အမျိုးသမီးတွေ သိထားသင့်တဲ့ မွေးလမ်းကြောင်း     မှိုစွဲခြင်း အမျိုးသမီးတွေ သိထားသင့်တဲ့ မွေးလမ်းကြောင်း မှိုစွဲခြင်း
အမျိုးသမီးတွေ သိထားသင့်တဲ့ မွေးလမ်းကြောင်း     မှိုစွဲခြင်း

အမျိုးသမီးတွေ သိထားသင့်တဲ့ မွေးလမ်းကြောင်း မှိုစွဲခြင်း

May 25, 2018

မွေးလမ်းကြောင်း မှိုစွဲတယ်ဆိုတာ ယားယံမှုတွေနဲ့အတူ စိတ်မသက်မသာဖြစ်မှုတွေကြောင့် ဘယ်သူမှ သိပ်ပြီး ထုတ်မပြောတတ်ကြပေမယ့် ဒါက အမျိုးသမီးတိုင်း ကြုံရနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ သုတေသန စစ်တမ်းတွေအရ အမျိုးသမီး ၇၅ ရာခိုင်နှုန်းက ဘဝမှာ တစ်ခါတော့ မွေးလမ်းကြောင်း မှိုစွဲတာဖြစ်နိုင်ပြီး ၄၀-၄၅ ရာခိုင်နှုန်းက တစ်ကြိမ်ထက် ပိုပြီး ဖြစ်နိုင်ပါတယ်လို့ ဆိုထားပါတယ်။ မည်သို့ပင်ဖြစ်စေ မွေးလမ်းကြောင်း မှိုစွဲတာက အသက်အရွယ်မရွေး အချိန်အခါမရွေး ဖြစ်ပွားနိုင်ပါတယ်။ ကံကောင်းတာကတော့ ဒီလိုမှိုစွဲတာအများစုကတော့ အလွယ်တကူပဲ ကုသပျောက်ကင်းနိုင်ပါတယ်။ ကျန်းမာတဲ့ အမျိုးသမီးမွေးလမ်းကြောင်းဆိုတာ ဘတ်တီးရီးယားနဲ့ မှိုတွေ မျှတစွာရှိနေတာပါ။ lactobacilli လို့ခေါ်တဲ့ ဘတ်တီးရီးယားတွေ ကြီးထွားရှင်သန်ဖို့ အီစတိုဂျင် ဟိုမုန်းက အထောက်အကူပေးပါတယ်။ ဒီ lactobacilli ဘတ်တီးရီးယားက မွေးလမ်းကြောင်းထဲဝင်လာတဲ့ မကောင်းတဲ့ ပိုးတွေကို တိုက်ထုတ်ပေးပြီး မွေးလမ်းကြောင်း ကျန်းမာအောင် ဆောင်ကျဉ်း ပေးပါတယ်။ တစ်ခါတစ်လေ ဒီအခြေအနေ ဟန်ချက်ပျက်တဲ့အခါမှာ candida လို့ခေါ်တဲ့ မှိုတစ်မျိုးက စွဲကပ်လာပြီး မွေးလမ်းကြောင်း မှိုစွဲတဲ့ ရောဂါ ဖြစ်နိုင်ပါတယ်။ ဒီလို မွေးလမ်းကြောင်း မှိုစွဲနိုင်တဲ့ အကြောင်းအရင်းအများကြီးရှိနိုင်ပါတယ်။

  • ဟိုမုန်းအပြောင်းအလဲ
    ကိုယ်ဝန်ဆောင်ချိန်၊ ကလေးနို့တိုက်တဲ့အချိန် ဒါမှမဟုတ် သွေးဆုံးချိန်တွေမှာ ဟိုမုန်းအပြောင်းအလဲတွေ ဖြစ်လို့ ဖော်ပြပါ ဘတ်တီးရီးယားဟန်ချက်ပျက်ပြီး မွေးလမ်းကြောင်း မှိုစွဲနိုင်ပါတယ်။
  • ဆီးချိုသွေးချိုရှိခြင်း
    သွေးချိုရောဂါကို ကောင်းကောင်း မထိန်းချုပ်နိုင်ရင် မွေးလမ်းကြောင်း အတွင်းမှာရှိတဲ့ အမြှေးပါးမှာ အချိုဓါတ် များနေနိုင်တဲ့အတွက် မှိုတွေ ပေါက်ဖွားဖို့ ပိုမိုလွယ်ကူပါတယ်။
  • ပဋိဇီဝဆေးများသုံးခြင်း
    ဒီဆေးတွေ သုံးနေရင် မွေးလမ်းကြောင်းမှာ ရှိတဲ့ ပိုးတွေ အများကြီး သေနိုင်ပါတယ်။
  • မွေးလမ်းကြောင်း သန့်စင်ရေများသုံးခြင်း
    ဒါတွေသုံးရင် မွေးလမ်းကြောင်းအတွင်းရှိ ဘတ်တီးရီးယားဟန်ချက်ကို ပျက်ပြားစေနိုင်ပါတယ်။
  • ကိုယ်ခံအားနည်းခြင်း
    ခုခံအားကျဆင်းစေတဲ့ ရောဂါလိုမျိုး ရှိနေရင်လည်း မှိုတွေကို ထိန်းချုပ်ရခက်ပါတယ်။
  • လိင်မှတဆင့်ကူးစက်ခြင်း
    ဒီရောဂါက လိင်ကတဆင့်ကူးစက်နိုင်တဲ့ ရောဂါလို့ သတ်မှတ်မထားပေမယ့် လိင်ဆက်ဆံရာက တဆင့် ကူးစက်နိုင်ပါတယ်။

ယားယံမှုနဲ့ နေရထိုင်ရခက်တာက မှိုစွဲခြင်းရဲ့ အဓိကလက္ခာရပ်တွေဖြစ်ပြီး အမျိုးသမီးအင်္ဂါ ပူစပ်ပူလောင်ဖြစ်တာ နာကျင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဆီးသွားတဲ့အခါနဲ့ လိင်ဆက်ဆံတဲ့အခါ နာကျင်တာအပြင် အနံမရှိဘဲ ထူထဲတဲ့ အဖြူခြင်းတာတွေကလည်း မွေးလမ်းကြောင်း မှိုစွဲတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် မွေးလမ်းကြောင်း မှိုစွဲတယ်လို့ ခံစားနေရရင် ကိုယ်ဖာသာကြိတ်ကုတာထက် ဆရာဝန်နဲ့ အရင် တိုင်ပင်ပြသဖို့ လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဖော်ပြပါ လက္ခဏာရပ်တွေက မှိုစွဲတာအပြင် တခြားပြင်းထန်တဲ့ ရောဂါတွေရဲ့ ရှေးပြေးလက္ခဏာဖြစ်နေနိုင်လို့ပါ။ အနာနဲ့ ဆေးတည့်ဖို့က မှန်ကန်တဲ့ စမ်းသပ်စစ်ဆေးမှု လိုပါတယ်။ နောက်ပြီး မလိုအပ်ဘဲ မှိုသတ်ဆေးတွေသုံးခဲ့ရင် တကယ်တမ်းဖြစ်လာတဲ့အခါမှာ ပိုပြီး ကုသရ ခက်ပါတယ်။

မွေးလမ်းကြောင်း မှိုစွဲတာက မှိုသတ်ဆေးခရမ်ကို တပတ်ဆယ်ရက် လိမ်းပေးရုံနဲ့ ပျောက်ကင်းနိုင်ပါတယ်။ ဆရာဝန်ကနေဆေးသောက်ဖို့ လိုအပ်လာရင် ညွှန်ကြားပေးပါလိမ့်မယ်။ သင့်အနေနဲ့ ကိုယ်ဝန်ရှိနေခဲ့ရင်တော့ သောက်ဆေးသုံးဖို့ မစဉ်းစားသင့်တာကြောင့် ဆရာဝန်ကို သေချာပြောပြဖို့ လိုပါတယ်။

အရေးကြီးတာတစ်ခုက မှိုသတ်ဖို့အတွက် အသုံးပြုတဲ့ လိမ်းဆေးတွေက ကွန်ဒုံးကို အားနည်းစေတဲ့အတွက် ကွန်ဒုံးပေါက်တာမျိုးတွေ ပိုဖြစ်နိုင်လို့ တခြားလိင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ကူးစက်ခံရနိုင်ချေ ပိုများပါတယ်။

အကယ်၍ ဆီးချိရှိသူနဲ့ ကိုယ်ခံအားမကောင်းတဲ့သူတွေအတွက်ကတော့ မွေးလမ်းကြောင်း မှိုစွဲတာကို တစ်ကြိမ်မက ကြုံရနိုင်ပါတယ်။ တစ်ချို့သုတေသနစစ်တမ်းတွေမှာတော့ PROBIOTIC ဖြစ်တဲ့ ဒိန်ချဉ် ဒါမှမဟုတ် Lactobacillus acidophilus supplements တွေက မွေးလမ်းကြောင်း မှိုပွားတာကို ထိန်းချုပ်နိုင်ပြီး ဒီလိုမှိုစွဲနိုင်ချေကို လျော့ချပေးနိုင်တယ်လို့ ဆိုထားပေမယ့် ဒီကြားထဲမှာ ပိုမိုတိကျတဲ့ ဆက်သွယ်ချက်တွေကို ရှာဖွေဖို့ လိုအပ်နေပါသေးတယ်။

မှတ်ချက်ရေးပါ

ထုတ်ကုန်များ

နေ့စဉ်သားဆက်ခြားသောက်ဆေး၊ အရေးပေါ်သောက်ဆေး၊ သားဆက်ခြားထိုးဆေး အပါအဝင် အမျိုးသားသုံးကွန်ဒုံးများ

ကြည့်ရန်
ဆက်စပ်ပို့စ်များ

ရာသီလာစက်ဝန်းနဲ့ ပတ်သက်တဲ့ ယုံတမ်းအမှား (၅) ခု

ရာသီလာတယ်ဆိုတာ အရွယ်ရောက်ပြီးတဲ့အချိန်ကစလို့ သွေးမဆုံးခင်အချိန်ထိ အမျိုးသမီးတိုင်း ကြုံတွေ့ရတဲ့ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ လူအများစုအတွက်တော့ ရာသီစက်ဝန်းနဲ့ ပတ်သက်လို့ ဆွေးနွေးပြောဆိုဖို့ ရှက်နေတာမျိုးတွေ ရှိကြပါတယ်။ ဒါကြောင့်လည်း နားလည်မှုအလွဲတွေ လွဲမှားစွာထင်မှတ်နေကြတဲ့ ယုံတမ်းတွေလည်း ပတ်ဝန်းကျင်မှာ အများကြီး ရှိနေရတဲ့အကြောင်းအရင်း ဖြစ်နိုင်ပါတယ်။ ဒီနေ့တော့ ရာသီစက်ဝန်းနဲ့ ပတ်သက်တဲ့ နားလည်မှုယုံတမ်းအမှားတွေကို သိလိုရာမေးကနေ ဖော်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

ပိုပြီးဖတ်ပါ

သိထားသင့်တဲ့ ရာသီလာစဉ် မိမိကိုယ်ကို သန့်ရှင်းရေး ပြုလုပ်ခြင်း

ရာသီလာတယ်ဆိုတာ အမျိုးသမီတွေရဲ့ သဘာဝဇီဝကာမဖြစ်စဉ်တစ်ခုပါ။ ဒီအပေါ်မှာ သိမြင်နားလည်မှုတွေ အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ မည်သို့ပင်ဖြစ်စေ အမျိုးသမီးတွေအနေနဲ့ ရာသီလာနေတဲ့အချိန်မှာ ခံစားရတဲ့ ပြသနာတွေကနေ ကင်းဝေးပြီး သက်သောင့်သက်သာ နဲ့ဖြတ်သန်းချင်ကြပါတယ်။ ဒါကြောင့် ရာသီလာနေစဉ်မှာ ရှောင်ရန်ဆောင်ရန်လေးတွေကို ဆောင်ပါးအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

ပိုပြီးဖတ်ပါ