အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့မိလျှင် နောက်ဆက်တွဲဘာတွေဖြစ်မလဲ ? ဖတ်စရာ
အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့မိလျှင် နောက်ဆက်တွဲဘာတွေဖြစ်မလဲ ?

အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့မိလျှင် နောက်ဆက်တွဲဘာတွေဖြစ်မလဲ ?

Jun 2, 2017

တားဆေးသုံးဖို့ မေ့သွားတာနဲ့ တခါတလေမှာ ကွန်ဒုံးချော်သွား ပေါက်ပြဲသွားတဲ့အခြေအနေတွေ ဖြစ်လာတဲ့အခါမှာ အကာအကွယ်မဲ့ဆက်ဆံ သလိုမျိုးဖြစ်သွားနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ အကာအကွယ်မဲ့ဆက်ဆံခဲ့ရင် ကိုယ်ဝန်နဲ့ တခြားသော လိင်ကတဆင့်ကူးစက်နိုင်တဲ့ ရောဂါတွေ ရှိလာမှာ စတာတွေက  စိုးရိမ်သောကများစေပါတယ်။ အကာအကွယ်မဲ့ ဆက်ဆံမိဖို့ အကြောင်းတရားတွေအများကြီးရှိပြီး ဒီလိုအခြေအနေတွေနဲ့ ကြုံလာခဲ့ရင်လဲ မလိုချင်သေးတဲ့ ကိုယ်ဝန်အတွက် ရွေးချယ်စရာနည်းလမ်းတွေ ရှိပါသေးတယ်။

လိင်ဆက်ဆံတဲ့အချိန်တိုင်းမှာ ကိုယ်ဝန်ရနိုင်ချေရှိပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့်မဖြစ်သေးရင်တော့ ကွန်ဒုံးနဲ့ သားဆက်ခြားနည်းလမ်းတွေကို သုံးသင့်ပါတယ်။ လွယ်လွယ်နဲ့ ရှင်းရှင်းဖော်ပြရရင်တော့ –

ဆေးစစ်မှု ခံယူပါ

မိမိအဖော်ရဲ့ ကျန်းမာရေးအခြေအနေကို မသိဘဲ အကာအကွယ်မဲ့ဆက်ဆံမိခြင်း ဒါမှမဟုတ် ဆက်ဆံဖော်အသစ်ဖြစ်နေပါက နှစ်ဦးစလုံး ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။ လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေက မိန်းမကိုယ်လမ်းကြောင်း၊ စအိုလမ်းကြောင်းနဲ့ ခံတွင်းလမ်းကြောင်းကနေတဆင့် ကူးစက်နိုင်ပြီး တခါတလေမှာ ဘာရောဂါလက္ခဏာမှ မပြတတ်ဘဲ ဆရာဝန်နဲ့ စမ်းသပ်မှာသာ သိရှိနိုင်ပါတယ်။ ကူးစက်ခံရသူတွေမှာ တခါတလေမှာတော့ ဆီးသွားစဉ် နာကျင်ကိုက်ခဲခြင်း၊ လိင်အင်္ဂါတစ်ဝိုက် ယားယံခြင်း၊ လိင်အင်္ဂါများမှ ပုံမှန်မဟုတ်သော အနံဆိုးဝါးသည့် အရည်များ ထွက်ခြင်းနှင့် သွေးများ အလိုလိုဆင်းနေခြင်း စတာတွေ ခံစားရနိုင်ပါတယ်။

အကယ်၍ ဒီလိုရောဂါ လက္ခဏာတွေ မခံစားရရင်တောင် သင့်ကိုယ်သင် ယုံကြည်မှု မရှိပါက ကျန်းမာရေးစောင့်ရှောင်သူတွေနဲ့ စစ်ဆေးသင့်ပါတယ်။

(လိင်ကတဆင့် ကူးစက်တဲ့သည့် ရောဂါတွေကို ဘယ်လိုစစ်ဆေးမှုခံယူရမလဲ သိလိုလျှင် ဒီမှာနှိပ်ပါ)

လိင်ဆက်ဆံတယ်ဆိုတာ လူတော်တော်များများအတွက်တော့ ပျော်ရွှင်ကျေနပ်ရတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် နောက်ဆက်တွဲ ကိစ္စလေးတွေ ရှိနေပါသေးတယ်။ လိင်ဆက်ဆံခြင်းဖြင့် ကိုယ်ဝန်ရနိုင်ပြီး ရောဂါပိုးတွေလည်း ကူးစက်နိုင်တဲ့အတွက် ဒါတွေကို ဘယ်လို ကာကွယ်ရမလည်းဆိုတာ သိထားဖို့ အလွန်ပဲ အရေးကြီးလှပါတယ်။

အကာအကွယ်မဲ့ဆက်ဆံခဲ့မိပါက လုပ်သင့်တဲ့အရာများ

အရေးပေါ်သားဆက်ခြားနည်းက အကာအကွယ်မဲ့ဆက်ဆံအပြီး ကိုယ်ဝန်ရမလာအောင် တားဆီးပေးနိုင်ပါတယ်။ ဒီနည်းလမ်းက အချိန်မီနိုင်ဖို့တော့ အလွန်အရေးကြီးပါတယ်။ ဆက်ဆံအပြီး စောလျှင်စွာအသုံးပြုလေ ပိုပြီး ထိရောက်လေဖြစ်ပါတယ်။ အရေးပေါ်သားဆက်ခြားနည်းလမ်း ၂ ခု ရှိပါတယ်။

အရေးပေါ်သားဆက်ခြားသောက်ဆေးနဲ့ သားအိမ်ထဲထည့်ရတဲ့ ကြေးနီ IUD ပစ္စည်းပါ။

အရေးပေါ်သားဆက်ခြားသောက်ဆေးတွေကတော့ မြန်မာနိုင်ငံရဲ့ ဆေးဆိုင်တွေမှာ ရရှိနိုင်ပါတယ်။ ဆေးကို အတူနေပြီး ၅ ရက်အတွင်း သောက်နိုင်တယ်ဆိုပင်မယ့် မြန်မြန်သောက်လေ အာနိသင်ပိုလေဖြစ်တဲ့အတွက် အတူနေပြီး ချက်ခြင်းသောက်ရင် အကောင်းဆုံးနဲ့ အထိရောက်ဆုံးပါပဲ။

(အရေးပေါ်သားဆက်ခြားသောက်ဆေးအကြောင်း ပိုသိလိုလျှင် ဒီမှာနှိပ်ပါ။)

နောက်ထပ်အရေးပေါ်သားဆက်ခြားနည်းလမ်းတစ်ခုကတော့ သားအိမ်တွင်း ကြေးနီ IUD ထည့်သွင်းတာဖြစ်ပြီး ဒီနည်းလမ်းက လူသိနည်းပါတယ်။ အကာအကွယ်မဲ့ဆက်ဆံအပြီး ၅ ရက်အတွင်း သားအိမ်ထဲသို့ ကြေးနီ IUD ကို ဆရာဝန်နှင့် ထည့်သွင်းခဲ့ပါက ကိုယ်ဝန်ရနိုင်ချေကို ရာနှုန်းပြည့် လျှော့ချပေးနိုင်တဲ့အတွက် အလွန်ထိရောက်တဲ့ အရေးပေါ်နည်းလမ်းလို့ ဆိုရမှာပါ။

(ကြေးနီ IUD အကြောင်း သိလိုလျှင် ဒီမှာဖတ်ပါ)

အရေးပေါ်သားဆက်ခြားနည်းလမ်းတွေက ကိုယ်ဝန်ရနိုင်တဲ့ ရာခိုင်နှုန်းကို သိသိသာသာ လျှော့ချပေးနိုင်တာမှန်ပေမယ့် အလုံးစုံ အာမခံချက်မပေးနိုင်ပါဘူး။ မိမိမှာ ကိုယ်ဝန်ရှိနေတယ်လို့ ထင်နေတယ် ရာသီလည်း မလာတော့ဘူးဆိုရင် ဒါဟာ ကိုယ်ဝန်ရှိတဲ့ ပထမဆုံး လက္ခဏာဖြစ်နိုင်ပါတယ်။ ဒါကို သေချာစေဖို့အတွက် ကိုယ်ဝန်စစ်ဆေးတဲ့ ဆီးစစ်တံနဲ့ စစ်ဆေးဖို့ လိုပါတယ်။ ဆီးစစ်တံက နီးစပ်ရာ ဆေးရုံးဆေးခန်းနဲ့ ဆေးဆိုင်တွေမှာ ရရှိနိုင်ပါတယ်။ ကိုယ်ဝန်ရှိတာသေချာပါက မိမိရဲ့ရွေးချယ်နိုင်မှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆွေးနွေးဖို့ သားဖွားမီးယပ်ဆရာဝန်နှင့် ပြသသင့်ပါတယ်။

emergency_contraception_and_unwanted_pregnancy

နောက်ထပ်အရေးပေါ်မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။

လိင်ဆက်ဆံတယ်ဆိုတာ ပူပန်မှုကင်းပြီး ပျော်ရွှင်ရတဲ့ ကိစ္စမျိုးပဲ ဖြစ်သင့်ပါတယ်။ အကာအကွယ်မဲ့ ဆက်ဆံလိုက်မိလို့ မလိုချင်သေးတဲ့ကိုယ်ဝန်ရသွားမှာကို ပူပန်ရတာက သင့်အတွက် ခက်ခဲစေမှာ အမှန်ပါပဲ။ ဒီလိုပူပန်မှုတွေကနေ ကင်းလွတ်ဖို့ကတော့ အတူမနေခင်မှာ ကွန်ဒုံးသုံးမလား၊ သားဆက်ခြားနည်းတွေသုံးမလားဆိုပြီး ကြိုတင်စီစဉ် ရွေးချယ်ထားတာက အကောင်းဆုံးပါပဲ။

အရေးပေါ်နည်းလမ်းတွေက အရေးပေါ်အခြေအနေတွေအတွက် အသုံးဝင်တာမှန်ပေမယ့် ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပြီး ပုံမှန်ဆက်ဆံမှုရှိနေတဲ့ စုံတွဲတွေအတွက်တော့ ဆွဲသုံးမသင့်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။

(သားဆက်ခြားနည်းများရွေးချယ်မှုများလေ့လာလိုလျှင် ဒီကိုနှိပ်ပါ)

အကယ်၍ ကွန်ဒုံးသုံးဖို့ ရွေးချယ်ပါက ကွန်းဒုံးကို နည်းစနစ်မှန်မှန်သုံးတတ်ဖို့ အရေးကြီးပါတယ်။

(ကွန်ဒုံးကို ဘယ်လိုသုံးရမလဲ သိချင်ရင် ဒီမှာဖတ်ပါ)

Ref: https://www.plannedparenthood.org/learn/teens/preventing-pregnancy-stds

http://www.nhs.uk/Livewell/Sexandyoungpeople/Pages/Whensexgoeswrong.aspx

မှတ်ချက်ရေးပါ

ထုတ်ကုန်များ

နေ့စဉ်သားဆက်ခြားသောက်ဆေး၊ အရေးပေါ်သောက်ဆေး၊ သားဆက်ခြားထိုးဆေး အပါအဝင် အမျိုးသားသုံးကွန်ဒုံးများ

ကြည့်ရန်
ဆက်စပ်ပို့စ်များ

ကြင်စဦးတို့ ရွေးချယ်ဖို့ သားဆက်ခြားနည်းလမ်းများ

သိလိုရာမေး ပရိတ်သတ်တွေထဲမှာ သီတင်းကျွတ်မှာ မင်္ဂလာဆောင်မယ့် စုံတွဲတွေရှိလား။ နှစ်ယောက်လက်တွဲဖို့ အဆင်သင့်ဖြစ်လို့ လက်တွဲကြပေမယ့် ကလေးယူဖို့ အဆင်သင့်မဖြစ်သေးတဲ့ စုံတွဲတွေ ရှိနိုင်ပါတယ်။ ဒီအချိန်မှာ ကိုယ်နဲ့ သင့်တော်မယ့် သားဆက်ခြားနည်းလမ်းတွေသုံးပြီး မလိုချင်သေးတဲ့ ကိုယ်ဝန်ကို ကာကွယ်ထားဖို့ လိုအပ်ပါတယ်။

ပိုပြီးဖတ်ပါ

သုတ်လွှတ်စောခြင်းနဲ့ ပတ်သတ်လို့ စုံတွဲတိုင်း သိထားသင့်တဲ့အချက်များ

သုတ်လွှတ်စောတဲ့ ပြသနာက လိင်မှုဘဝတွေနဲ့ စုံတွဲတွေအကြား အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ ဒီပြသနာက အမျိုးသား တော်တော်များများ ဖြစ်လေ့ရှိပြီး ဒါကို အဆုံးသတ်ဖို့ နည်းလမ်းတွေ ရှိပါတယ်။

ပိုပြီးဖတ်ပါ