enjoy-yourself-in

Close

ကာမစိတ်နှိုးဆွစေတဲ့နေရာဆိုတာ ထိတွေ့တဲ့အခါ ကာမဆန္ဒဖြစ်စေတဲ့ အရေပြားနေရာပါ။ အရေပြားပေါ်က ဘယ်နေရာမဆို ကာမစိတ်နှိုးဆွစေတဲ့ နေရာတွေဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လူတိုင်းမှာတော့ ကာမစိတ်နှိုးဆွစေတဲ့ နေရာတွေ မတူကြပါဘူး။ လူတိုင်းမှာ ထိတွေ့ခံရတာနဲ့ ပတ်သက်ပြီး မတူတဲ့အကြိုက်တွေ မကြိုက်တာတွေ ရှိကြပါတယ်။ ကာမစိတ်နှိုးဆွစေတဲ့ နေရာတွေက ထူးခြားပါတယ်။

ဥပမာအားဖြင့် လိင်အင်္ဂါတွေဟာ ထိတွေ့ဖို့အာရုံခံစားမှုပြင်းထန်တဲ့နေရာတွေဖြစ်ပြီး မိန်းမအင်္ဂါစေ့နဲ့ ယောက်ျားတန်ဆာထိပ်ပိုင်းနေရာတွေပါ။ အခြား ကာမစိတ်နှိုးဆွစေတဲ့နေရာတွေကတော့ လက်မောင်း၊ နောက်ကျော၊ တင်ပါး ၊နား၊ ခြေဖဝါး၊ လက်ချောင်း၊ ခြေထောက်၊ လည်ပင်း၊ နို့သီးခေါင်းနဲ့ မိန်းမကိုယ် ပါဝင်ပါတယ်။

သင့်ရဲ့ ကာမစိတ်နှိုးဆွစေတဲ့ နေရာ (သို့) သင့်အဖော်ရဲ့ ကာမစိတ်နှိုးဆွစေတဲ့ နေရာကို ရှာဖွေဖို့ကြိုးစားနေရင် ဘယ်အရာကကောင်းလဲဆိုတာ ရှာဖွေပြီး လက်တွေ့စမ်းသပ်ပါ။ သင့်အဖော်နဲ့ရှိတဲ့အခါ “ကောင်းလား” “ဘယ်နေရာထိတွေ့ခံရတာ ကြိုက်လဲ” အစရှိတဲ့ မေးခွန်းတွေမေးတာက သူတို့အကြိုက်တွေကို သိရဖို့ အထောက်အကူ ဖြစ်စေပါတယ်။

Sources: https://www.plannedparenthood.org/learn/sexuality/understanding-sexual-pleasure

Close

line

မေးခွန်းမေးရန်

အမည် (လိုအပ်ပါသည်):
အီးမေးလ် (လိုအပ်ပါသည်):
မေးလိုသည့်အကြောင်းအရာ: