အမျိုးသားတို့ သိထားသင့်တဲ့ နည်းလမ်းကြီး ၆ သွယ် အမျိုးသားတို့ သိထားသင့်တဲ့ နည်းလမ်းကြီး ၆ သွယ်
အမျိုးသားတို့ သိထားသင့်တဲ့ နည်းလမ်းကြီး ၆ သွယ်

အမျိုးသားတို့ သိထားသင့်တဲ့ နည်းလမ်းကြီး ၆ သွယ်

Mar 1, 2019

အိပ်ယာထဲမှာ စွမ်းဆောင်ရည်မြင့်ဖို့ ကြိုးစားနေတာ သင်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ အမျိုးသားတိုင်းလိုလို ပါပဲ။ ကြိုးစားတဲ့အခါမှာ ရှိရင်းစွဲပြသနာတွေကို တိုက်ထုတ်တာအပြင် နောက်ထပ်နည်းလမ်းကောင်းတွေ ရှာဖွေတာလည်း ပါပါတယ်။ နောက်ပြီး အမျိုးသားအားဆေးတွေ သုံးတာကို အားမပေးလှတဲ့အတွက် အခုပြောပေးသွားမှာက ဆေးဝါးအကူမပါဘဲ လက်တွေ့ကျကျ လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ပထမဆုံး သိထားရမှာက အမျိုးသားအင်္ဂါလုပ်ဆောင်တဲ့စွမ်းရည်က သွေးလည်ပတ်မှုစနစ်နဲ့ သွေးဖိအားအပေါ် မှီတည်နေတယ်ဆိုတာပါ။ အခြေခံအားဖြင့် နှလုံးသက်လုံကောင်းရင် သင့်အတွက် အကျိုးရှိပါတယ်။ ဒါကြောင့် အောက်မှာရှိတဲ့အချက်တွေကို ဆက်ဖတ်ပြီး လိုက်နာကြည့်ပါ။

 

(၁) တက်တက်ကြွကြွနေပြီး ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

အမျိုးသားကျန်းမာရေးအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုက cardiovascular exercise ပါ။ လိင်ဆက်ဆံတဲ့အခါ နှလုံးခုန်နှုန်းမြန်လာပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်တာက နှလုံးကို ကျင့်ပေးသလိုဖြစ်ပြီး လိင်ဆက်ဆံတဲ့အချိန် အထောက်အပံ့ဖြစ်စေပါတယ်။ တစ်နေ့ကို ပုံမှန် ၁၅ မိနစ်လောက် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ပေးခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြင် လိင်စိတ်ပါ တိုးတက်လာစေတယ်လို့ ဒေါက်တာမတ်သရူး (Matthew N. Simmons, MD, PhD, of the Glickman Urological and Kidney Institute in Cleveland) က ဆိုထားပါတယ်။ နောက်ပြီး ကြွက်သားလေ့ကျင့်ခန်းတွေလုပ်တာက လိင်တံထောင်မတ်မှု လုပ်တဲ့အချိန်ကို ပိုပြီးတိုးတက်စေတယ်လို့ ဆိုထားပါတယ်။

 

(၂) ဟင်းသီဟင်းရွက်နဲ့ သစ်သီတွေစားပါ။

သွေးလည်ပတ်မှုကောင်းစေတဲ့ ကြက်သွန်နဲ့ ဂျင်းလိုဟာမျိုးကို စားပါ။ သွေးဖိုအားကျစေဖို့ ပိုတက်စီယံပါတဲ့ ငှက်ပျော်သီးကို စားနိုင်ပါတယ်။ ငရုတ်သီးက သွေးချိုနဲ့ ယောင်ယမ်းတာတွေကို လျော့ချပေးနိုင်လို့ စားသင့်တဲ့အရာထဲမှာ ပါပါတယ်။ နောက်ပြီး OMEGA 3 ၊ ဗီတာမင် ဘီ ၃ နဲ့ ဥတွေကို စားသုံးခြင်းဖြင့်လည်း အထောက်အကူဖြစ်စေပါတယ်။

 

(၃) စိတ်ဖိစည်းမှု လျော့နည်းအောင်လုပ်ပါ။

စိတ်ဖိစည်းတာက လိင်စိတ်အပြင် ယေဘူယျ ကျန်မာရေးကို ချွတ်ခြုံကျစေနိုင်ပါတယ်။ စိတ်ဖိစည်းတာက နှလုံးအတွက် မကောင်းသလို သွေးဖိအားကိုလည်း တက်စေပါတယ်။ ဒါတွေက လိင်စိတ်ကို တိုက်ရိုက်ဖျက်ဆီးပစ်နိုင်တဲ့ အချက်တွေပါပဲ။ နောက်ပြီး ကိုယ်လက်ပင်ပန်းနွမ်းနယ်နေတဲ့အချိန်မှာ လိင်စိတ်နည်းနေနိုင်သလို ထောင်မတ်ဖို့လည်း အခက်အခဲ ရှိနိုင်ပါတယ်။ ဒါကြောင့် အထက်မှာပြောခဲ့သလို လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် စိတ်ဖိစည်းမှုကို လျော့နည်းအောင်လုပ်နိုင်ပါတယ်။ စိတ်ဖိစည်းလာတာနဲ့အမျှ မကောင်းတဲ့အလေ့အကျင့်တွေဖြစ်တဲ့ ဆေးလိပ်သောက်တာ ဒါမှမဟုတ် အရက်သောက်တာကို ပိုပြီး လုပ်မိစေဖို့ အခွင့်အလမ်းများပါတယ်။

 

(၄) မကောင်းတဲ့အမူအကျင့်တွေကို စွန့်လွှတ်ပါ။

သင်က ဆေးလိပ်၊ အရက်နဲ့ မကင်းတဲ့သူဆိုရင်တောင် တဖြည်းဖြည်းခြင်း ဖြတ်ဖို့ ကြိုးစားပါ။ သိထားသင့်တဲ့တစ်ချက်အနေနဲ့ ဝိုင်အနည်းငယ်သောက်သုံးခြင်းက သွေးလည်ပတ်မှု တိုးတက်စေဖို့ အထောက်အကူဖြစ်စေနိုင်တဲ့အတွက် လိင်စွမ်းဆောင်ရည်ကို တိုးစေနိုင်တယ်လို့ အနောက်တိုင်းသုတေသနတွေက ဆိုထားပါတယ်။ ပထမဆုံးအဆင့်အနေနဲ့ ဆေးလိပ်ဖြတ်ပါ။ အရက်ဖြတ်ပါ။ ဒုတိယအဆင့်အနေနဲ့ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအသောက်တွေကို စားပါ။ အဓိက ပြောချင်တာတော့ မကောင်းတဲ့အမူအကျင့်ကို အရင်ဆုံးဖျောက်ဖို့ပါပဲ။

 

(၅) ကိုယ်လက်နှီးနှောဖို့ အစီအစဉ်သေချာချပြီး ပြင်ဆင်သင့်ပါတယ်။

သေချာစီစဉ်ထားတာက ရိုမန်းတစ်ဆန်တယ်မဆန်ဘူးလို့ ငြင်းစရာရှိပေမယ့် အမျိုးသမီးတွေကို ကျေနပ်စေခြင်းက အမျိုးသားတွေရဲ့ လိင်မှုဘဝကို တိုးတက်စေနိုင်ပါတယ်။ ကလေးတွေမရှိတဲ့အချိန်၊ အလုပ်နည်းတဲ့အချိန်၊ ပင်ပန်းနွမ်းနယ်မှုမရှိတဲ့အချိန် စတဲ့အချိန်ကောင်းတွေကို ရွေးပြီးပြင်ဆင်သင့်ပါတယ်။

 

(၆) သင့်အဖော်ရဲ့ တုန့်ပြန်မှုတွေကို အာရုံစိုက်ပါ။

လိင်ဆက်ဆံတာက တစ်လမ်းမောင်း မဟုတ်ပါဘူး။ သင့်အဖော်ရဲ့ တုန့်ပြန်မှုတွေကို အာရုံထားမှာသာ သူလိုချင်တာကို နားလည်မှာဖြစ်ပါတယ်။ တနည်းအားဖြင့် ကိုယ့်အဖော်စိတ်ဆန္ဓပြည့်ဝတာက ကိုယ့်အတွက် အားဖြစ်စေပြီး သာယာပျော်ရွှင်ဖို့ အတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။

 

နောက်ဆုံးအနေနဲ့ ပြောချင်တာက ပိုမိုကျန်းမာတဲ့ စားသောက်နေထိုင်မှု ပုံစံနဲ့ နေထိုင်မယ်လို့ စဉ်းစားတာက သင့်အတွက် အရှုံးမရှိလို့ မမှားဘူးဆိုတာပါပဲ။

Tags:

မှတ်ချက်ရေးပါ

ထုတ်ကုန်များ

နေ့စဉ်သားဆက်ခြားသောက်ဆေး၊ အရေးပေါ်သောက်ဆေး၊ သားဆက်ခြားထိုးဆေး အပါအဝင် အမျိုးသားသုံးကွန်ဒုံးများ

ကြည့်ရန်
ဆက်စပ်ပို့စ်များ

တကိုယ်ရည်အာသာဖြေခြင်း (သို့) ကာမဆက်ဆံခြင်းက Gym ကစားတာကို ထိခိုက်စေသလား

တကိုယ်ရည်အာသာဖြေတာက Gym ကစားတဲ့နေရာမှာ ဒုက္ခပေးတယ်လို့ တချို့သော အားကစားသမားတွေနဲ့ Gym သင်တန်းဆရာတွေက ထင်ကြပြီး တချို့ကတော့ သူတို့အတွက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ရတယ်လို့ ဆိုကြပါတယ်။

ပိုပြီးဖတ်ပါ

အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ ယုံတမ်းအမှားများ

အိမ်တွင်းအကြမ်းဖက်မှုဆိုတာ လူသားတိုင်းအပေါ် သက်ရောက်မှုရှိနေတဲ့ ကပ်ဆိုးတစ်ခုလိုပါပဲ။ ဒါကို ပြောင်းလဲပစ်ဖို့ လိုပါတယ်။ နောက်ပြီး အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သက်လို့ နားလည်မှုအလွဲတွေ ယုံတမ်းအမှားတွေ အများကြီး ရှိနေပါသေးတယ်။

ပိုပြီးဖတ်ပါ