မျိုးဥမှ သန္ဓေသားအဆင့်ထိ အဆင့်ဆင့်ပြောင်းပုံ ရုပ်ပြကားချပ် မျိုးဥမှ သန္ဓေသားအဆင့်ထိ အဆင့်ဆင့်ပြောင်းပုံ ရုပ်ပြကားချပ်
မျိုးဥမှ သန္ဓေသားအဆင့်ထိ အဆင့်ဆင့်ပြောင်းပုံ ရုပ်ပြကားချပ်

မျိုးဥမှ သန္ဓေသားအဆင့်ထိ အဆင့်ဆင့်ပြောင်းပုံ ရုပ်ပြကားချပ်

Nov 16, 2018

ယခုဖော်ပြပါ ရုပ်ပြကားချပ်တွင် ဖိုမျိုးဥနှင့် မမျိုးဥတို့ ပေါင်းစပ်ပြီး သန္ဓေသားဖြစ်ပေါ်လာပုံကို ရှင်းလင်းပေးသွားမှာ ဖြစ်ပါတယ်။

w-16-11-2018-2

မမျိုးဥကြွေခြင်း

အမျိုးသမီးများသည် လစဉ်လတိုင်း သားဥအိမ်မှ ရင်းမှည့်သော မမျိုးဥကြွေသည့် ဖြစ်စဉ်ကို မမျိုးဥကြွေခြင်းလို့ ခေါ်ပါသည်။

w-16-11-2018-3

မမျိုးဥ သားဥပြွန်သို့ ရွေ့လာပါတယ်။

သားဥအိမ်မှာ ရင်မှည့်လာသော မမျိုးဥသည် ဖိုသုတ်ပိုးနှင့် တွေ့ဆုံပြီး သန္ဓေသားဖြစ်ပေါ်လာရန် သားဥပြွန်သို့ ဆင်းလာသည်။

w-16-11-2018-4

မမျိုးဥနှင့် တွေ့ဆုံပေါင်းစပ်ဖို့အတွက် သုက်ပိုးရဲ့ခရီးရှည်တစ်ခုကို ဖြတ်သန်းရပါတယ်။

အမျိုးသားတွေ သုက်လွှတ်တဲ့အခါမှာ သုက်ပိုးပေါင်း သန်းနဲ့ချီပြီး ပါဝင်ပါတယ်။ ဒီသုက်ပိုးတွေက အမျိုးသမီးအင်္ဂါလမ်းကြောင်းကနေတဆင့် သားဥပြွန်ထိရောက်အောင် သွားဖို့ လိုပါတယ်။ ဒီလိုသွားဖို့ လိုအပ်တဲ့အချိန်က သုက်ပိုးတိုင်းအတွက် ပြောင်းလဲနိုင်ပါတယ်။ တချို့အားကောင်းတဲ့သုက်ပိုးတွေက နာရီဝက် တစ်နာရီနဲ့ သားဥပြွန်ကို ရောက်နိုင်ပေမယ့် တချို့ကတော့ ရက်ပိုင်းလောက်ထိ ကြာနိုင်ပါတယ်။ ဒီသုက်ပိုးတွေရဲ့ သက်တမ်းကတော့ ၄၈ နာရီကနေ ၇၂ နာရီလောက် ရှိပါတယ်။ ဒီထဲကမှ မမျိုးဥနဲ့ တွေ့ဆုံတဲ့သုက်ပိုးအရည်အတွက်က ရာဂဏန်းပဲ ရှိနိုင်ပြီး ဖိုသုက်ပိုးတစ်ခုတည်းနဲ့ သာပေါင်းစပ် သန္ဓေတည်တာ ဖြစ်ပါတယ်။

w-16-11-2018-5

သုက်ပိုးက မမျိုးဥအတွင်းသို့ ဆက်လက်ဝင်ရောက်ပါတယ်။

ဒါကိုတော့ မျိုးအောင်ခြင်းလို့ ခေါ်နိုင်ပြီး ဒီဖြစ်စဉ်က ၂၄ နာရီကြာပါတယ်။ ဒီလိုပေါင်းစပ်ပြီးတာနဲ့ မျိုးရိုးဗီဇနဲ့ သန္ဓေက အထီးလားအမလားဆိုတာကို စတင်ပြီး သတ်မှတ်ပြီးဖြစ်ပါတယ်။

w-16-11-2018-6

မျိုးအောင်တဲ့ဥက ဆဲလ်ဆက်ပွားပါတယ်။ မျိုးအောင်တဲ့ဥက မျိုးဥပြွန်ကနေ သားအိမ်အတွင်းသို ၃ ၊ ၄ ရက်အတွင်း ရွေ့လျားလာပါတယ်။ ဒီလိုမျိုးအောင်တဲ့ ဥက သားအိမ်ထဲကို ချောမွေ့စွာ မရောက်နိုင်ခဲ့ဘူးဆိုရင်တော့ ဖြစ်ခဲတဲ့ နေရာလွဲမှား သန္ဓေတည်ခြင်း ဖြစ်နိုင်ပါတယ်။ ဒါကတော့ ကိုယ်ဝန်ဆောင်မယ့် မိခင်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

w-16-11-2018-7

အကယ်၍ မျိုးအောင်တဲ့ဥက သားအိမ်ထဲကို ချောမွေ့စွာရောက်သွားပြီဆိုရင်တော့ သန္ဓေစတည်ပြီလို့ သတ်မှတ်လို့ ရနိုင်မှာ ဖြစ်ပါတယ်။

w-16-11-2018-8

သန္ဓေတည်တာနဲ့အတူ human chorionic gonadotrophin (HCG) လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်တွေမှထွက်တဲ့ ဟိုမုန်းတစ်မျိုးက စပြီးထွက်တာမို့ ကိုယ်ဝန်ရှိမရှိကို စစ်ဆေးလို့ သိနိုင်ပြီဖြစ်ပါတယ်။

w-16-11-2018-9

အကယ်၍ သန္ဓေတည်ပြီးဆိုတာနဲ့ သန္ဓေသားက ဆက်လက်ကြီးထွားဖွံ့ဖြိုးလာပါတယ်။ ကိုယ်ဝန်ဆောင် ငါးပတ်လောက်ရောက်တာနဲ့ သန္ဓေသားက နှလုံးစခုန်ပြီ ဖြစ်ပါတယ်။ ကိုယ်ဝန် ၈ ပတ်လောက်မှာတော့ သန္ဓေသားက ၁ လက်မခွဲလောက်ရှိနေပြီးဖြစ်ပြီး ဆက်လက်ကြီးထွားလာမှာပဲ ဖြစ်ပါတယ်။

မှတ်ချက်ရေးပါ

ထုတ်ကုန်များ

နေ့စဉ်သားဆက်ခြားသောက်ဆေး၊ အရေးပေါ်သောက်ဆေး၊ သားဆက်ခြားထိုးဆေး အပါအဝင် အမျိုးသားသုံးကွန်ဒုံးများ

ကြည့်ရန်
ဆက်စပ်ပို့စ်များ

သိထားသင့်တဲ့ ရာသီလာစဉ် မိမိကိုယ်ကို သန့်ရှင်းရေး ပြုလုပ်ခြင်း

ရာသီလာတယ်ဆိုတာ အမျိုးသမီတွေရဲ့ သဘာဝဇီဝကာမဖြစ်စဉ်တစ်ခုပါ။ ဒီအပေါ်မှာ သိမြင်နားလည်မှုတွေ အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ မည်သို့ပင်ဖြစ်စေ အမျိုးသမီးတွေအနေနဲ့ ရာသီလာနေတဲ့အချိန်မှာ ခံစားရတဲ့ ပြသနာတွေကနေ ကင်းဝေးပြီး သက်သောင့်သက်သာ နဲ့ဖြတ်သန်းချင်ကြပါတယ်။ ဒါကြောင့် ရာသီလာနေစဉ်မှာ ရှောင်ရန်ဆောင်ရန်လေးတွေကို ဆောင်ပါးအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

ပိုပြီးဖတ်ပါ

ပိုမိုကျန်းမာလုံခြုံတဲ့ ကာမဆက်ဆံရေးအကြောင်း ပြောရအောင်

သင့်ရဲ့ချစ်သူ ဒါမှမဟုတ် သင်နဲ့ လိင်ကိစ္စပတ်သက်မှု ရှိတဲ့သူနဲ့ အတူ ပိုမိုကျန်းမာဘေးကင်းတဲ့ ကာမဆက်ဆံမှုအကြောင်း ပြောဖို့က လူတော်တော်များများအတွက် ခက်ခဲနိုင်ပါတယ်။ ပိုမိုကျန်းမာဘေးကင်းအောင် ကြံဆောင်တယ်ဆိုတဲ့နေရာမှာ မလိုချင်သေးတဲ့ကိုယ်ဝန်နဲ့ တခြားလိင်ကတဆင့်ကူးနိုင်တဲ့ ရောဂါတွေ မကူးစက်အောင်လုပ်ဆောင်တာဖြစ်ပါတယ်။

ပိုပြီးဖတ်ပါ