သားအိမ်တွင်းထည့်ပစ္စည်း IUD နဲ့ ပတ်သက်လို့ မှားယွင်းတဲ့ အယူအဆ (၃) ခု ဖတ်စရာ
သားအိမ်တွင်းထည့်ပစ္စည်း IUD နဲ့ ပတ်သက်လို့ မှားယွင်းတဲ့ အယူအဆ (၃) ခု

သားအိမ်တွင်းထည့်ပစ္စည်း IUD နဲ့ ပတ်သက်လို့ မှားယွင်းတဲ့ အယူအဆ (၃) ခု

Sep 29, 2017

သားအိမ်ထဲထည့်တဲ့သားဆက်ခြားနည်းက အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါပြီး အသုံမပြုတော့တဲ့အခါမှာ ကလေးအလွယ်တကူပြန်ရနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အမျိုးအစားပေါ်မူတည်၍ ၅ နှစ်ကနေ ၁၀ နှစ်အထိ တာရှည်ခံပြီး ထိုရောက်မှု ၉၉ ရာခိုင်နှုန်းရှိတဲ့ နှစ်ရှည်သားဆက်ခြားနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ မည်သို့ဖြစ်စေ ဒါနဲ့ပတ်သက်လို့ လွဲမှားစွာထင်မြင်နေတဲ့ အချက်လေးတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

သားအိမ်ထဲပစ္စည်းထည့်ရင် ကင်ဆာဖြစ်တတ်ပါတယ်။

မိန်းမကိုယ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားဥပြွန်ကင်ဆာ စသဖြင့် အမျိုးသမီးတစ်ယောက်ရဲ့ မျိုးပွါးအင်္ဂါအစိတ်အပိုင်းတွေမှာ ဖြစ်တတ်တဲ့ကင်ဆာတွေ ရှိပါတယ်။ ဒီပစ္စည်းနဲ့ ဒီကင်ဆာရောဂါတွေက စပ်ဆက်မှု မရှိပါဘူး။ ထို့အပြင် ကင်ဆာကိုလည်း မဖြစ်အောင် ကာကွယ်မပေးနိုင်ပါဘူး။ ဒါကြောင့် IUD ပစ္စည်းက ကိုယ်ဝန်ကို တားဆီးပေးမှာဖြစ်ပြီး ကင်ဆာကို မဖြစ်စေပါဘူး။ မည်သို့ပင်ဖြစ်စေ ဘယ်အမျိုးသမီးမှ မိမိသားအိမ်ခေါင်းကိုယ် စစ်ဆေးမနေတာဖြစ်တဲ့အတွက် မူမမှန်သွေးဆင်းလို့ အဖြူတွေဆင်းလို့ စသဖြင့် အကြောင်းတခုခု ပေါ်လာမှသာ ဆရာဝန်ဆီပြရင်း စစ်ဆေးဖြစ်ကြတာပါ။ ဒါပေမဲ့ ဒီပစ္စည်းလေးထည့်ရင်းနဲ့တော့ ကိုယ့်သားအိမ်ခေါင်းမှာ အနာရှိမရှိ စစ်ဆေးပြီးသားဖြစ်သွားတဲ့အတွက် ကင်ဆာရယ်လို့ ဖြစ်နေရင်တောင် စောစောစီးစီး သိသွားနိုင်ပါသေးတယ်။ ပစ္စည်းထည့်လို့ ကင်ဆာမဖြစ်စေတဲ့အပြင် တစ်ခါတည်းစစ်ဆေးပြီးသားတောင် ဖြစ်သွားစေတဲ့အတွက် ကာကွယ်ရာ ရောက်တယ်လို့တောင် ပြောလို့ရပါတယ်။

 

IUD ထည့်သွင်းထားရင် လိင်စိတ်နဲ့ ကာမသုခလျှော့စေတယ်။

တချို့စုံတွဲတွေက IUD ထည့်ထားရင် လိင်စိတ်လျှော့နည်းမယ်၊ လိင်ဆက်ဆံတဲ့အခါ ကသိကအောက်ဖြစ်မယ် ထင်ပြီး သုံးဖို့ မစဉ်းစားချင်ကြပါဘူး။ တကယ်တမ်းတော့ ဒီလိုမျိုးမဟုတ်ပါဘူး။ IUD က လိင်ဆက်ဆံတဲ့အခါ ထိမိစမ်းမိနေတဲ့ အရာမျိုးမဟုတ်ပါဘူး။ တချို့စုံတွဲတွေမှာ IUD သုံးလို့ လိင်ဆက်ဆံတဲ့အခါ အမျိုးသားက ကြိုးကိုစမ်းမိနေတယ်ဆိုတာ နေရာတကျမရှိလို့ပါ။ ဒီအခြေအနေက ဖြစ်ခဲပါတယ်။ IUD သုံးမယ်ဆိုရင်တော့ နေရာမှန်မမှန်ရှိနေဖို့ အရေးကြီးပြီး တစ်လတစ်ခါ ကိုယ်တိုင် စစ်ဆေးသင့်ပါတယ်။ (IUD ပုံမှန်ရှိမရှိ ကိုယ်တိုင်စစ်ဆေးနည်း သိလိုလျှင် ဤနေရာကိုနှိပ်ပါ)

29-9-20172

ပစ္စည်းထည့်ပြီးကတည်းက ဇက်ကြောတွေတက်တယ်၊ ခေါင်းတွေကိုက်တယ်၊ ခြေထောက်တွေလေးလာတယ်။

စဉ်းစားကြည့်ရအောင်၊ ဆေးကဒ်စားတယ်၊ ဆေးသောက်လိုက်တာက ပါးစပ်က၊ အာနိသင်သွားပြတာက သားအိမ်၊ နောက်တစ်ခု ထိုးဆေး၊ ထိုးလိုက်တာက တင်ပါးမှာ၊ အာနိသင်သွားပြတာက သားအိမ်မှာ၊ ထည့်လိုက်တာက လက်မောင်းမှာ၊ သူ့အာနိသင်က သားအိမ်ကို သွားပြတယ်၊ ဆိုလိုတာက ဒီစားဆေးတွေ၊ ထိုးဆေးတွေ၊ လက်မောင်းထဲပစ္စည်းထည့်တာတွေရဲ့ အာနိသင်က တစ်ကိုယ်လုံးကို သွားပါတယ်။ ဒါကြောင့် ဒီနည်းလမ်းတွေ သုံးရင် ခေါင်းမူးတယ်၊ ၀လာတယ်၊ ဒါတွေဖြစ်တတ်တယ်။ ဒါပေမဲ့ ဒီသားအိမ်ထဲထည့်တဲ့ ပစ္စည်းကတော့ သူရဲ့ နာမည်အတိုင်းပါပဲ၊ ဒီပစ္စည်းလေးကို သားအိမ်ထဲမှာပဲ ထည့်ထားပေးပါတယ်၊ သူ့ဟာသူ သားအိမ်ထဲမှာပဲ နေပြီး သားအိမ်ထဲမှာပဲ အလုပ်လုပ်ပါတယ်၊ သူ့ရဲ့ အာနိသင်က ဘယ်ကိုမှ ပျံ့နှံ့သွားတယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့် ဒီပစ္စည်းထည့်ြ့ပီးကတည်းက ဇက်ကြောတက်တယ်၊ ခေါင်းတွေကိုက်တယ်၊ ခြေထောက်တွေလေးတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒါတွေဘာကြောင့်ဖြစ်လာရတာလဲဆိုတော အဓိက က စိတ်ကြောင့်ပါ။ အမျိုးသမီးတစ်ယောက်က ဒီပစ္စည်းကို ထည့်သွားတယ်၊ လက်မောင်းထဲထည့်ထားတာလို မျက်စိနဲ့မြင်မနေရဘူး၊ အချိန်တိုင်းလည်း စမ်းကြည့်မနေနိုင်ဘူး၊ အဲ့ဒါအပြင် ဒီပစ္စည်းထည့်ရင် ဘာဖြစ်တတ်တယ်၊ ညာဖြစ်တတ်တယ်နဲ့ သတင်းတွေကလည်း မျိုးစုံကြားနေရတယ်၊ အဲ့ဒီအခါမှာ ဒီအမျိုးသမီးတွေက စိတ်တွေပူလာပြီးတော့ ကိုယ့်ကိုကိုယ်အရိပ်ကြည့်နေတယ်။ ဒီပစ္စည်းထည့်ပြီးကတည်းက ငါတော့ ဘာဖြစ်လာပြီ၊ ဘယ်နေရာက နာလာပြီ၊ ဘယ်အပိုင်းကတော့ဖြင့် ကိုက်လာပြီ စသဖြင့် ထင်လာတတ်ကြပါတယ်။ ဒါကြောင့် ဒီပစ္စည်းလေးနဲ့ ပတ်သက်ပြီး ပြောပြချင်တာက ဒီသားအိမ်ထဲကို ပစ္စည်းထည့်ပြီး ကိုယ်ဝန်တားတဲ့နည်းလမ်းဟာ အမျိုးသမီးတွေ တော်တော်လေး တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတဲ့နည်းတစ်ခုပါ၊ ဘယ်ဆေးမဆို ဘေးထွက်ဆိုးကျိုးဆိုတာ ရှိတတ်တဲ့အတွက် သူ့မှာလည်း ဘေးထွက်ဆိုးကျိုးဆိုတာ ရှိပါတယ်၊ အဲ့ဒါတွေကလွဲရင်တော့ ခု ကင်ဆာဖြစ်တတ်တယ်ဆိုပြီး ထင်နေကြသလို ဆိုးဆိုးရွားရွား ဘာမှမဖြစ်နိုင်တဲ့အတွက် စိတ်ချလက်ချ အသုံးပြုလို့ ရနိုင်တယ်၊ တွေးပြီးကြောက်နေစရာ မလိုဘူး ဆိုတာလေးကို အမျိုးသမီးတွေအားလုံး သိထားစေချင်ပါတယ်။

IUD နဲ့ ပတ်သက်လို့ အမေးအဖြေများ ဖတ်လိုပါက ဒီမှာနှိပ်ပါ

IUD နဲ့ပတ်သက်လို့ ဆိုးကျိုးကောင်းကျိုး အသေးစိတ်ဖတ်လိုလျှင် ဒီမှာနှိပ်ပါ

Tags:

မှတ်ချက်ရေးပါ

ထုတ်ကုန်များ

နေ့စဉ်သားဆက်ခြားသောက်ဆေး၊ အရေးပေါ်သောက်ဆေး၊ သားဆက်ခြားထိုးဆေး အပါအဝင် အမျိုးသားသုံးကွန်ဒုံးများ

ကြည့်ရန်
ဆက်စပ်ပို့စ်များ

ကြင်စဦးတို့ ရွေးချယ်ဖို့ သားဆက်ခြားနည်းလမ်းများ

သိလိုရာမေး ပရိတ်သတ်တွေထဲမှာ သီတင်းကျွတ်မှာ မင်္ဂလာဆောင်မယ့် စုံတွဲတွေရှိလား။ နှစ်ယောက်လက်တွဲဖို့ အဆင်သင့်ဖြစ်လို့ လက်တွဲကြပေမယ့် ကလေးယူဖို့ အဆင်သင့်မဖြစ်သေးတဲ့ စုံတွဲတွေ ရှိနိုင်ပါတယ်။ ဒီအချိန်မှာ ကိုယ်နဲ့ သင့်တော်မယ့် သားဆက်ခြားနည်းလမ်းတွေသုံးပြီး မလိုချင်သေးတဲ့ ကိုယ်ဝန်ကို ကာကွယ်ထားဖို့ လိုအပ်ပါတယ်။

ပိုပြီးဖတ်ပါ

သုံးလခံထိုးဆေးနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေ အသိချင်ကြဆုံး မေးခွန်း (၃) ခု

သုံးလခံထိုးဆေးက မြန်မာနိုင်ငံမှာ အသုံးများတဲ့ သားဆက်ခြားနည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေ အမျိုးသမီးအများစုက သားဆက်ခြားထိုးဆေးနဲ့ ပတ်သက်လို့ သေချာနားမလည်ကြသေးတာကို တွေ့ရပါတယ်။ ယခုဖော်ပြသွားမှာကတော့ သားဆက်ခြားထိုးဆေး (သုံးလခံထိုးဆေး) နဲ့ပတ်သက်လို့ အမေးအများဆုံး မေးခွန်း (၃) ခုဖြစ်ပါတယ်။

ပိုပြီးဖတ်ပါ