အပြာကားတွေကနေ လိင်ပညာပေးဗဟုသုတ ရနိုင်သလား ? ဖတ်စရာ
အပြာကားတွေကနေ လိင်ပညာပေးဗဟုသုတ ရနိုင်သလား ?

အပြာကားတွေကနေ လိင်ပညာပေးဗဟုသုတ ရနိုင်သလား ?

Jul 5, 2017

လူသန်းပေါင်းများစွာ အင်တာနက်ကို လွယ်လွယ်ကူကူအသုံးပြုနိုင်လာတာကြောင့် အပြာကားကြည့်သူဦးရေလည်း များလာတာတော့ အံအားသင့်နေစရာ မရှိပါဘူး။ တကယ်တော့ အပြာကားတွေကနေတဆင့် လိင်ဆက်ဆံတဲ့နည်းလမ်းတွေကို လူငယ်တွေက သင်ယူနေကြပါတယ်။ လိင်ပိုင်းဆိုင်ရာအပန်းဖြေကြည့်ရှုဖို့ ရုပ်ရှင်တွေ၊ စာအုပ်တွေ ရှားပါးပြီး တားမြစ်ချက်တွေရှိခဲ့တဲ့ခေတ်မြန်မာနိုင်ငံမှာ ရှိခဲ့ဖူးပင်မယ့် ယခုအခါမှာတော့ မိုဘိုင်းဖုန်းတွေလူအများကိုင်လာနိုင်တာနဲ့အမျှ ဒီလိုဖော်ဖြေမှုတွေနဲ့ ပိုမိုလွယ်ကူစွာ ထိတွေ့နိုင်လာကြပါတယ်။ လူငယ်တွေအနေနဲ့ ဒီလို အပြာကားတွေ စာအုပ်တွေနဲ့ ပိုမိုလွယ်ကူစွာ ထိတွေ့ခွင့်ရလာတာနဲ့အမျှ နားလည်ထားဖို့ လိုအပ်ချက်လေးတွေ ရှိနေပါတော့တယ်။

လူငယ်တွေအတွက် အချစ်ရေးရာ၊ လိင်ပိုင်းဆိုင်ရာအပြုအမူတွေကို အပြည့်အဝနားလည်ထားဖို့ လိုအပ်ပြီး ယခုခေတ်အင်တာနက်ကနေတဆင့် ရှာဖွေလေ့လာနိုင်ပြီဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေ တကယ်လိင်ပိုင်းဆိုင်ရာပညာပေးတဲ့ သတင်းအချက်အလက်တွေ မရှိတာကြောင့် အပြာကားတွေကနေတဆင့်ပဲ ဘယ်လိုပြုမူဆက်ဆံသလည်းဆိုတာကို အတုခိုးလေ့လာနေကြပါတယ်။ ဒါကြောင့်ပဲ အပြာကားတွေက လိင်ပိုင်းဆိုင်ရာ ပညာပေးခြင်းအဖြစ် ရပ်တည်နေတာအမှန်ပဲ ဖြစ်ပါတယ်။

အပြားကားဆိုတာ သရုပ်ဆောင်မှု သက်သက်ပါ

တချို့အပြာကားတွေထဲမှာ တစ်ယောက်နဲ့တစ်ယောက်တန်းတူညီမျှမှုရှိတာ၊ အပြန်အလှန်လေးစားတာနဲ့ ကြည်နူးဖို့ကောင်းတဲ့ မြင်ကွင်းတွေ ပါဝင်ပင်မယ့် အများစုက လိုတာထက်ပိုကဲထားပြီး လက်တွေ့မကျတာတော့ အမှန်ပါပဲ။ အပြားကားထဲက လိင်ဆက်ဆံနေတဲ့ စုံတွဲတွေက သရုပ်ဆောင်မှု သပ်သပ်သာဖြစ်ပြီး ဇတ်ညွှန်းအတိုင်း ဆောင်ရွက်နေခြင်းဆိုတာ သိဖို့ အရေးကြီးပါတယ်။ အပြာကားရိုက်နေတဲ့ ထုတ်လုပ်ရေးတွေက ဖော်ဖြေမှုတစ်ခုအတွက် အခကြေးငွေရယူပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ပညာပေးနေတာမဟုတ်ပါဘူး။ ရိုမန်းတစ်ဖြစ်တဲ့ကားတွေက တကယ်အပြင်မှာ ရှိနေတဲ့ ဆက်ဆံမှုတွေကို မထင်ဟပ်စေပါဘူး။ အပြားကားက ပျော်ရွှင်ခံစားမှု တစ်ခုအတွက်သာ ဖြစ်ပါတယ်။

စွဲလမ်းလွန်ကဲတဲ့ ကြည့်ရှုသူဖြစ်လာခြင်း

အပြာကားကြည့်ခြင်းဖြင့် ညစ်တီးညစ်ပတ်နိုင်တာမျိုး တစ်ခုခုမှားနေတာမျိုး မဖြစ်နိုင်ပါဘူး။ လိင်ပိုင်ဆိုင်ရာအပန်းဖြေစရာတွေကို ရှာဖွေနေတာက ပုံမှန်ဖြစ်ရပ်ဖြစ်ပင်မယ့် စာအုပ်တွေရုပ်ရှင်နေထဲမှာ ဖြစ်နေတဲ့ ဆက်ဆံမှုတွေနဲ့ အပြင်မှာ တကယ်ရှိနေတာတွေက ကွဲပြားတယ်ဆိုတာ သိထားဖို့ပဲ လိုပါတယ်။ လူငယ်တွေအတွက် အပြာကားကြည့်တယ်ဆိုတာ ပုံမှန်ကိစ္စတစ်ခုဖြစ်ပါတယ်။ အမျိုးသမီးတွေနဲ့ ယှဉ်ရင် အမျိုးသားတွေက အပြာကားကြည့်ရှုနှုန်း ပိုများပြီး သူတို့တွေအနေနဲ့ အမျိုးသမီးတွေရဲ့ လိင်အင်္ဂါပုံသဏ္ဍန်တွေကို လွဲမှားစွာ နားလည်သွားနိုင်ပါတယ်။ ဥပမာအားဖြင့် အပြာကားတွေထဲက သရုပ်ဆောင်အမျိုးသမီးအင်္ဂါက အမွှေးအမှင်တွေလုံးဝပြောင်နေအောင် ရိတ်ထားတတ်ကြပြီး တကယ့်လက်တွေမှာတော့ အမျိုးသမီးတော်တော်များများရဲ့ အင်္ဂါက အမွှေးအမှင်တွေနဲ့ ဖုံးအုပ်နေတတ်ပါတယ်။ နောက်ပြီး အမျိုးသားသရုပ်ဆောင်တွေရဲ့ လိင်တံကအပြင်မှာ တကယ်ရှိနေတဲ့ ပျှမ်းမျှအရွယ်အစားထက် ပိုကြီးနေတတ်ကြပါတယ်။

ဒါကြောင့် အပြာကားထဲက သရုပ်ဆောင်တွေရဲ့ ခန္ဓာကိုယ်နဲ့ လိင်အင်္ဂါအစိတ်အပိုင်းတွေကို စံနမူနာအနေနဲ့ ထင်မှတ်တတ်ကြပြီး မိမိတို့လည်း ဒီလိုဖြစ်ရမယ် ဒါမှမဟုတ် ဆက်ဆံတဲ့အခါ ဒီလိုအပြုအမူအနေအထားနဲ့ ဆက်ဆံရမှ ကောင်းမွန်မယ်ဆိုတာမျိုး တွေးထင်နေတတ်ပါတယ်။ တကယ်တမ်းလိင်ဆက်ဆံတယ်ဆိုတာက အမျိုးမျိုးဖြစ်နိုင်ပြီး ဒါတွေအတွက် အပြားကားတွေက ပြည့်စုံအောင်လမ်းမညွှန်နိုင်ပါဘူး။

စိတ်အပန်းဖြေစရာထက်ကျော်လွန်ခဲ့ရင်တော့ အမျိုးသမီးတွေအပေါ်ကိုယ်ချင်းမစာမှု၊ လစ်လျူရှုမှုတွေဖြစ်လာစေနိုင်ပြီး ပျော်ရွှင်ရတဲ့ဆက်ဆံရေးတစ်ခုကို အနှောက်အယှက်ဖြစ်စေမှာ ဖြစ်ပါတယ်

အပြာကားထဲမှာပါတဲ့အရာတွေကို အပြင်မှာ လိုက်တုပြီး လုပ်ဆောင်ဖို့ကြီးစားတာကမှားတယ်လို့မပြောနိုင်ပေမယ့် အပြင်မှာတကယ်ရှိတာနဲ့ ကိုက်ညီဖို့တော့ အရေးကြီးပါတယ်။ မကြာသေးခင်အချိန်တွေကပဲ အပြာကားကို ပိုပြီးလက်တွေ့ကျတဲ့ပုံစံမျိုးနဲ့ ရိုက်ကူးတင်ဆက်လာကြပြီး ဒီလိုဇတ်လမ်းတွေကို ethical ဆိုပြီး ခေါင်းစဉ်တပ်လာကြပါတယ်။ ဒီဇတ်လမ်းတွေက အပြင်ကဖြစ်ရပ်တွေနဲ့ ပိုမိုနီးစပ်ဖို့ ချဉ်းကပ်လာကြပြီး လူတွေအနေနဲ့လည်း နမူနာယူ လုပ်ဆောင်လာကြပါတယ်။ မည်သို့ပင်ဖြစ်စေ လိင်ပိုင်းဆိုင်ရာပညာပေးအနေနဲ့ ပွင့်လင်းရိုးသားစွာဖွင့်ဟရရင်တော့ လူငယ်တွေအနေနဲ့ မိမိတို့လိင်ပိုင်းဆိုင်ရာအပြုအမူတွေမှာ ကျန်းမာပြီးဘေးကင်းဖို့နဲ့ လက်တွေ့ကျပြီး နည်းလမ်းမှန်ဖို့ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် အပြားကားတွေကို အားပေးနိုင်ပါတယ် ဒါပေမယ့် ဒီကနေပဲ လွန်ကဲတဲ့မှားယွင်းမှုတွေမဖြစ်ဖို့ သင်ယူနားလည်ဖို့ လိုအပ်ပါတယ်။

လိင်နဲ့ပတ်သက်လို့ လက်တွေ့ကျကျသိချင်ရင်တော့ ယခုစာကြောင်း ကိုနှိပ်ပြီးလေ့လာနိုင်ပါတယ်။

 

Sources:

  • https://www.lybrate.com/topic/porn-is-not-a-source-for-sex-education-32aa/914218bdf9504e17a13bcab85d16a0f5
  • https://www.theguardian.com/global-development-professionals-network/2016/dec/21/porn-positive-sex-education
  • https://theestablishment.co/why-isnt-pornography-part-of-sex-education-for-teens-cc97825e6c43

မှတ်ချက်ရေးပါ

ထုတ်ကုန်များ

နေ့စဉ်သားဆက်ခြားသောက်ဆေး၊ အရေးပေါ်သောက်ဆေး၊ သားဆက်ခြားထိုးဆေး အပါအဝင် အမျိုးသားသုံးကွန်ဒုံးများ

ကြည့်ရန်
ဆက်စပ်ပို့စ်များ

ကိုယ်ဝန်ရသွားနိုင်သည့် အပြုအမူနှင့် ပတ်သက်သည့် ယုံတမ်းအမှားများ

ကိုယ်ဝန်ရစေနိုင်တဲ့ အလေ့အထများနှင့်ပတ်သက်၍ နားလည်မှုအလွဲတွေ ယုံတမ်းတွေကတော့ ရှိနေစဲပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူတွေနားလည်မှုအလွဲဆုံးဖြစ်တဲ့ အချက် (၅) ချက်ကို ယခုဆောင်းပါးကနေ ဖော်ပြပေးလိုက်ပါတယ်။

ပိုပြီးဖတ်ပါ

တကိုယ်ရည် အာသာဖြေခြင်းက ပုံမှန်ကိစ္စတစ်ခုလား

တကိုယ်ရည် အာသာဖြေတဲ့အကြောင်းနဲ့ ပတ်သက်လို့ ပြောကြဆိုကြဖို့ လူအများစုက ရှက်နေတတ်ကြပါတယ်။ တကယ်တမ်းကျတော့ တကိုယ်ရည်အာသာဖြေတယ်ဆိုတာ ပုံမှန်ကိစ္စတစ်ခုသာဖြစ်ပါတယ်။

ပိုပြီးဖတ်ပါ