တကိုယ်ရည်အာသာဖြေခြင်း (သို့) ကာမဆက်ဆံခြင်းက Gym ကစားတာကို ထိခိုက်စေသလား တကိုယ်ရည်အာသာဖြေခြင်း (သို့) ကာမဆက်ဆံခြင်းက Gym ကစားတာကို ထိခိုက်စေသလား
တကိုယ်ရည်အာသာဖြေခြင်း (သို့) ကာမဆက်ဆံခြင်းက Gym ကစားတာကို ထိခိုက်စေသလား

တကိုယ်ရည်အာသာဖြေခြင်း (သို့) ကာမဆက်ဆံခြင်းက Gym ကစားတာကို ထိခိုက်စေသလား

Mar 15, 2019

တကိုယ်ရည်အာသာဖြေတာက Gym ကစားတဲ့နေရာမှာ ဒုက္ခပေးတယ်လို့ တချို့သော အားကစားသမားတွေနဲ့ Gym သင်တန်းဆရာတွေက ထင်ကြပြီး တချို့ကတော့ သူတို့အတွက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ရတယ်လို့ ဆိုကြပါတယ်။ ဒီလို ဒွိဟဖြစ်နေတာကို ဆေးပညာအရ တိကျတဲ့ သက်သေပြချက်မရှိသေးလို့ ဘယ်ဟာမှန်တယ်ဆိုတာကို သေချာပြောလို့မရနိုင်သေးပါဘူး။ မည်သို့ပင်ဖြစ်စေ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေနဲ့ ဟိုမုန်းအဆင့်ပြောင်းလဲမှုက သင့်ရဲ့စိတ်နဲ့ လှုပ်ရှားမှုတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိသလဲဆိုတာတော့ တိကျစွာပြောနိုင်ပြီး ဒါက လူတစ်ယောက်နဲ့ တစ်ယောက်ကွဲပြားနိုင်ပါတယ်။

 

ကာမဆက်ဆံတာနဲ့ တကိုယ်ရည်အာသာဖြေတာက gym ကစားတာကို ထိခိုက်စေတယ်လို့ လူတွေဘာလို့ ထင်နေကြလည်း ဆိုတာ အခုဆက်ပြီး ရှင်းပြသွားပါမယ်။

အားလုံးသိတဲ့အတိုင်း ကျားဟိုမုန်း (Testosterone) က ကြွက်သားဖြစ်လာဖို့ အထောက်အပံ့ပေးပါတယ်။ နောက်ပြီး ကျားဟိုမုန်း (Testosterone) က ခန္ဓာကိုယ်ထဲဝင်ရောက်လာတဲ့ အသားဓါတ် (Protein) နဲ့ ကြွက်သားတို့အတူတကွ ပေါင်းစုဖြစ်တည် (synthesize) ဖို့ အကူအညီပေးပါတယ်။ နောက်ပြီး ကျားဟိုမုန်း (Testosterone) က လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ ထွက်လေ့ရှိတဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုဖြစ်စေတဲ့ဟိုမုန်းကို ပိုမို မြင့်တက်စေနိုင်ပါတယ်။ လိင်ဆက်ဆံခြင်း (သို့) တကိုယ်ရည်အာသာဖြေလိုက်လို့ လိင်စိတ်ပြီးမြောက်သွားတဲ့အခါ ကျားဟိုမုန်း (Testosterone) က နိမ့်ကျသွားတာဖြစ်လို့ လူအများစုက Gym ကစားတဲ့နေရာမှာ ထိခိုက်မှုရှိနိုင်တယ်လို့ ထင်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုကျားဟိုမုန်းနိမ့်ကျသွားတာက အခိုက်အတံ့တစ်ခုဖြစ်ပြီး Gym ကစားတဲ့အချိန်မှာ သိသာလောက်တဲ့ သက်ရောက်မှု မရှိနိုင်ပါဘူး။ တကယ်တော့ အမျိုးသားတွေ လိင်စိတ်ပြီးမြောက်သွားတဲ့အခါ ကျားဟိုမုန်းကျသွားတတ်ပြီး မိနစ်အနည်းငယ်အတွင်းမှာပဲ ပုံမှန်ရေချိန်ကို ပြန်လည်ရရှိသွားမှာဖြစ်ပြီး ကြာတဲ့အချိန်က တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ်ကွဲပြားနိုင်ပါတယ်။

 

ဒါဆိုရင် လိင်ကိစ္စရှောင်တာက Gym ကစားတဲ့နေရာမှာ အထောက်အကူဖြစ်လား ဆက်ကြည့်ရအောင်ပါ။

ရှင်းအောင်ပြောရရင် အထောက်အကူမဖြစ်ပါဘူး။ လိင်ကိစ္စရှောင်တာက ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း စွမ်းဆောင်ရည်ကို တိုးတက်စေတယ်လို့ ဆေးပညာအရ သက်သေပြချက်မပေးနိုင်သေးပါဘူး။ လိင်ကိစ္စရှောင်တာက ကျားဟိုမုန်း (Testosterone) ပမာဏကို မြင့်တက်စေတာမှန်ပေမယ့် ဒါက ကြွက်သားနဲ့ အားအင် ဆုံးရှုံးမှုအပေါ် သက်ရောက်မှု ရှိမရှိဆိုတာကို ဆေးပညာအရ သက်သေပြလို့ မရနိုင်သေးပါဘူး။ လူတွေက တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်လို့ မိမိက ပင်ပန်းနွမ်းနယ်နေတယ်ဆိုရင်တော့ အားကစားလုပ်တဲ့နေရာမှာ စွမ်းဆောင်ရည်ကျဆင်းနိုင်တာကို သတိပြုပါ။

 

ဒါဆိုရင် ခန္ဓာကိုယ်က ဟိုမုန်းတွေနဲ့ သူတို့ရဲ့ သက်ရောက်မှုတွေကို ဆက်လေ့လာကြည့်ပါ။

Dopamine ဟိုမုန်းက စိတ်ခံစားမှု၊ လှုပ်ရှားမှု၊ သာယာမှုနဲ့ နာကျင်မှုတွေ အပေါ်မှာ သက်ရောက်မှုရှိပြီး ဦးနှောက်နဲ့ အာရုံကြောကနေတဆင့် ထုတ်လွှတ်ပေးပါတယ်။ ဆုံးဖြတ်ချက်နဲ့ စိတ်အားထက်သန်မှု ဇွဲနပဲရှိမှု စတာတွေကို ဖြစ်စေပါတယ်။

Norepinephrine ဒီဓါတုပစ္စည်းလေးက လိင်စိတ်တက်ကြွမှုကို ဖြစ်စေပါတယ်။ သွေးလည်ပတ်မှုကို တိုးတက်စေပြီး သွေးတွင်းအချိုထုတ်ကို ထုတ်လွှတ်ပေးဖို့ လှုံ့ဆော်ပေးပါတယ်။

Oxytocin ဒီဟိုမုန်းက အကောင်းမြင်စိတ်၊ မိမိကိုယ်မိမိ ယုံကြည်မှုနဲ့ တခြားသူတွေအပေါ် ယုံကြည်မှု ဖြစ်စေဖို့ လုပ်ဆောင်ပေးပါတယ်။ ဒီဟိုမုန်းက ယောင်ယမ်းတာတွေကို လျှော့ပါးစေပါတယ်။

Prolactin ဒါကတော့ ကိုယ်ခံအားကို မောင်းနှောင်ပြီး ဇီဝကာမဖြစ်စဉ်တွေကို ကူညီပေးပါတယ်။

Serotonin ဒီဟိုမုန်းကတော့ ခံစားချက်တွေကောင်းမွန်အောင် ဆောင်ရွက်ပေးပြီး တချို့ ဆဲလ်တွေကြီးထွားဖို့အတွက် အဓိကကျတဲ့နေရာမှာ ပါဝင်ပါတယ်။

Vasopressin ဒီဟိုမုန်းက ရေဓါတ်ကို ထိန်းညှိပေးပြီး မှတ်ဥာဏ်ကို တိုးပွားစေပါတယ်။

ဖော်ပြပါ ဟိုမုန်းအမျိုးအစားတွေ အားလုံးပေါင်းပြီး ကိုယ်ရဲ့ ကောင်းမွန်တဲ့ ခံစားချက်နဲ့ လေ့ကျင့်ခန်းလုပ်ဆောင်ရာမှာ ပိုမိုတဲ့ စိတ်အားထက်သန်မှုကို ပေါ်ပေါက်စေတာပဲ ဖြစ်ပါတယ်။

 

အချုပ်အားဖြင့်ဆိုရရင်တော့ လူအမျိုးမျိုးစိတ်အထွေထွေရှိနိုင်တာကြောင့် လိင်ပိုင်းဆိုင်ရာ အပြုအမူတွေက မိမိတို့ရဲ့ ကာယလေ့ကျင့်ခန်းတွေ ဒါမှမဟုတ် အားကစားစွမ်းရည်ကို ပိုမိုတိုးတက်စေတယ်လို့ ထင်မြင်ယူဆနေခဲ့ရင် တကယ်ကိုပဲ တိုးတက်စေနိုင်ပြီး အပြန်အလှန်အားဖြင့် ဆုတ်ယုတ်တယ်လို့ ထင်နေခဲ့ရင်တော့ စိတ်အားထက်သန်မှု ကျဆင်းပြီး အမှန်တကယ် စွမ်းဆောင်ရည် ကျဆင်းနိုင်တယ်ဆိုတာပါ။ ဒါကြောင့် မိမိတို့ရဲ့ အကန့်အသတ်ကို သိအောင်လုပ်ပါ။ ခံစားနေရတဲ့ ခံစားချက်အတိုင်း တုံ့ပြန်တာ အကောင်းဆုံးဖြစ်မယ်လို့ ပြောလိုပါတယ်။

 

 

 

မှတ်ချက်ရေးပါ

ထုတ်ကုန်များ

နေ့စဉ်သားဆက်ခြားသောက်ဆေး၊ အရေးပေါ်သောက်ဆေး၊ သားဆက်ခြားထိုးဆေး အပါအဝင် အမျိုးသားသုံးကွန်ဒုံးများ

ကြည့်ရန်
ဆက်စပ်ပို့စ်များ

အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ ယုံတမ်းအမှားများ

အိမ်တွင်းအကြမ်းဖက်မှုဆိုတာ လူသားတိုင်းအပေါ် သက်ရောက်မှုရှိနေတဲ့ ကပ်ဆိုးတစ်ခုလိုပါပဲ။ ဒါကို ပြောင်းလဲပစ်ဖို့ လိုပါတယ်။ နောက်ပြီး အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သက်လို့ နားလည်မှုအလွဲတွေ ယုံတမ်းအမှားတွေ အများကြီး ရှိနေပါသေးတယ်။

ပိုပြီးဖတ်ပါ

အမျိုးသားတို့ သိထားသင့်တဲ့ နည်းလမ်းကြီး ၆ သွယ်

အိပ်ယာထဲမှာ စွမ်းဆောင်ရည်မြင့်ဖို့ ကြိုးစားနေတာ သင်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ အမျိုးသားတိုင်းလိုလို ပါပဲ။ ကြိုးစားတဲ့အခါမှာ ရှိရင်းစွဲပြသနာတွေကို တိုက်ထုတ်တာအပြင် နောက်ထပ်နည်းလမ်းကောင်းတွေ ရှာဖွေတာလည်း ပါပါတယ်။

ပိုပြီးဖတ်ပါ