ကျွန်မတို့ကိုမေးမြန်းနိုင်ပါတယ် ကျွန်မတို့ကိုမေးမြန်းနိုင်ပါတယ်

ကျွန်မတို့ကို မေးမြန်းနိုင်ပါတယ်

အမေးအဖြေများအဘို့သင့်အမျိုးအစားကိုရွေးချယ်ပါ

ဒါကတော့ ဘယ်လိုသားဆက်ခြားနည်းကိုသုံးတာလဲဆိုတာပေါ် မူတည်ပါတယ်။ တချို့သားဆက်ခြားနည်း တွေရဲ့အကျိုးသက်ရောက်မှုက သင်စအသုံးပြုတဲ့အချိန်ပေါ်မှာမူတည်ပါတယ်။ ဥပမာ ဓမ္မတာလာနေချိန်မှာ လက်မောင်းတွင်းထိုးသွင်းသားဆက်ခြားဆေးထိုးရင် (ဒါမှမဟုတ်) သားအိမ်တွင်း ထည့်သားဆက်ခြားပစ္စည်း အသုံးပြုရင် ချက်ချင်း အကျိုးသက်ရောက်မှုရှိပါတယ်။ ဒါပေမဲ့ သင့်ဓမ္မတာလာချိန်မှာစသုံးတာမဟုတ်ရင်တော့ အဲ့သားဆက်ခြားနည်းအကျိုးသက်ရောက်မှုရှိလာတဲ့အချိန်အထိတစ်ပတ်လောက် အကာအကွယ်နဲ့ နေသင့်ပါတယ်။ဟော်မုန်းနှစ်မျိုးပါသားဆက်ခြားဆေးကို ဓမ္မတာလာချိန်ကနေ နောက်()ရက်အတွင်း စသောက်တယ်ဆိုရင် ကိုယ်ဝန်မရစေဖို့ ချက်ချင်းကာကွယ်ပြီးသားဖြစ်သွားမှာပါ။ယောနိလမ်းကြောင်းထိ အတူဆက်ဆံပြီးတဲ့ သကာလမှာ တခြားသက်ဆက်ခြားနည်း ဖြစ်တဲ့ အကာအကွယ်ကို သုံးပြီးအတူနေရင်းနဲ့ ပရိုဂျက်စတုန်းသီးသန့်ပါသားဆက်ခြားဆေးကို ၄၈နာရီအတွင်းသောက်ခြင်းဖြင့် နှစ်ရက်ကြာပြီးနောက်မှာ ချက်ချင်းအကျိုးသက်ရောက်ပါတယ်။ သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်းကတော့ သုံးပြီးချက်ချင်းအကျိုးသက်ရောက်မှုရှိပါတယ်။ဒီကိရိယာက သင့်ခနာကိုယ်ထဲမှာထည့်သွင်းပြီးတာနဲ့ချက်ချင်းပဲသင့်ကို ကိုကိုယ်ဝန်မရအောင်တားဆီးပေးမှာပါ။

Close

ဓမ္မတာလာတာဟာ သင့်အတွက် ဒုက္ခတစ်ခုဖြစ်ကောင်းဖြစ်နေမှာပါ။ဒါပေမဲ့ သတင်းကောင်းရှိပါတယ်။ တချို့သားဆက်ခြားနည်းတွေဟာ သင့်ဓမ္မတာကို ရပ်သွားအောင်လုပ်ပေးနိုင်ပါတယ်။ တကယ်လို့ ဓမ္မတာလာတာဟာ သင့်ကိုစိတ်အနှောက်အယှက် ဖြစ်စေရင် (ဒါမှမဟုတ်) ရက်ကြာကြာ နဲ့ရာသီသွေးများများ ဆင်းတာမကြိုက်တဲ့သူ ဆိုရင် သားဆက်ခြားဆေးထိုးတာ၊ ခနာကိုယ်ထဲကို သားဆက်ခြားကိရိယာထည့်သွင်းတာတွေဟာ ရွေးချယ် သင့်တဲ့နည်းလမ်းတွေပါပဲ။ လက်မောင်းတွင်း သားဆက်ခြားဆေးထိုးသွင်းတာက သင့်ဓမ္မတာကို နည်းသွားစေနိုင်ပြီး နာကျင်ကိုက်ခဲတာကိုလည်းလျော့ပါးစေတဲ့အပြင် တချို့အမျိုးသမီးတွေမှာဆိုရင် ဓမ္မတာဟာ ရပ်သွားတတ်ပါတယ်။

Close

ဘယ်ဆေးဝါးမဆို အနည်းနဲ့အများတော့ ဘေးထွက်ဆိုးကျိုးရှိကြတာပါပဲ။ ဒါပေမဲ့ လူတွေက ဆိုးကျိုးတွေကိုကြားပြီးတဲ့အခါ အဲ့ဒါတွေကိုခေါင်းထဲမှာစွဲနေတတ်ကြပါတယ်။ ဒါကတော့ ကျွန်မတို့ အားလုံးဖြစ်တတ်ကြတဲ့ လူ့သဘာဝပါပဲ။ ဒါပေမဲ့ ဆေးဝါးကုမ္ပဏီတွေက သင်ကြုံတွေ့ရနိုင်ချေရှိတဲ့ ဆေးဝါးတွေရဲ့ တော်တော်လေးဖြစ်တောင့်ဖြစ်ခဲ ဘေးထွက်ဆိုးကျိုးတွေအပါအ၀င် ကြောက်စရာ ဘေးထွက်ဆိုးကျိုးတွေအားလုံးကို စာရင်းပြုစုပြီးသားဆိုတာ သတိရပါ။ ဒါကြောင့် သားဆက်ခြားနည်း သုံးဖို့ လက်လျော့ပြီးနောက်မဆုတ်လိုက်ခင် အညွှန်းစာထဲမှာတော့ ကြောက်စရာကောင်းတဲ့ပုံစံဖော်ပြ ထားပေမယ့် အန္တရာယ်မရှိတဲ့ ပါရာစီတမောရဲ့ဘေးထွက်ဆိုးကျိုးလိုမျိုး သာမာန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကို အရင်စဉ်းစားချင့်ချိန်ကြည့်ပါ။ သင်ကလေးယူဖို့အဆင်သင့်မဖြစ်သေးဘူး ဆိုရင်တော့သားဆက်ခြားနည်းတွေကတကယ်ကိုသုံးသင့်ပါတယ်။ကျွန်မတို့သိထားတဲ့ ဘေးထွက်ဆိုးကျိုးထက် ကိုယ်ဝန်ဆောင်တဲ့အခါ ပိုနိုင်တယ်ဆိုတာ ယုံပါ။ လူတိုင်းအတွက် သားဆက်ခြားနည်းတွေ အများကြီး ရှိပါတယ်။

Close

တကယ်လို့ ၀လာမှာစိုးရိမ်နေတယ်ဆိုရင် သားဆက်ခြားနည်းတွေရဲ့ ဘေးထွက်ဆိုးကျိုး တချို့က စိတ်ပျက်စရာကောင်းနေပါလိမ့်မယ်။ သင့်အချစ်ဆုံးသူငယ်ချင်းက သူ့ရဲ့ညီမ၀မ်းကွဲ သားဆက်ခြားနည်းတွေသုံးပြီး နောက်ပိုင်းဝလာတယ်ပြောလို့ သားဆက်ခြားဆေးသောက်တာကို ရပ်လိုက်ဖူးပါသလား။ ကျွန်မတို့ ဒီလိုဇာတ်လမ်းတွေကို မရေတွက်နိုင်လောက်အောင် ကြားခဲ့ဖူးပါ တယ်။ ဟော်မုန်းဆိုင်ရာ သားဆက်ခြားနည်းတွေက ဘေးထွက်ဆိုးကျိုးတွေရှိတာကို ကျွန်မတို့ မငြင်းပါဘူး။ ဒါပေမဲ့ အဲ့ဒီဘေးထွက်ဆိုးကျိုးတွေက သင်ထင်ထားသလောက်မဆိုးပါဘူး။ သင်တို့မှာ သားဆက်ခြားတာနဲ့ ပတ်သတ်တဲ့ အတွေ့အကြုံဆိုးတွေကို တွေ့ကြုံခံစားရဖူးတဲ့ ညီအစ်မ၀မ်းကွဲတွေ ရှိကောင်းရှိကြမှာပါ။ ဒါပေမဲ့ အဲ့ဒီလိုအတွေ့အကြုံဆိုးတွေက သားဆက်ခြားနည်းသုံးတိုင်း မလွဲမသွေကြုံရတဲ့အရာတွေမဟုတ်ပါဘူး။ ခြွင်းချက်တွေပါ။ အောက်မှာ သားဆက်ခြားတာနဲ့ ၀လာတာ တွေရဲ့ အကြောင်းအရင်း ၂ချက်ကို ပြောပြထားပါတယ်။

()သားဆက်ခြားဆေး သောက်တဲ့အမျိုးသမီးတွေဟာ သားဆက်ခြားနည်းမသုံးတဲ့ အမျိုးသမီးတွေထက် ၀မလာကြပါဘူး။ လေ့လာဆန်းစစ်မှုတွေ အကြိမ်ကြိမ်အခါခါပြုလုပ်တဲ့အခါ အကြိမ်တိုင်းမှာ သားဆက်ခြားဆေးတွေဟာ သုံးစွဲတဲ့အမျိုးသမီးတွေကို ၀မလာစေပါဘူးဆိုတဲ့ရလဒ် တစ်ခုတည်းပဲ ထွက်လာပါတယ်။ အမှန်တော့ သားဆက်ခြားနည်းတိုင်းက သုံးစွဲသူကို ၀မလာစေ ပါဘူး။ ။ တကယ်လို့ သင်က၀လာမှာအရမ်းစိုးရိမ်နေတယ်ဆိုရင် ၀လာနိုင်ချေကိုလျော့နည်းစေတဲ့ သားဆက်ခြားသောက်ဆေးကို သုံးစွဲနိုင်ပါတယ်။

()သားဆက်ခြားဆေးထိုးတာက တချို့အမျိုးသမီးတွေကိုတော့ ၀လာစေနိုင်ပါတယ်။ အမျိုးသမီး()ပုံ()ပုံကတော့ သားဆက်ခြားဆေးထိုးပြီးတဲ့အခါ ၀လာတတ်ကြပါတယ်။ လတ်တလောပြုလုပ်ခဲ့တဲ့လေ့လာမှုတွေအရ သန္ဓေတားဆေးထိုးတဲ့ အမျိုးသမီး()ယောက်မှာ ()ယောက်ဟာ သားဆက်ခြားဆေးထိုးပြီး()လအတွင်း ဆေးထိုးကာစမှာရှိခဲ့တဲ့ ကိုယ်အလေးချိန်ထက် ()ရာခိုင်နှုန်းလောက် အလေးချိန်တက်လာတတ်ကြပါတယ်။ ဒါပေမဲ့ သားဆက်ခြားဆေးထိုးထားတဲ့ အမျိုးသမီးအများစုက ကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်ပြီး လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ရင်း(ကျွန်မတို့အားလုံးလုပ်သင့်တဲ့အရာတွေလုပ်ပြီး) ကိုယ် အလေးချိန်ထိန်း နိုင်ကြပါတယ်။

Close

သားဆက်ခြားတာ၊ ကိုယ်အလေးချိန်တိုးလာတာတွေနဲ့ပတ်သတ်ပြီး သားဆက်ခြားနည်းလမ်းတွေရဲ့ သက်ရောက်မှုပုံစံက တစ်ခုနဲ့တစ်ခုမတူညီကြပါဘူး။ ကိုယ်အလေးချိန်အရမ်းများတာနဲ့ အ၀လွန်တာ တွေ၊ ပြီးတော့အ၀လွန်တာက လူတွေရဲ့ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလဲ ဆိုတာတွေဟာ လူပြောများနေတဲ့ကိစ္စတွေပါ။ ခန္ဓာကိုယ်ဝလာတာဟာ သားဆက်ခြားနည်းတွေ နဲ့ဆိုင်ပါသလား။ သတင်းကောင်း ကိုအရင်ပြောပါရစေ။ သားအိမ်တွင်း ထည့်ပစ္စည်း၊လက်မောင်းတွင်း ထိုးသွင်း သားဆက်ခြားကိရိယာ နဲ့ ကွန်ဒုံးသုံးတာတွေဟာ အလေးချိန်တိုးလာတဲ့ သတင်းဆိုးအနေနဲ့ အရေးပေါ် သားဆက်ခြားသောက်ဆေးတွေကတော့ ကိုယ်အလေးချိန်ကို တကယ်တက်လာစေ ပါတယ်။ သာမန်အသုံးပြုနေကြတဲ့ သားဆက်ခြား သောက်ဆေးတွေက ကိုယ်အလေးချိန်တိုးလာစေသလား ဆိုတာကိုတော့ ကျွန်မတို့ သေချာမသိပါဘူး။ ဒါကြောင့် ကိုယ်ဝန်မဆောင်ချင်တဲ့အ၀လွန်အမျိုးသမီးတွေ သူတို့အတွက် အထိရောက်ဆုံးဖြစ်မယ့် သားဆက်ခြားနည်းကိုအသုံးပြုတာဟာ အရေးကြီးပါတယ်။ လက်မောင်းတွင်းထိုး သွင်း သားဆက်ခြားကိရိယာ ထည့်သွင်းတာနဲ့ သားအိမ်တွင်းထည့်ပစ္စည်း(IUD )ထည့်သွင်းအသုံးပြုတာကတော့ အထိရောက်ဆုံးပါပဲ။ တကယ်လို့ သင်ကဒီသနေတားနည်းသုံးတာနဲ့ ကိုယ်အလေးချိန်တက်လာတတ်သလားဆိုတဲ့ အကြောင်းအရာကို စိတ်ဝင်စားတယ်ဆိုရင် သင့်ကျန်းမာရေး စောင့်ရှောက်သူထံက ကျန်းမာရေးထောာက်ခံချက်ကို သီးသန့် တောင်းခံသင့်ပါတယ်။

 

Close

သားအိမ်တွင်းထည့်ပစ္စည်းထည့်သွင်းတာ၊ လက်မောင်းတွင်းထိုးသွင်း သားဆက်ခြား ဆေးသုံးတာ (ဒါမှမဟုတ်) သားဆက်ခြားဆေးထိုးတာတွေနဲ့ ပတ်သတ်ပြီး အကြံပြုချက်ပေးချင်ပါတယ်။ ဒီသားဆက်ခြားနည်း()မျိုးလုံးက ထိန်းသိမ်းရမှု နည်းတဲ့အပြင် ထိရောက်မှုရှိကာ သားဦးမိခင်တွေအတွက် လုံခြုံစိတ်ချရပြီး မိမိရင်သွေးငယ်ကို နို့တိုက်ကျွေးနေချိန်မှာ အသုံးပြုထားလည်း ဘေးကင်းလုံခြုံပါတယ်။ နို့တိုက်မိခင်တွေအတွက် ဖော်စပ် ထုတ်လုပ်ထားတဲ့ အထူးသားဆက်ခြားဆေးတွေလည်းရှိပါတယ်။ သင့်အတွက် သင့်တော်မယ့် သားဆက်ခြားနည်းကို သင့်ကျန်းမာရေးစောင့်ရှောက်သူနဲ့ တိုင်ပင်ကြည့်ပါ။

Close

ဟော်မုန်းဆိုင်ရာသားဆက်ခြားသောက်ဆေး၊ထိုးဆေး(ဒါမှမဟုတ်)ဟော်မုန်းပါတဲ့ လက်မောင်းတွင်း ထိုးသွင်းသားဆက်ခြားဆေးတွေကို ထည့်သွင်းတာတွေကို အသုံးပြုထားတဲ့အမျိုးသမီးအများစုက အသုံးမပြုထားတဲ့ အမျိုးသမီးတွေထက် ဓမ္မတာလာချိန်မှာ နာကျင်ခံစားရတဲ့အချိန်အတိုင်းအတာ တိုတောင်းကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီသားဆက်ခြားနည်းတွေက သား အိမ်အတွင်း ဘက်နံရံကို ပါးစေလို့ပါ။ သားအိမ်ထဲမှာ ကွာကျစရာတစ်သျှူးတွေ နည်းသွားတာကြောင့် ရာသီသွေးနည်းနည်းပဲ ဆင်းပါတော့တယ်။ သန္ဓေတားကိရိယာထည့်သွင်းတာနဲ့ သန္ဓေတားထိုးဆေး အသုံးပြုသူတွေအတွက် အရေးကြီးတဲ့ မှတ်သားစရာကတော့ ဒီသားဆက်ခြားနည်းတွေကိုအသုံးပြုတဲ့ တချို့အမျိုးသမီးတွေဟာ အဖုအပိမ့်တွေထွက်တာ (ဒါမှမဟုတ်) သွေးထွက်တာတွေ ရက်တော်တော်ကြာကြာ ခံစားရတတ်ပေမယ့် ရာသီသွေးဆင်းတာနည်းသွားပြီး နာကျင်ကိုက်ခဲတာတွေ လျော့ပါးသွားတတ်တာပါပဲ။

Close

အမျိုးသမီးတွေဟာ အသက်(၃၀)အောက်အရွယ်မှာ မွေးဖွားနိုင်စွမ်းအလွန့်အလွန်ကောင်းကြပြီး သနေအောင်နိုင်စွမ်းလည်း အကောင်းဆုံးဖြစ်နေတတ်ကြပါတယ်။ ဒါပေမဲ့ အမျိုးသမီးအများစုက အခုအချိန်မှာသားဆက်ခြားနည်းတစ်ခုခုသုံးတာက နောက်ပိုင်းကြရင် ကိုယ်ဝန်ရနိုင်ချေကိုထိခိုက် စေပါသလားလို့ မေးတတ်ကြပါတယ်။ အဲ့ဒီလိုမထိခိုက်စေတတ်လို့ စိတ်သက်သာရာရစရာပါပဲ။ သားဆက်ခြားနည်းတိုင်းက သုံးထားတဲ့အချိန်မှာ သင့်ကိုကိုယ်ဝန်မရအောင် တားဆီးပေးတာချည်း ပါဘဲ။ ဒါပေမဲ့ သင်မသုံးဘဲရပ်လိုက်ပြီးနောက်ပိုင်း ဘယ်သားဆက်ခြားနည်းကမှ သင့်ကို ကိုယ်ဝန်မရစေအောင် အချိန်အကြာကြီးအထိ အကျိုးသက်ရောက်မှုရှိမနေပါဘူး။

Close

ဓမ္မတာပုံမှန်မလာတာ (ဒါမှမဟုတ်) ဓမ္မတာရပ်သွားတာ တာတွေဟာ အန္တရာယ်မရှိသလိုဆိုးကျိုးလည်းမရှိပါဘူး။သားဆက်ခြားနည်းသုံးနေတဲ့အတောအတွင်း ဓမ္မတာမများတော့တာ၊ ပုံမှန်မလာတော့တာ (ဒါမှမဟုတ်) ဓမ္မတာရပ်သွား တာတွေက သားဆက်ခြားနည်း သုံးနေတာကိုရပ်လိုက်ပြီးနောက်ပိုင်း သင့်ရဲ့သနေအောင်နိုင်စွမ်းကို မထိခိုက်စေပါဘူး။ ဓမ္မတာသိပ်မများတော့တာ (ဒါမှမဟုတ်) ဓမ္မတာလုံးဝရပ်သွားတာ တွေရဲ့အကြောင်းအရင်းကတော့ သားဆက်ခြားနည်းတွေမှာပါတဲ့ ဟော်မုန်းတွေက သားအိမ်အတွင်း မျက်နှာပြင်တွေကိုပါးစေတာ ကြောင့်ပါ။ (သားအိမ်အတွင်းမျက်နှာပြင်တွေကွာကျတာကြောင့် )

Close

အသက်၃၅နှစ်နဲ့အထက် အမျိုးသမီးအများစုအတွက် ဟော်မုန်းကိုအခြေခံတဲ့သားဆက်ခြားနည်းက အန္တရာယ်ကင်းပါတယ်။ ဒါပေမဲ့ ဆေးလိပ်သောက်တဲ့သူ (ဒါမှမဟုတ်) ကျန်းမာရေးချို့တဲ့သူဆိုရင် တော့ စိုးရိမ်စရာရှိပါတယ်။ ဆေးလိပ်သောက်ရင် ဆေးလိပ်သောက်နေရင်းနဲ့ သားဆက်ခြားဆေးတွေ သောက်တယ်ဆိုရင် အသက်၃၅နှစ်နောက်ပိုင်း ရောက်တဲ့အခါ သင့်အသက်အန္တရာယ် တော်တော်စိုးရိမ်ရပါတယ်။ အီစထရိုဂျင်ပါတဲ့သနေတားနည်းတွေကို မသုံးပါနဲ့။ သွေးလွှတ်ကြောတွေထဲမှာ ဆေးလိပ်ငွေ့တွေ နဲ့အီစထရိုဂျင်တွေ အပြန်အလှန်ဓာတ်ပြုပြီး နှလုံးလေဟပ်သွားကာ နှလုံးရပ်သွားတတ်ပါတယ်။ အမျိုးသမီးတွေ အသက်(၃၅)နှစ်နောက်ပိုင်း ကျန်းမာရေးထိခိုက်လာတာတွေသိသိသာသာများလာတာကို သုတေသနပြုစာရင်းဇယားတွေမှာ တွေ့နိုင်ပါတယ်။ ဒါကဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတွေဟာ အသက်အရွယ်ကြီးလာတာနဲ့အမျှ ကျန်းမာရေးချို့တဲ့ပြီး အသက်အန္တရာယ်ပိုများလာလို့ပါ။ ဒီလိုကျန်းမာရေးပြသနာတွေရှိရင် သင့်မှာပြင်းထန်တဲ့ဆီးချိုရောဂါ၊ သွေးခဲဖူးတာ၊ သွေးတိုးရောဂါ၊ အမြင်အာရုံချို့ယွင်းပြီး မကြာခဏခေါင်းကိုက်တဲ့ရောဂါ၊ ပြီးတော့ အသည်း(ဒါမှမဟုတ်)ဆီးအိမ် ရောဂါတွေရှိရင် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲအန္တရာယ်တွေကို ဆရာဝန်ကိုကြိုပြောပြထားပါ။ဒါပေမဲ့ အီစထရိုဂျင်မဟုတ်ဘဲ ပရိုတင်း(အသားဓာတ်)ပဲပါတဲ့ သနေတားသောက်ဆေး၊ ထိုးဆေးနဲ့ သားအိမ်တွင်းထည့်ပစ္စည်း (IUD)လိုမျိုး တခြားရွေးချယ်စရာတွေ အများကြီး ရှိပါတယ်။ ဒီရွေးချယ်စရာတွေ အားလုံးဟာ အသက်၃၅နှစ်နဲ့အထက် အမျိုးသမီးတွေအတွက် အန္တရာယ်ကင်းပါတယ်။

Close

line

မေးခွန်းမေးရန်

အမည် (လိုအပ်ပါသည်):
အီးမေးလ် (လိုအပ်ပါသည်):
မေးလိုသည့်အကြောင်းအရာ: